လီဗာပူးဂန္ထဝင် ၂ဦး၊ ယူနိုက်တက်ဂန္ထဝင် ၁ဦးတို့ရဲ့သုံးသပ်ချက်

Photo Credit

Photo Credit

လီဗာပူးအသင်းဂန္ထဝင်နောက်ခံလူ ကာရေဂါက ယူနိုက်တက်နဲ့လီဗာပူးတို့ ၁-၁ ဂိုးသရေကျခဲ့တဲ့ပွဲမှာ ပထမပိုင်းအတွင်း အငြင်းပွားဖွယ်ဆုံးဖြတ်ချက်တွေအရ VAR ကအကောင်းဆုံးဆိုတာ သက်သေပြသနေကြောင်းနဲ့ ဒီအတွက်ကြောင့်ပဲ နည်းပညာကို ဘောလုံးပွဲတွေမှာ ထည့်သွင်းအသုံးပြုနေရခြင်းဖြစ်ကြောင်း ဆိုပါတယ်။

Photo Credit ; Sky Sports

လီဗာပူးဟာ VAR နဲ့အဆုံးအဖြတ်ခံယူတဲ့ ၂ကြိမ်စလုံး အောင်မြင်မှုမရခဲ့ဘဲ VAR က ယူနိုက်တက်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ရဲ့ဦးဆောင်ဂိုးကို ခွင့်ပြုခဲ့သလို လီဗာပူးတိုက်စစ်မှူး ဆာဒီယိုမာနေးရဲ့ချေပဂိုးကိုလည်း လက်ထိဘောအဖြစ် သတ်မှတ်ကာ ဂိုးအဖြစ် ခွင့်မပြုခဲ့ပါဘူး။

Photo Credit

စည်းမျဉ်းသစ်အရ ဘယ်လိုပဲလက်ထိဘောဖြစ်ဖြစ် ပြစ်ဒဏ်ဘောသတ်မှတ်ရမှာဖြစ်လို့ VAR ရဲ့အဲဒီဆုံးဖြတ်ချက် မှန်ကန်တယ်လို့ ယူဆရမှာဖြစ်ပေမယ့် ယူနိုက်တက်ရဲ့ဂိုးအတွက် Build-up လုပ်ရာမှာ အိုရီဂီကို လင်ဒီလော့ဖ် ဥပဒေပကစားသလိုဖြစ်ခဲ့တာကတော့ လီဗာပူးပရိသတ်တွေအတွက် ခံရခက်စေခဲ့ပါတယ်။

Photo Credit

”ဒီအချိန်မှာ VAR က အကောင်းဆုံးပါ။ မာနေးရဲ့သွင်းဂိုးကလည်း ဂိုးအဖြစ် ခွင့်မပြုသင့်ပါဘူး။ ယူနိုက်တက်ရဲ့ဂိုးနဲ့ပတ်သက်လို့ ပြောစရာတွေ၊ အငြင်းပွားစရာတွေ အများကြီးရှိတာမှန်ပေမယ့် အဲဒီအတွက်ကြောင့်ပဲ VAR ကို အသုံးပြုခဲ့တာပါ”လို့ စကိုင်းစပို့တ်သတင်းဌာနမှာ ဘောလုံးရေးရာကျွမ်းကျင်သူအဖြစ် ဆောင်ရွက်နေတဲ့ကာရေဂါက ဆိုပါတယ်။

Photo Credit

လီဗာပူးအသင်းခေါင်းဆောင်ဟောင်း ဂရေမီဆောင်းနက်စ်ကတော့ ရက်ရှ်ဖို့ဒ်ရဲ့ဦးဆောင်ဂိုးကို ခွင့်မပြုသင့်ဘူးလို့ သူ့အမြင်ကို ဆိုပါတယ်။ ”လင်ဒီလော့ဖ်က အိုရီဂီကို တားဆီးခဲ့တယ်လို့ ထင်ပါတယ်။ သူဟာ အိုရီဂီရဲ့ခြေထောက်အတွင်းပိုင်းထဲ ဖျက်ထုတ်ခဲ့တာဖြစ်ပြီး ဒါက ပြစ်ဒဏ်ဘောပါ”

Photo Credit

”ပြီးတော့ မာတစ်လည်း ဒီထက်ပိုကောင်းကောင်းကာကွယ်နိုင်ခဲ့သင့်ပါတယ်။ လင်ဒီလော့ဖ်က နောက်ကနေ တားဆီးတာဖြစ်လို့ သူ့ရဲ့ဖျက်ထုတ်မှုဘယ်လိုပဲဖြစ်ဖြစ် ပြစ်ဒဏ်ဘောသတ်မှတ်ရမှာပါ”လို့ ဆောင်းနက်စ်က ဆိုပါတယ်။ ယူနိုက်တက်အသင်းခေါင်းဆောင် ရွိုင်ကိန်းက ကံကြမ္မာက သူ့အသင်းဟောင်းဘက် ရှိနေတယ်ဆိုတာ လက်သင့်ခံပေမယ့် ပထမပိုင်းကစားပုံအရ သရေတစ်မှတ်နဲ့ထိုက်တန်မှုရှိကြောင်း ဆိုပါတယ်။

Photo Credit

”မာနေးရဲ့လက်က ဘောလုံးနဲ့ထိခဲ့တာပါ။ တစ်ခါတလေ ကံကြမ္မာက ကိုယ့်ဘက်ရှိဖို့လိုအပ်ပေမယ့် ယူနိုက်တက်အနေနဲ့ ထိုက်တန်တဲ့သရေတစ်မှတ်ရယူနိုင်ခဲ့တာလို့ ထင်ပါတယ်”လို့ ကွင်းလယ်လူဟောင်း ရွိုင်ကိန်းက ဆိုပါတယ်။

Photo Credit

Zawgyi

လီဗာပူးဂႏၳဝင္ ၂ဦး၊ ယူႏိုက္တက္ဂႏၳဝင္ ၁ဦးတို႔ရဲ႕သုံးသပ္ခ်က္

လီဗာပူးအသင္းဂႏၳဝင္ေနာက္ခံလူ ကာေရဂါက ယူႏိုက္တက္နဲ႔လီဗာပူးတို႔ ၁-၁ ဂိုးသေရက်ခဲ့တဲ့ပြဲမွာ ပထမပိုင္းအတြင္း အျငင္းပြားဖြယ္ဆုံးျဖတ္ခ်က္ေတြအရ VAR ကအေကာင္းဆုံးဆိုတာ သက္ေသျပသေနေၾကာင္းနဲ႔ ဒီအတြက္ေၾကာင့္ပဲ နည္းပညာကို ေဘာလုံးပြဲေတြမွာ ထည့္သြင္းအသုံးျပဳေနရျခင္းျဖစ္ေၾကာင္း ဆိုပါတယ္။
လီဗာပူးဟာ VAR နဲ႔အဆုံးအျဖတ္ခံယူတဲ့ ၂ႀကိမ္စလုံး ေအာင္ျမင္မႈမရခဲ့ဘဲ VAR က ယူႏိုက္တက္တိုက္စစ္မႉး ရက္ရွ္ဖို႔ဒ္ရဲ႕ဦးေဆာင္ဂိုးကို ခြင့္ျပဳခဲ့သလို လီဗာပူးတိုက္စစ္မႉး ဆာဒီယိုမာေနးရဲ႕ေခ်ပဂိုးကိုလည္း လက္ထိေဘာအျဖစ္ သတ္မွတ္ကာ ဂိုးအျဖစ္ ခြင့္မျပဳခဲ့ပါဘူး။
စည္းမ်ဥ္းသစ္အရ ဘယ္လိုပဲလက္ထိေဘာျဖစ္ျဖစ္ ျပစ္ဒဏ္ေဘာသတ္မွတ္ရမွာျဖစ္လို႔ VAR ရဲ႕အဲဒီဆုံးျဖတ္ခ်က္ မွန္ကန္တယ္လို႔ ယူဆရမွာျဖစ္ေပမယ့္ ယူႏိုက္တက္ရဲ႕ဂိုးအတြက္ Build-up လုပ္ရာမွာ အိုရီဂီကို လင္ဒီေလာ့ဖ္ ဥပေဒပကစားသလိုျဖစ္ခဲ့တာကေတာ့ လီဗာပူးပရိသတ္ေတြအတြက္ ခံရခက္ေစခဲ့ပါတယ္။
”ဒီအခ်ိန္မွာ VAR က အေကာင္းဆုံးပါ။ မာေနးရဲ႕သြင္းဂိုးကလည္း ဂိုးအျဖစ္ ခြင့္မျပဳသင့္ပါဘူး။ ယူႏိုက္တက္ရဲ႕ဂိုးနဲ႔ပတ္သက္လို႔ ေျပာစရာေတြ၊ အျငင္းပြားစရာေတြ အမ်ားႀကီးရွိတာမွန္ေပမယ့္ အဲဒီအတြက္ေၾကာင့္ပဲ VAR ကို အသုံးျပဳခဲ့တာပါ”လို႔ စကိုင္းစပို႔တ္သတင္းဌာနမွာ ေဘာလုံးေရးရာကြၽမ္းက်င္သူအျဖစ္ ေဆာင္႐ြက္ေနတဲ့ကာေရဂါက ဆိုပါတယ္။
လီဗာပူးအသင္းေခါင္းေဆာင္ေဟာင္း ဂေရမီေဆာင္းနက္စ္ကေတာ့ ရက္ရွ္ဖို႔ဒ္ရဲ႕ဦးေဆာင္ဂိုးကို ခြင့္မျပဳသင့္ဘူးလို႔ သူ႔အျမင္ကို ဆိုပါတယ္။ ”လင္ဒီေလာ့ဖ္က အိုရီဂီကို တားဆီးခဲ့တယ္လို႔ ထင္ပါတယ္။ သူဟာ အိုရီဂီရဲ႕ေျခေထာက္အတြင္းပိုင္းထဲ ဖ်က္ထုတ္ခဲ့တာျဖစ္ၿပီး ဒါက ျပစ္ဒဏ္ေဘာပါ”
”ၿပီးေတာ့ မာတစ္လည္း ဒီထက္ပိုေကာင္းေကာင္းကာကြယ္ႏိုင္ခဲ့သင့္ပါတယ္။ လင္ဒီေလာ့ဖ္က ေနာက္ကေန တားဆီးတာျဖစ္လို႔ သူ႔ရဲ႕ဖ်က္ထုတ္မႈဘယ္လိုပဲျဖစ္ျဖစ္ ျပစ္ဒဏ္ေဘာသတ္မွတ္ရမွာပါ”လို႔ ေဆာင္းနက္စ္က ဆိုပါတယ္။ ယူႏိုက္တက္အသင္းေခါင္းေဆာင္ ႐ြိဳင္ကိန္းက ကံၾကမၼာက သူ႔အသင္းေဟာင္းဘက္ ရွိေနတယ္ဆိုတာ လက္သင့္ခံေပမယ့္ ပထမပိုင္းကစားပုံအရ သေရတစ္မွတ္နဲ႔ထိုက္တန္မႈရွိေၾကာင္း ဆိုပါတယ္။
”မာေနးရဲ႕လက္က ေဘာလုံးနဲ႔ထိခဲ့တာပါ။ တစ္ခါတေလ ကံၾကမၼာက ကိုယ့္ဘက္ရွိဖို႔လိုအပ္ေပမယ့္ ယူႏိုက္တက္အေနနဲ႔ ထိုက္တန္တဲ့သေရတစ္မွတ္ရယူႏိုင္ခဲ့တာလို႔ ထင္ပါတယ္”လို႔ ကြင္းလယ္လူေဟာင္း ႐ြိဳင္ကိန္းက ဆိုပါတယ္။