လီဗာပူးကို လိုက်မီနိုင်မလားဆိုတာ မသိဘူးလို့ ဂွာဒီယိုလာပြော

Photo- Internet
PC ; Internet

မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက အမှတ်ပေးဇယားမှာထိပ်ဆုံးကနေဦးဆောင်နေတဲ့ လီဗာပူးနဲ့ ၉ မှကွာဟသွားမှုကို လိုက်မီနိုင်မလားဆိုတာ သူမသိတော့ဘူးလို့ ပြောလိုက်ပါတယ်။ မန်စီးတီးဟာ မနေ့တုန်းက အန်ဖီးလ်ကွင်းမှာ လီဗာပူးကို ၃-၁ နဲ့ရှုံးနိမ့်ခဲ့တာပါ။

ဒီအရှုံးကြောင့် မန်စီးတီးဟာ လီဗာပူးနဲ့ ၉ မှတ်ကွာဟာပြီး အဆင့် ၄ နေရာအထိကျဆင်းသွားခဲ့ပါတယ်။ လက်ရှိမှာ လက်စတာက ဒုတိယနဲ့ ချဲလ်ဆီးက တတိယနေရာတို့မှာ ရှိနေပြီး ၂ သင်းစလုံး ၂၆ မှတ်စီရထားကြပါတယ်။ လီဗာပူးက ၃၄ မှတ်ရထားပြီး မန်စီးတီးကတော့ ၂၅ မှတ်သာရရှိထားပါသေးတယ်။

Photo- Internet

မန်စီးတီးဟာ ဒီရာသီပရီးမီးယားလိဂ်မှာ ဗိုလ်စွဲခဲ့မယ်ဆိုရင် ၂၀၀၉ နောက်ပိုင်းမှာ ၃ ကြိမ်ဆက်ဗိုလ်စွဲတဲ့ ပထမဆုံးအသင်းဖြစ်လာမှာပါ။ ၃ ကြိမ်ဆက်ဗိုလ်စွဲထားတဲ့ နောက်ဆုံးအသင်းကတော့ မန်ယူဖြစ်ပါတယ်။ လက်ရှိအမှတ်ကွာဟမှုအရ လီဗာပူးကို လိုက်မီဖို့ခက်ခဲသွားပြီလို့ သုံးသပ်နေကြသလို ဂွာဒီယိုလာကလည်း သူမသိသေးဘူးလို့ ဝန်ခံခဲ့ပါတယ်။

Photo- Internet

သူက”ကျွန်တော်က မှော်ဆရမဟုတ်လို့ အနာဂတ်ကိုကြိုမသိနိုင်ပါဘူး။ နောက်ပွဲစဉ်က ချဲလ်ဆီးဖြစ်ပြီးသူတို့ကိုအနိုင်ရဖို့ ကြိုးစားသွားမှာပါ။ လက်ရှိမှာ လီဗာပူးနဲ့ ၉ မှတ်ကွာဟသွားလို့ သူတို့ကိုလိုက်မီ မလားဆိုတာ  ကျွန်တော်ကိုယ်တိုင်လည်း မသိသေးပါဘူး။ ပွဲတိုင်းကို အနိုင်ရဖို့ အာရုံစိုက်တာကသာ အကောင်းဆုံးဖြစ်မှာပါ” လို့ ပြောခဲ့ပါတယ်။

Photo- Internet

ဒီပွဲမှာ မန်စီးတီးဟာ ပင်နယ်တီ ၂ ကြိမ်ရသင့်တဲ့ အခြေအနေရှိခဲ့ပေမယ့် မရခဲ့လို့ ဂွာဒီယိုလာက ဒေါသထွက်နေတယ်လို့လည်း သိရပါတယ်။ အထူးသဖြင့် ဖာဘင်ဟိုဂိုးမသွင်းမီမှာ အာနိုးက လက်ထိဘောဖြစ်ခဲ့တာကို ဒိုင်ကဆက်ကစားစေခဲ့တာက အလှည့်အပြောင်းဖြစ်ခဲ့ပါတယ်။

Photo ; Internet

Zawgyi

လီဗာပူးကို လိုက္မီႏိုင္မလားဆိုတာ မသိဘူးလို႔ ဂြာဒီယိုလာေျပာ

မန္စီးတီးအသင္းနည္းျပ ဂြာဒီယိုလာက အမွတ္ေပးဇယားမွာထိပ္ဆုံးကေနဦးေဆာင္ေနတဲ႔ လီဗာပူးနဲ႔ ၉ မွကြာဟသြားမႈကို လိုက္မီႏိုင္မလားဆိုတာ သူမသိေတာ႔ဘူးလို႔ ေျပာလိုက္ပါတယ္။ မန္စီးတီးဟာ မေန႔တုနး္က အန္ဖီးလ္ကြင္းမွာ လီဗာပူးကို ၃-၁ နဲ႔ရႈံးနိမ့္ခဲ့တာပါ။

ဒီအရႈံးေၾကာင့္ မန္စီးတီးဟာ လီဗာပူးနဲ႔ ၉ မွတ္ကြာဟာၿပီး အဆင့္ ၄ ေနရာအထိက်ဆင္းသြားခဲ့ပါတယ္။ လက္ရွိမွာ လက္စတာက ဒုတိယနဲ႔ ခ်ဲလ္ဆီးက တတိယေနရာတို႔မွာ ရွိေနၿပီး ၂ သင္းစလုံး ၂၆ မွတ္စီရထားၾကပါတယ္။ လီဗာပူးက ၃၄ မွတ္ရထားၿပီး မန္စီးတီးကေတာ႔ ၂၅ မွတ္သာရရွိထားပါေသးတယ္။

မန္စီးတီးဟာ ဒီရာသီပရီးမီးယားလိဂ္မွာ ဗိုလ္စြဲခဲ့မယ္ဆိုရင္ ၂၀၀၉ ေနာက္ပိုင္းမွာ ၃ ႀကိမ္ဆက္ဗုိလ္စြဲတဲ႔ ပထမဆုံးအသင္းျဖစ္လာမွာပါ။ ၃ ႀကိမ္ဆက္ဗိုလ္စြဲထားတဲ႔ ေနာက္ဆုံးအသင္းကေတာ႔ မန္ယူျဖစ္ပါတယ္။ လက္ရွိအမွတ္ကြာဟမႈအရ လီဗာပူးကို လိုက္မီဖို႔ခက္ခဲသြားၿပီလို႔ သုံးသပ္ေနၾကသလို ဂြာဒီယုိလာကလည္း သူမသိေသးဘူးလို႔ ၀န္ခံခဲ့ပါတယ္။

သူက”က်ြန္ေတာ္က ေမွာ္ဆရမဟုတ္လို႔ အနာဂတ္ကိုႀကိဳမသိႏိုင္ပါဘူး။ ေနာက္ပြဲစဥ္က ခ်ဲလ္ဆီးျဖစ္ၿပီးသူတို႔ကိုအႏိုင္ရဖို႔ ႀကိဳးစားသြားမွာပါ။ လက္ရွိမွာ လီဗာပူးနဲ႔ ၉ မွတ္ကြာဟသြားလို႔ သူတို႔ကိုလုိက္မီ မလားဆိုတာ  က်ြန္ေတာ္ကိုယ္တိုင္လည္း မသိေသးပါဘူး။ ပြဲတိုင္းကို အႏိုင္ရဖို႔ အာရုံစိုက္တာကသာ အေကာင္းဆုံးျဖစ္မွာပါ” လို႔ ေျပာခဲ့ပါတယ္။

ဒီပြဲမွာ မန္စီးတီးဟာ ပင္နယ္တီ ၂ ႀကိမ္ရသင့္တဲ႔ အေျခအေနရွိခဲ့ေပမယ္႔ မရခဲ့လို႔ ဂြာဒီယိုလာက ေဒါသထြက္ေနတယ္လို႔လည္း သိရပါတယ္။ အထူးသျဖင့္ ဖာဘင္ဟိုဂိုးမသြင္းမီမွာ အာႏိုးက လက္ထိေဘာျဖစ္ခဲ့တာကို ဒိုင္ကဆက္ကစားေစခဲ့တာက အလွည့္အေျပာင္းျဖစ္ခဲ့ပါတယ္။