လိဒ်စ် နဲ့ ပွဲစဉ်ကို ဘယ်သရဲနီတွေ လွဲချော်မလဲ

လက်ရှိ အချိန်မှာတော့ ယူနိုက်တက် အသင်းဟာ ပုံစံကောင်းတွေ ရရှိနေခဲ့ပြီး ကမ္ဘာ့ ဖလား ပြိုင်ပွဲ ပြီးဆုံးသွားတဲ့နောက်

တစ်ပွဲ သရေ ၊ တစ်ပွဲ ရှုံးက လွဲရင် ပွဲစဉ်တိုင်းကို ဆက်တိုက် အနိုင် ကစားထားနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။

အခုလို ပွဲဆက် ကစားရတဲ့ အချိန်မျိုးမှာ ယူနိုက်တက်တို့ဟာ ဒဏ်ရာပြဿနာတွေလည်း ကြုံတွေ့လာခဲ့ရပါတယ်။

အခုတော့ ယူနိုက်တက်တို့ဟာ လိဒ်စ်နဲ့ ပွဲစဉ်အတွက် ကစားသမား များစွာကို ဆုံးရှုံးသွားရဖို့ ရှိနေပြီး

အဲ့ဒီထဲမှာတော့ အဓိက ကစားသမား အချို့လည်း ပါဝင်နေခဲ့ကြပါတယ် ။

အိုးထရက်ဖို့ဒ်ကွင်းမှာ ယှဉ်ပြိုင်သွားမယ့် ယူနိုက်တက်အသင်းနဲ့ လိဒ်စ်ယူနိုက်တက်အသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို လွဲချော်မယ့်

ကစားသမား(၃)ဦး ရှိနေတယ်လို့ ယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ်က ပြောကြားသွားခဲ့ပါတယ်။

လိဒ်စ်ပွဲစဉ်နဲ့ ပတ်သက်ပြီး နည်းပြတန်ဟတ်က “မာရှယ်နဲ့ တွမ်မီနေး သူတို့နှစ်ယောက်စလုံး လိဒ်စ်နဲ့ပွဲကို မပါဝင်နိုင်ပါဘူး။

အန်တိုနီလည်း အတူတူပါပဲ။ သူလည်း ပါဝင်နိုင်မှာ မဟုတ်လို့ အဲဒီ အနေအထားတွေနဲ့ ပတ်သက်ပြီး ဖြေရှင်းသွားဖို့ လိုအပ်ပါမယ်” လို့ အတည်ပြုပြောဆိုပါတယ်။

ဒါကြောင့် လက်ရှိ ယူနိုက်တက်အသင်း ကွင်းလယ်ပိုင်းမှာ ဖာနန်ဒက်စ်၊ ဖရက်ဒ်နဲ့ ဆာဘစ်ဇာတို့သာ ကျန်ရှိနေတော့တဲ့အတွက်

တန်ဟတ်က ခံစစ်မှူး လင်ဒီလော့ဒ်ကို ကွင်းလယ်ခံစစ်နေရာ အသုံးပြုလာဖွယ် ရှိနိုင်ပါတယ်။

အန်တိုနီ ဒဏ်ရာရနေပေမယ့် နောက်ထပ် တောင်ပံကစားသမားဖြစ်သူ ဂျေဒန်ဆန်ချိုက အသင်းအတွက်

ပြန်လည် ကစားနိုင်ပြီဖြစ်လို့ ဒါက ယူနိုက်တက်အတွက် သတင်းကောင်း ဖြစ်လာနိုင်ပါတယ်။

zawgyi

လိဒ္စ္ နဲ႔ ပြဲစဥ္ကို ဘယ္သရဲနီေတြ လြဲေခ်ာ္မလဲ

လက္ရွိ အခ်ိန္မွာေတာ့ ယူႏိုက္တက္ အသင္းဟာ ပုံစံေကာင္းေတြ ရရွိေနခဲ့ၿပီး ကမာၻ႔ ဖလား ၿပိဳင္ပြဲ ၿပီးဆုံးသြားတဲ့ေနာက္

တစ္ပြဲ သေရ ၊ တစ္ပြဲ ရႈံးက လြဲရင္ ပြဲစဥ္တိုင္းကို ဆက္တိုက္ အႏိုင္ ကစားထားႏိုင္ခဲ့တာပဲ ျဖစ္ပါတယ္ ။

အခုလို ပြဲဆက္ ကစားရတဲ့ အခ်ိန္မ်ိဳးမွာ ယူႏိုက္တက္တို႔ဟာ ဒဏ္ရာျပႆနာေတြလည္း ႀကဳံေတြ႕လာခဲ့ရပါတယ္ ။

အခုေတာ့ ယူႏိုက္တက္တို႔ဟာ လိဒ္စ္နဲ႔ ပြဲစဥ္အတြက္ ကစားသမား မ်ားစြာကို ဆုံးရႈံးသြားရဖို႔ ရွိေနၿပီး

အဲ့ဒီထဲမွာေတာ့ အဓိက ကစားသမား အခ်ိဳ႕လည္း ပါဝင္ေနခဲ့ၾကပါတယ္ ။

အိုးထရက္ဖို႔ဒ္ကြင္းမွာ ယွဥ္ၿပိဳင္သြားမယ့္ ယူႏိုက္တက္အသင္းနဲ႔ လိဒ္စ္ယူႏိုက္တက္အသင္းတို႔ရဲ႕ ပရီးမီးယားလိဂ္ပြဲစဥ္ကို လြဲေခ်ာ္မယ့္

ကစားသမား(၃)ဦး ရွိေနတယ္လို႔ ယူႏိုက္တက္နည္းျပ အဲရစ္တန္ဟတ္က ေျပာၾကားသြားခဲ့ပါတယ္။

လိဒ္စ္ပြဲစဥ္နဲ႔ ပတ္သက္ၿပီး နည္းျပတန္ဟတ္က “မာရွယ္နဲ႔ တြမ္မီေနး သူတို႔ႏွစ္ေယာက္စလုံး လိဒ္စ္နဲ႔ပြဲကို မပါဝင္ႏိုင္ပါဘူး။

အန္တိုနီလည္း အတူတူပါပဲ။ သူလည္း ပါဝင္ႏိုင္မွာ မဟုတ္လို႔ အဲဒီ အေနအထားေတြနဲ႔ ပတ္သက္ၿပီး ေျဖရွင္းသြားဖို႔ လိုအပ္ပါမယ္” လို႔ အတည္ျပဳေျပာဆိုပါတယ္။

ဒါေၾကာင့္ လက္ရွိ ယူႏိုက္တက္အသင္း ကြင္းလယ္ပိုင္းမွာ ဖာနန္ဒက္စ္၊ ဖရက္ဒ္နဲ႔ ဆာဘစ္ဇာတို႔သာ က်န္ရွိေနေတာ့တဲ့အတြက္

တန္ဟတ္က ခံစစ္မႉး လင္ဒီေလာ့ဒ္ကို ကြင္းလယ္ခံစစ္ေနရာ အသုံးျပဳလာဖြယ္ ရွိႏိုင္ပါတယ္။

အန္တိုနီ ဒဏ္ရာရေနေပမယ့္ ေနာက္ထပ္ ေတာင္ပံကစားသမားျဖစ္သူ ေဂ်ဒန္ဆန္ခ်ိဳက အသင္းအတြက္

ျပန္လည္ ကစားႏိုင္ၿပီျဖစ္လို႔ ဒါက ယူႏိုက္တက္အတြက္ သတင္းေကာင္း ျဖစ္လာႏိုင္ပါတယ္။