လာမယ့်ခရစ္စမတ်ကာလကို ထောင်ထဲမှာဖြတ်သန်းရဖို့ရှိနေတဲ့ မန်စီးတီးနောက်ခံလူမန်ဒီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မုဒိမ်းမှုကျူးလွန်ခဲ့တယ်ဆိုတဲ့စွဲချက်နဲ့ တရားရင်ဆိုင်နေရသူ မန်စီးတီးနောက်ခံလူမန်ဒီဟာ လာမယ့်ခရစ္စမတ်ကာလကို ထောင်ထဲမှာဖြတ်သန်းရမယ့်အရေးနဲ့ရင်ဆိုင်နေရပါပြီ။

အသက်(၂၇)နှစ်အရွယ်ရှိပြီဖြစ်သူ ပြင်သစ်ကစားသမားမန်ဒီဟာ ပြီးခဲ့တဲ့နှစ်၊ အောက်တိုဘာလကနေ အခုနှစ်၊သြဂုတ်လအတွင်း ချက်စ်ရှိုင်းယားမြို့၊ Prestbury မှာရှိတဲ့သူ့နေအိမ်မှာ

အသက်(၁၆)နှစ်ကျော်မိန်းကလေးနဲ့ အသက်(၁၈)နှစ်အထက်အမျိုးသမီးတွေကို မုဒိမ်းမှုကျူးလွန်ခဲ့တယ်ဆိုတဲ့စွဲချက်နဲ့ နိုဝင်ဘာလတုန်းကဖမ်းဆီးခံခဲ့ရပြီး အဲဒီအဖြစ်အပျက်ကြောင့် မန်စီးတီးအသင်းက သူ့ကို အသင်းလူစာရင်းကထုတ်ပယ်ခဲ့ပါတယ်။

မန်ဒီဟာ အောက်တိုဘာလမှာ အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်ခဲ့တယ်ဆိုတဲ့စွဲချက်၊ ဇန်နဝါရီလမှာ အမျိုးသမီးတစ်ဦးကို လိင်ပိုင်းဆိုင်ရာစော်ကားခဲ့တယ်ဆိုတဲ့စွဲချက်၊ သြဂုတ်လအတွင်း အမျိုးသမီးတစ်ဦးကို ထပ်ပြီးမုဒိမ်းကျင့်ခဲ့တယ်ဆိုတဲ့ စွဲချက်(၃)ခုနဲ့အမှုရင်ဆိုင်နေရတာပါ။

မန်ဒီနဲ့အတူ အသက်(၄၀)အရွယ်ရှိပြီဖြစ်တဲ့ Louis Saha Matturie ဆိုသူအမျိုးသားတစ်ဦးကိုလည်း မုဒိမ်းမှုတွေထဲမှာပါဝင်ခဲ့တယ်လို့ သံသယဖြစ်ခဲ့တာကြောင့် ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

မန်ဒီရဲ့အမှုနဲ့ပတ်သက်လို့ မနေ့က Chester crown court တရားရုံးမှာ ကနဦးကြားနာစစ်ဆေးမှုပြုလုပ်ခဲ့ပြီး မန်ဒီဟာ အဖြူရောင်အကျဉ်းထောင်ဗန်ကားထဲမှာ လိုက်ပါခဲ့ချိန်မှာ သတင်းထောက်တွေက ဓာတ်ပုံရိုက်ခဲ့ကြတာကြောင့် သူ့မျက်နှာကို ကွယ်ဝှက်ခဲ့ရပါတယ်။

တရားရုံးမှာ (၄၅)မိနစ်ကြာအမှုစတင်စစ်ဆေးခဲ့ပြီး အခုလောလောဆယ် အသေးစိတ်ကြားနာမှုမလုပ်သေးဘဲ လာမယ့်နှစ်၊ဇန်နဝါရီလမှ မန်ဒီဟာ တရားရင်ဆိုင်ရမှာဖြစ်တာကြောင့် ခရစ္စမတ်ကာလကို အကျဉ်းထောင်ထဲမှာ ဖြတ်သန်းရမယ့်အနေအထားပါပဲ။

၂၀၁၇ ခုနှစ်တုန်းက မိုနာကိုအသင်းကနေ မန်စီးတီးအသင်းဆီပြောင်းရွှေ့ခဲ့သူ မန်ဒီဟာ တစ်ပတ်ကိုပေါင်(၁၀၀,၀၀၀)ရရှိနေပြီး မန်စီးတီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်(၃)ကြိမ်၊ လိဂ်ဖလား(၂)ကြိမ်၊ ကွန်မြူနတီဒိုင်း(၁)ကြိမ်ဆွတ်ခူးခဲ့သူပါ။

မန်ဒီရဲ့အဖြစ်အပျက်က ပြင်သစ်ဘောလုံးလောကအတွက် နောက်ထပ်အရှက်ရစရာကောင်းတဲ့ကိစ္စဖြစ်ခဲ့ပြီး ၂၀၁၀ ခုနှစ်တုန်းကလည်း ပြင်သစ်နာမည်ကျော်ဘောလုံးသမားနှစ်ဦးဖြစ်တဲ့ ဘန်ဇီမာနဲ့ရီဘာရီတို့ဟာ အသက်မပြည့်သေးတဲ့ပြည့်တန်ဆာအမျိုးသမီးတစ်ဦးနဲ့ပျော်ပါးခဲ့လို့ တရားရင်ဆိုင်ခဲ့ရပါသေးတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

လာမယ့္ခရစၥမတ္ကာလကို ေထာင္ထဲမွာျဖတ္သန္းရဖို႔ရွိေနတဲ့ မန္စီးတီးေနာက္ခံလူမန္ဒီ

မုဒိမ္းမႈက်ဴးလြန္ခဲ့တယ္ဆိုတဲ့စြဲခ်က္နဲ႔ တရားရင္ဆိုင္ေနရသူ မန္စီးတီးေနာက္ခံလူမန္ဒီဟာ လာမယ့္ခရစၥမတ္ကာလကို ေထာင္ထဲမွာျဖတ္သန္းရမယ့္အေရးနဲ႔ရင္ဆိုင္ေနရပါၿပီ။ အသက္(၂၇)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ျပင္သစ္ကစားသမားမန္ဒီဟာ ၿပီးခဲ့တဲ့ႏွစ္၊ ေအာက္တိုဘာလကေန အခုႏွစ္၊ၾသဂုတ္လအတြင္း ခ်က္စ္ရႈိင္းယားၿမိဳ႕၊ Prestbury မွာရွိတဲ့သူ႔ေနအိမ္မွာ အသက္(၁၆)ႏွစ္ေက်ာ္မိန္းကေလးနဲ႔ အသက္(၁၈)ႏွစ္အထက္အမ်ိဳးသမီးေတြကို မုဒိမ္းမႈက်ဴးလြန္ခဲ့တယ္ဆိုတဲ့စြဲခ်က္နဲ႔ ႏိုဝင္ဘာလတုန္းကဖမ္းဆီးခံခဲ့ရၿပီး အဲဒီအျဖစ္အပ်က္ေၾကာင့္ မန္စီးတီးအသင္းက သူ႔ကို အသင္းလူစာရင္းကထုတ္ပယ္ခဲ့ပါတယ္။

မန္ဒီဟာ ေအာက္တိုဘာလမွာ အမ်ိဳးသမီးတစ္ဦးကို မုဒိမ္းက်င့္ခဲ့တယ္ဆိုတဲ့စြဲခ်က္၊ ဇန္နဝါရီလမွာ အမ်ိဳးသမီးတစ္ဦးကို လိင္ပိုင္းဆိုင္ရာေစာ္ကားခဲ့တယ္ဆိုတဲ့စြဲခ်က္၊ ၾသဂုတ္လအတြင္း အမ်ိဳးသမီးတစ္ဦးကို ထပ္ၿပီးမုဒိမ္းက်င့္ခဲ့တယ္ဆိုတဲ့ စြဲခ်က္(၃)ခုနဲ႔အမႈရင္ဆိုင္ေနရတာပါ။ မန္ဒီနဲ႔အတူ အသက္(၄၀)အ႐ြယ္ရွိၿပီျဖစ္တဲ့ Louis Saha Matturie ဆိုသူအမ်ိဳးသားတစ္ဦးကိုလည္း မုဒိမ္းမႈေတြထဲမွာပါဝင္ခဲ့တယ္လို႔ သံသယျဖစ္ခဲ့တာေၾကာင့္ ရဲတပ္ဖြဲ႕က ဖမ္းဆီးထိန္းသိမ္းခဲ့ပါတယ္။

မန္ဒီရဲ႕အမႈနဲ႔ပတ္သက္လို႔ မေန႔က Chester crown court တရား႐ုံးမွာ ကနဦးၾကားနာစစ္ေဆးမႈျပဳလုပ္ခဲ့ၿပီး မန္ဒီဟာ အျဖဴေရာင္အက်ဥ္းေထာင္ဗန္ကားထဲမွာ လိုက္ပါခဲ့ခ်ိန္မွာ သတင္းေထာက္ေတြက ဓာတ္ပုံ႐ိုက္ခဲ့ၾကတာေၾကာင့္ သူ႔မ်က္ႏွာကို ကြယ္ဝွက္ခဲ့ရပါတယ္။ တရား႐ုံးမွာ (၄၅)မိနစ္ၾကာအမႈစတင္စစ္ေဆးခဲ့ၿပီး အခုေလာေလာဆယ္ အေသးစိတ္ၾကားနာမႈမလုပ္ေသးဘဲ လာမယ့္ႏွစ္၊ဇန္နဝါရီလမွ မန္ဒီဟာ တရားရင္ဆိုင္ရမွာျဖစ္တာေၾကာင့္ ခရစၥမတ္ကာလကို အက်ဥ္းေထာင္ထဲမွာ ျဖတ္သန္းရမယ့္အေနအထားပါပဲ။

၂၀၁၇ ခုႏွစ္တုန္းက မိုနာကိုအသင္းကေန မန္စီးတီးအသင္းဆီေျပာင္းေ႐ႊ႕ခဲ့သူ မန္ဒီဟာ တစ္ပတ္ကိုေပါင္(၁၀၀,၀၀၀)ရရွိေနၿပီး မန္စီးတီးအသင္းနဲ႔အတူ ပရီးမီးယားလိဂ္(၃)ႀကိမ္၊ လိဂ္ဖလား(၂)ႀကိမ္၊ ကြန္ျမဴနတီဒိုင္း(၁)ႀကိမ္ဆြတ္ခူးခဲ့သူပါ။ မန္ဒီရဲ႕အျဖစ္အပ်က္က ျပင္သစ္ေဘာလုံးေလာကအတြက္ ေနာက္ထပ္အရွက္ရစရာေကာင္းတဲ့ကိစၥျဖစ္ခဲ့ၿပီး ၂၀၁၀ ခုႏွစ္တုန္းကလည္း ျပင္သစ္နာမည္ေက်ာ္ေဘာလုံးသမားႏွစ္ဦးျဖစ္တဲ့ ဘန္ဇီမာနဲ႔ရီဘာရီတို႔ဟာ အသက္မျပည့္ေသးတဲ့ျပည့္တန္ဆာအမ်ိဳးသမီးတစ္ဦးနဲ႔ေပ်ာ္ပါးခဲ့လို႔ တရားရင္ဆိုင္ခဲ့ရပါေသးတယ္။