လိဂ်ရှုံးပွဲဆက်နေပေမယ့် မန်ယူရဲ့အခြေအနေကိုပြောင်းလဲနိုင်မယ်လို့ ယုံကြည်နေဆဲ ဆိုးလ်ရှား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

နောက်ဆုံးကစားခဲ့တဲ့ပရီးမီးယားလိဂ် ၆ ပွဲမှာ ၄ ပွဲမြောက်အရှုံးနဲ့ကြုံတွေ့ခဲ့ရပေမယ့်လည်း ဆိုးလ်ရှားက သူ့အနေနဲ့ မန်ယူရဲ့အခြေအနေကို ပြောင်းလဲနိုင်မယ်လို့ ယုံကြည်နေဆဲဖြစ်ကြောင်း အခိုင်အမာပြောကြားလိုက်ပါတယ်။

အိုးလ်ထရက်ဖို့ဒ်မှာ မြို့ခံပြိုင်ဘက်မန်စီးတီးရဲ့အလွယ်တကူအနိုင်ယူခြင်းကို ခံခဲ့ရပြီးနောက် မန်ယူက ထိပ်ဆုံးက ချဲလ်ဆီးနဲ့ ၉ မှတ်ကွာသွားပါတယ်။

ယူနိုက်တက်ဟာ နောက်ဆုံးပရီးမီးယားလိဂ်အိမ်ကွင်း ၂ ပွဲမှာ ခါးသီးပြိုင်ဘက်တွေဖြစ်တဲ့ လီဗာပူးနဲ့ မန်စီးတီးတို့ကို နှစ်ပွဲပေါင်း ၇-၀ နဲ့ ရှုံးနိမ့်ခဲ့တာပါ။

အဲဒါကြောင့်လည်း ဆိုးလ်ရှားအပေါ်မှာ ဖိအားတွေပိုမိုကြီးမားလာခဲ့ပေမယ့် အသင်းတာဝန်ရှိသူတွေဘက်က လှုပ်ရှားတာမျိုး မရှိသေးပါဘူး။

မန်စီးတီးကိုရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာလည်း ဥမင်ထဲကို သူမရောက်ခင်မှာ မန်ယူပရိသတ်အချို့က ဆိုးလ်ရှားကို လှောင်ပြောင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

မန်ယူရဲ့ဒီရာသီအခြေအနေကို သူပြောင်းလဲပေးနိုင်တယ်လို့ ခံစားနေရဆဲလားလို့ မေးမြန်းတော့ ဆိုးလ်ရှားက

”သေချာပေါက်ပေါ့ဗျာ။ ကျွန်တော်တို့ရှိသင့်တဲ့နေရာကို ပြန်သွားရမှာပါ။

စပါးနဲ့ပွဲတုန်းက ရလဒ်နဲ့ခြေစွမ်းကောင်းခဲ့ပေမယ့် ဒီကနေ့ အဲဒီလိုမဟုတ်ပါဘူး။

ခြေတစ်လှမ်းနောက်ပြန်ဆုတ်သလို ဖြစ်သွားတာပါ”လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဒါ့အပြင် ဆိုးလ်ရှားက”ကလပ်နဲ့ကျွန်တော့်ရဲ့ဆက်ဆံရေးက တစ်ချိန်လုံးကောင်းပါတယ်။

ပွင့်ပွင့်လင်းလင်းလည်း ရှိကြတယ်။

မန်ယူအတွက် ကျွန်တော်အလုပ်လုပ်နေပြီး မန်ယူအတွက် အကောင်းဆုံးပဲ ကျွန်တော်လိုချင်တာပါ။

ဒီမှာရှိနေသမျှ ကာလပတ်လုံး အဲဒီဟာကို ကျွန်တော်တိုးတက်စေချင်တာပါ”လို့ Sky Sports ရုပ်သံကို ပြောကြားခဲ့ပါတယ်။

အခုဆိုရင် ပရီးမီးယားလိဂ်ခေတ်မှာ မန်ယူရဲ့အိမ်ကွင်းရှုံးပွဲ ၂၁ ရာခိုင်နှုန်းက ဆိုးလ်ရှားလက်ထက်မှာ ဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

လိဂ္ရႈံးပြဲဆက္ေနေပမယ့္ မန္ယူရဲ႕အေျခအေနကိုေျပာင္းလဲႏိုင္မယ္လို႔ ယုံၾကည္ေနဆဲ ဆိုးလ္ရွား

ေနာက္ဆုံးကစားခဲ့တဲ့ပရီးမီးယားလိဂ္ ၆ ပြဲမွာ ၄ ပြဲေျမာက္အရႈံးနဲ႔ႀကဳံေတြ႕ခဲ့ရေပမယ့္လည္း ဆိုးလ္ရွားက သူ႔အေနနဲ႔ မန္ယူရဲ႕အေျခအေနကို ေျပာင္းလဲႏိုင္မယ္လို႔ ယုံၾကည္ေနဆဲျဖစ္ေၾကာင္း အခိုင္အမာေျပာၾကားလိုက္ပါတယ္။
အိုးလ္ထရက္ဖို႔ဒ္မွာ ၿမိဳ႕ခံၿပိဳင္ဘက္မန္စီးတီးရဲ႕အလြယ္တကူအႏိုင္ယူျခင္းကို ခံခဲ့ရၿပီးေနာက္ မန္ယူက ထိပ္ဆုံးက ခ်ဲလ္ဆီးနဲ႔ ၉ မွတ္ကြာသြားပါတယ္။

ယူႏိုက္တက္ဟာ ေနာက္ဆုံးပရီးမီးယားလိဂ္အိမ္ကြင္း ၂ ပြဲမွာ ခါးသီးၿပိဳင္ဘက္ေတြျဖစ္တဲ့ လီဗာပူးနဲ႔ မန္စီးတီးတို႔ကို ႏွစ္ပြဲေပါင္း ၇-၀ နဲ႔ ရႈံးနိမ့္ခဲ့တာပါ။

အဲဒါေၾကာင့္လည္း ဆိုးလ္ရွားအေပၚမွာ ဖိအားေတြပိုမိုႀကီးမားလာခဲ့ေပမယ့္ အသင္းတာဝန္ရွိသူေတြဘက္က လႈပ္ရွားတာမ်ိဳး မရွိေသးပါဘူး။

မန္စီးတီးကိုရႈံးနိမ့္ခဲ့တဲ့ပြဲအၿပီးမွာလည္း ဥမင္ထဲကို သူမေရာက္ခင္မွာ မန္ယူပရိသတ္အခ်ိဳ႕က ဆိုးလ္ရွားကို ေလွာင္ေျပာင္မႈေတြ ျပဳလုပ္ခဲ့ပါတယ္။

မန္ယူရဲ႕ဒီရာသီအေျခအေနကို သူေျပာင္းလဲေပးႏိုင္တယ္လို႔ ခံစားေနရဆဲလားလို႔ ေမးျမန္းေတာ့ ဆိုးလ္ရွားက”ေသခ်ာေပါက္ေပါ့ဗ်ာ။ ကြၽန္ေတာ္တို႔ရွိသင့္တဲ့ေနရာကို ျပန္သြားရမွာပါ။ စပါးနဲ႔ပြဲတုန္းက ရလဒ္နဲ႔ေျခစြမ္းေကာင္းခဲ့ေပမယ့္ ဒီကေန႔ အဲဒီလိုမဟုတ္ပါဘူး။ ေျခတစ္လွမ္းေနာက္ျပန္ဆုတ္သလို ျဖစ္သြားတာပါ”လို႔ ျပန္လည္ေျဖၾကားခဲ့ပါတယ္။

ဒါ့အျပင္ ဆိုးလ္ရွားက”ကလပ္နဲ႔ကြၽန္ေတာ့္ရဲ႕ဆက္ဆံေရးက တစ္ခ်ိန္လုံးေကာင္းပါတယ္။ ပြင့္ပြင့္လင္းလင္းလည္း ရွိၾကတယ္။ မန္ယူအတြက္ ကြၽန္ေတာ္အလုပ္လုပ္ေနၿပီး မန္ယူအတြက္ အေကာင္းဆုံးပဲ ကြၽန္ေတာ္လိုခ်င္တာပါ။ ဒီမွာရွိေနသမွ် ကာလပတ္လုံး အဲဒီဟာကို ကြၽန္ေတာ္တိုးတက္ေစခ်င္တာပါ”လို႔ Sky Sports ႐ုပ္သံကို ေျပာၾကားခဲ့ပါတယ္။

အခုဆိုရင္ ပရီးမီးယားလိဂ္ေခတ္မွာ မန္ယူရဲ႕အိမ္ကြင္းရႈံးပြဲ ၂၁ ရာခိုင္ႏႈန္းက ဆိုးလ္ရွားလက္ထက္မွာ ျဖစ္ပါတယ္။