လီဗာပူးတိုက်စစ်ရဲသုံးဖော်ထက် ဒီရာသီဂိုးပိုသွင်းထားတဲ့ ရက်ရှ်ဖို့ဒ်၊မာရှယ်နဲ့ဂရင်းဝုဒ်
photo-gettyimages
photo-gettyimages
လာမယ့်တနင်္ဂနွေမှာ အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးဟာ အဆင့် ၅ နေရာက မန်ယူကို အိမ်ကွင်းအန်ဖီးလ်ဧည့်ခံကစားမှာပါ။ လီဗာပူးဟာ ကစားခဲ့တဲ့ ၂၁ ပွဲမှာ ၆၁ မှတ်ရယူထားပြီး မန်ယူကတော့ ကစားခဲ့တဲ့ ၂၂ ပွဲမှာ ၃၄ မှတ်သာရခဲ့လို့ သူတို့နှစ်သင်းကြား လက်ရှိကွာဟချက်ကတော့ အထူးပြောစရာလိုမယ် မထင်ပါဘူး။ ဒါပေမဲ့ လီဗာပူးကို မန်ယူသာတာ တစ်ခုတော့ ရှိပါတယ်။ အဲဒါကတော့ ဆာလာ၊မာနီနဲ့ ဖာမီနိုတို့ရဲ့လီဗာပူးတိုက်စစ်ရဲသုံးဖော်ထက် ရက်ရှ်ဖို့ဒ်၊မာရှယ်နဲ့ဂရင်းဝုဒ်တို့ရဲ့မန်ယူတိုက်စစ် ၃ ယောက်က ဒီရာသီဂိုးပိုသွင်းထားတာပါပဲ။
photo-gettyimages
ဆာလာ၊မာနီနဲ့ဖာမီနိုတို့ဟာ ဒီရာသီပြိုင်ပွဲအရပ်ရပ်မှာ လီဗာပူးအတွက် ၃၈ ဂိုးသွင်းထားပါတယ်။ ဒါပေမဲ့ ရက်ရှ်ဖို့ဒ်၊မာရှယ်နဲ့ ဂရင်းဝုဒ်တို့က အခုရာသီမှာ ပြိုင်ပွဲအရပ်ရပ်စုစုပေါင်း ၃၉ ဂိုးရှိထားတာပါ။ ဒီရာသီ လီဗာပူးတိုက်စစ်မှာ ဆာလာက ၁၄ ဂိုး၊ မာနီက ၁၅ ဂိုးနဲ့ ဖာမီနိုက ၉ ဂိုးသွင်းယူထားတာပါ။ မန်ယူတိုက်စစ်မှာတော့ ရက်ရှ်ဖို့ဒ်တစ်ယောက်တည်း ၁၉ ဂိုးသွင်းထားပြီး မာရှယ်က ၁၁ ဂိုးနဲ့ ဂရင်းဝုဒ်က ၉ ဂိုးသွင်းထားပါတယ်။
photo-gettyimages
ဒါကလည်း ရာသီတစ်လျှောက်လုံးမှာ လီဗာပူးက အနိုင်ရလဒ်ကိုထိန်းပြီး ကျဉ်းမြောင်းတဲ့ရလဒ်တွေနဲ့ တောက်လျှောက်နိုင်ခဲ့လို့ ဖြစ်ပါတယ်။ ဒါပေမဲ့ ကွင်းလယ်က ပံ့ပိုးပေးနိုင်တာချင်းယှဉ်ရင်တော့ ဒီအချိန်မှာ မန်ယူဟာ လီဗာပူးရဲ့ပြိုင်ဘက်မဟုတ်လို့ ရက်ရှ်ဖု့ိဒ်၊မာရှယ်နဲ့ဂရင်းဝုဒ်တို့ရဲ့ဂိုးသွင်းအားဟာ အထင်ကြီးစရာကောင်းပါတယ်။ ဒါ့အပြင် မန်ယူတိုက်စစ်ဟာ ငယ်ရွယ်သေးပြီး ပိုပြီးတောက်ပတဲ့အနာဂတ်ရှိနေတဲ့ လက္ခဏာတစ်ခုလည်း ဖြစ်ပါတယ်။
[Zawgyi]