လမ်းပတ်ကို ထုတ်လိုက်တာက ချယ်လ်ဆီးအသင်းအတွက် အဖြေတစ်ခုလား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒီရက်ပိုင်းအတွင်း သတင်းတွေထွက်ပေါ်နေတဲ့အတိုင်းပဲ လမ်းပတ်ကတော့ ချယ်လ်ဆီးနည်းပြရာထူးကနေ ထုတ်ပယ်ခံလိုက်ရပါပြီ။

၂၀၁၉၊ ဇူလိုင်လတုန်းက ချယ်လ်ဆီးနည်းပြထိုင်ခုံပေါ်ရောက်ရှိခဲ့တဲ့ လမ်းပတ်ဟာ နည်းပြဘဝအစကတည်းက အနိမ့်အမြင့်အတက်အကျတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ချယ်လ်ဆီးအသင်းနည်းပြဘဝ အဖွင့်ပွဲမှာပဲ မန်ချက်စတာယူနိုက်တက်ကို (၄)ဂိုးပြတ်နဲ့ ရှုံးခဲ့လို့ ၁၉၇၈၊ ဒီဇင်ဘာလမှာ မစ်ဒယ်ဘရော့ကို (၇-၂)ဂိုးနဲ့ ရှုံးခဲ့တဲ့ နည်းပြဘလန့်ချ်ဖလားဝါးနောက်ပိုင်း ချယ်လ်ဆီးနည်းပြသစ်တွေထဲမှာ အဆိုးရွားဆုံးရှုံးပွဲကြုံတွေ့ခဲ့သူအဖြစ် မှတ်တမ်းဝင်ခဲ့တယ်။

၂၀၁၉၊ အောက်တိုဘာလအတွင်း အသင်းအတွက် ရလဒ်ကောင်းတွေ ရယူနိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံး နည်းပြဆု ရရှိခဲ့ပြီး ဆောက်ဂိတ်၊ စတူးဝပ်ပီယာ့စ်တို့နောက်ပိုင်း ကစားသမားဘဝမှာရော၊ နည်းပြဘဝမှာပါ ပရီးမီးယားလိဂ်တစ်လတာ အကောင်းဆုံးဆုရရှိခဲ့တဲ့ တတိယမြောက်အဖြစ် သတ်မှတ်ခံခဲ့ရပြန်တယ်။

ပြီးခဲ့တဲ့ရာသီက ချယ်လ်ဆီးအသင်းဟာ ဖလားလက်မဲ့ဖြစ်ခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာ အဆင့်(၄)ရရှိခဲ့တဲ့အပြင် FA ဖလားဗိုလ်လုပွဲရောက်အောင် စွမ်းဆောင်ခဲ့လို့ လမ်းပတ်ကို ပရိသတ်တွေက သိပ်အပြစ်မတင်ခဲ့ကြဘူး။ ဒီရာသီအစမှာ ဗာနာ၊ ဟားဗတ်စ်၊ ဇီယက်ခ်၊ ချီဝဲလ်စတဲ့ ကစားသမားတွေကို ငွေကြေးအကုန်အကျခံပြီး ခေါ်ယူခဲ့လို့ ချယ်လ်ဆီးအသင်း အောင်မြင်မှု လမ်းကြောင်းပေါ် ပြန်ရောက်ပြီလို့ ပရိသတ်တွေ ယူဆခဲ့သလို တကယ်လည်း အသင်းရဲ့ ရာသီအစ ရလဒ်တွေက ကျေနပ်စရာကောင်းခဲ့တယ်။

ပွဲစဉ်(၁၁)အထိ ချယ်လ်ဆီးအသင်းဟာ လီဗာပူးလ်တစ်သင်းကိုပဲ ရှုံးပြီး (၆)ပွဲနိုင်၊ (၄)ပွဲသရေကျခဲ့တာကြောင့် ဖြစ်နိုင်ခြေရှိတဲ့ (၃၃)မှတ်မှာ (၂၂)မှတ်အထိ ရယူခဲ့သလို အဆင့်(၃)နေရာမှာ ရပ်တည်ခဲ့တယ်။ ဒါပေမဲ့ အဲဗာတန်ကို (၁-ဝ)ဂိုးနဲ့ ရှုံးပြီးနောက်ပိုင်း ချယ်လ်ဆီးအသင်းဟာ ဘယ်လိုမှ မထင်မှတ်လောက်အောင်ကို ရလဒ်တွေ ထိုးကျသွားပြီး ပရီးမီးယားလိဂ်(၈)ပွဲမှာ နိုင်ပွဲ(၂)ပွဲသာ ရယူနိုင်ခဲ့တယ်။

အဲဒီအတွက် အကျိုးဆက်ကတော့ လမ်းပတ်တစ်ယောက် ချယ်လ်ဆီးနည်းပြရာထူးကို လက်ပြနှုတ်ဆက်ခဲ့ရတာပါပဲ။ အဲဒါကြောင့် လမ်းပတ်ကို ထုတ်လိုက်တာဟာ ချယ်လ်ဆီးအတွက် မှန်ကန်တဲ့လုပ်ရပ်လား၊ အဖြေရှာဖို့ခက်တဲ့ ပုစ္ဆာတစ်ပုဒ်အတွက် အဖြေတစ်ခုလားဆိုတာ သုံးသပ်ချင်ပါတယ်။

ပထမဆုံးပြောရမှာက လမ်းပတ်ရဲ့ အပြောင်းအရွှေ့အမှားတွေပါပဲ။ ဘွန်ဒစ်လီဂါမှာ မထင်မှတ်လောက်အောင် ခြေစွမ်းတွေပြနေကြတဲ့ လိုက်ပ်ဇစ်တိုက်စစ်မှူး ဗာနာ၊ လေဗာကူဆင် ကွင်းလယ်တိုက်စစ်ကစားသမား ဟားဗက်ဇ်တို့ကို လမ်းပတ်က မျှော်လင့်တကြီးနဲ့ ကြေးကြီးပေးခေါ်ခဲ့ပေမယ့် သူတို့နှစ်ယောက်စလုံး ပရီးမီးယားလိဂ်မြေမှာ အသားကျဖို့ တော်တော်လေး ရုန်းကန်နေရတာကို အားလုံးအသိပါ။

လိုက်ပ်ဇစ်အသင်းအတွက် ဂိုးသွင်းစက်တစ်လုံးဖြစ်ခဲ့တဲ့ ဗာနာဟာ ပရီးမီးယားလိဂ်မှာတော့ မခုတ်တတ်တဲ့ကြောင်တစ်ကောင်လိုဖြစ်နေပြီး ပွဲစဉ်(၅)မှ ချယ်လ်ဆီးကစားသမားဘ၀ သွင်းဂိုးတွေရခဲ့သလို ပွဲစဉ်(၈)နောက်ပိုင်းကတည်းက သွင်းဂိုး လုံးဝမရှိခဲ့ဘူး။ ချယ်လ်ဆီးအသင်းရဲ့ ဒုတိယကြေးအကြီးဆုံးကစားသမား ဟားဗတ်စ်ဆိုရင်လည်း ကိုဗစ်ဖြစ်လို့ ပွဲတချို့ကိုလွဲ၊ ပါတဲ့ပွဲတွေမှာလည်း သိသာတဲ့စွမ်းဆောင်ရည်မျိုး မပြနိုင်နဲ့ လုံးလည်လိုက်နေဆဲပါပဲ။

ဇီယက်ခ်ကတော့ ကစားပုံ သိပ်မဆိုးပေမယ့် ကြံ့ခိုင်မှုမပြည့်ဝတာက ပြဿနာလိုဖြစ်နေတယ်။ ဒီကစားသမားတွေကို အဓိကထားပြီး တိုက်ပွဲဝင်ဖို့ လမ်းပတ်က ပြင်ဆင်ခဲ့ပေမယ့် ကစားသမားတွေ အားလုံးက ပြဿနာကိုယ်စီနဲ့ ရင်ဆိုင်နေရတော့ ချယ်လ်ဆီး ရလဒ်တွေ ယိမ်းယိုင်ခဲ့တာ သိပ်မထူးဆန်းပါဘူး။

ရာသီအစပိုင်းကတည်းက ချယ်လ်ဆီးအသင်း ရလဒ်ကောင်းနေချိန်မှာလည်း ဗာနာနဲ့ ဟားဗတ်စ်တို့ရဲ့ စွမ်းဆောင်ရည်ကြောင့်ဆိုတာထက် ကျန်တဲ့သူတွေ ပုံမှန်ကစားနိုင်တာကြောင့်သာ ဒီလိုအမှတ်တွေရယူနိုင်တာလို့လည်း ပြောရမယ်။

နောက်တစ်ခုကတော့ လမ်းပတ်မှာ တိကျခိုင်မာတဲ့ Tactical Policy မရှိတာပါပဲ။ Possession Game လား၊ Counter လား၊ Attacking Play လားဆိုတာ မကွဲပြားပါဘူး။ ဒီရာသီမှာ လမ်းပတ်ဟာ (၄-၂-၃-၁)၊ (၄-၃-၃)ပုံစံတွေ အသုံးပြုခဲ့ပြီး အခုနောက်ပိုင်း (၄-၄-၂)ဆန်တဲ့ ကစားကွက်ကို အသုံးပြုခဲ့တယ်။

ဒါပေမဲ့ အဲဒီကစားကွက်တွေမှာ ကစားသမားတွေက ရာနှုန်းပြည့် လိုက်လျောညီထွေဖြစ်အောင် မကစားနိုင်၊ လမ်းပတ်ကလည်း သူ့လူတွေရဲ့ အနေအထားပေါ်မူတည်ပြီး ကစားကွက်တွေ လိုက်ပြောင်းရ၊ ဒီလိုနဲ့ ချယ်လ်ဆီးအသင်းလည်း ကစားပုံက မတည်ငြိမ်ဖြစ်လာတော့တယ်။

ဒါ့အပြင် ချယ်လ်ဆီးကစားသမားတွေနဲ့ လမ်းပတ်ကြားမှာ အဆင်မပြေတာတွေရှိခဲ့တာကလည်း အသင်းရဲ့စွမ်းဆောင်ရည်အပေါ် ရိုက်ခတ်ခဲ့တယ်လို့ ပြောရမယ်။ အခုအချိန်မှာတော့ လမ်းပတ်ဟာ အသင်းပိုင်ရှင်အေဘရာမိုဗစ်ချ်လက်ထက် ရာထူးက အထုတ်ခံခဲ့ရတဲ့ (၁၀)ယောက်မြောက် နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ပါပြီ။ လောလောဆယ်တော့ သူ နည်းပြရာထူးက အထုတ်ခံခဲ့ရတဲ့အပေါ် အကောင်းမြင်တဲ့သူ၊ ထောက်ခံတဲ့သူတွေက ထင်မြင်ချက်တွေ အမျိုးမျိုး ပေးနေကြပါတယ်။

တစ်ဦးတည်းအမြင်အရ သုံးသပ်ရရင်တော့ လမ်းပတ်မှာ အမှားတွေရှိခဲ့ပေမယ့် သူ့ကို နည်းနည်းတော့အချိန်ပေးသင့်တယ်လို့ မြင်မိတယ်။ နှိုင်းယှဉ်ပြီးပြောရရင် ယူနိုက်တက်အသင်းမှာလည်း ဆိုးလ်ရှားကို နည်းပြရာထူးကထုတ်ဖို့ ဝေဖန်သံတွေ ကျယ်ကျယ်လောင်လောင်ထွက်ခဲ့ပေမယ့် တာဝန်ရှိသူတွေက အချိန်တစ်ခုပေးခဲ့လို့ အခုအချိန်မှာ ဆိုးလ်ရှားရဲ့ လက်ထဲမှာ ယူနိုက်တက် ပြန်တည်ငြိမ်လာတာကို ကြည့်ရင်တွေ့နိုင်ပါတယ်။

ဒါပေမဲ့လည်း အေဘရာမိုဗစ်ချ်ဆိုတာက နည်းပြတစ်ယောက်ကို လိုတာထက် အချိန်ပိုမပေးတတ်တဲ့သူမျိုးဆိုတော့ လမ်းပတ်လည်း သူ့အရင်နောင်တော်ကြီးတွေသွားတဲ့ လမ်းအတိုင်း လိုက်ရတော့တာပါပဲ။ အခုလောလောဆယ် ထွက်ပေါ်နေတဲ့ သတင်းတွေအရ ချယ်လ်ဆီးနည်းပြသစ်ဖြစ်လာဖို့ PSG နည်းပြဟောင်း တူဟယ်လ်က ရေပန်းစားနေပါတယ်။

ချယ်လ်ဆီးနည်းပြထိုင်ခုံပေါ် ဘယ်သူပဲရောက်လာပါစေ နည်းပြသစ်အနေနဲ့ ဗာနာနဲ့ ဟားဗက်ဇ်ကို ဘယ်လိုသုံးမလဲ၊ အသင်းနဲ့ ကိုက်ညီတဲ့ကစားကွက်ကို ပုံဖော်ဖို့၊ အေဘရာမိုဗစ်ချ်လိုချင်တဲ့ အောင်မြင်မှုကို ရယူပေးနိုင်ဖို့ စတဲ့ ဖိအားတွေကို ကျော်ဖြတ်နိုင်အောင် ကြိုးစားရမှာပဲဖြစ်ပါတော့တယ် . . .

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

လမ္းပတ္ကို ထုတ္လိုက္တာက ခ်ယ္လ္ဆီးအသင္းအတြက္ အေျဖတစ္ခုလား

ဒီရက္ပိုင္းအတြင္း သတင္းေတြထြက္ေပၚေနတဲ့အတိုင္းပဲ လမ္းပတ္ကေတာ့ ခ်ယ္လ္ဆီးနည္းျပရာထူးကေန ထုတ္ပယ္ခံလိုက္ရပါၿပီ။ ၂၀၁၉၊ ဇူလိုင္လတုန္းက ခ်ယ္လ္ဆီးနည္းျပထိုင္ခုံေပၚေရာက္ရွိခဲ့တဲ့ လမ္းပတ္ဟာ နည္းျပဘဝအစကတည္းက အနိမ့္အျမင့္အတက္အက်ေတြနဲ႔ ရင္ဆိုင္ခဲ့ရၿပီး ခ်ယ္လ္ဆီးအသင္းနည္းျပဘဝ အဖြင့္ပြဲမွာပဲ မန္ခ်က္စတာယူႏိုက္တက္ကို (၄)ဂိုးျပတ္နဲ႔ ရႈံးခဲ့လို႔ ၁၉၇၈၊ ဒီဇင္ဘာလမွာ မစ္ဒယ္ဘေရာ့ကို (၇-၂)ဂိုးနဲ႔ ရႈံးခဲ့တဲ့ နည္းျပဘလန႔္ခ်္ဖလားဝါးေနာက္ပိုင္း ခ်ယ္လ္ဆီးနည္းျပသစ္ေတြထဲမွာ အဆိုး႐ြားဆုံးရႈံးပြဲႀကဳံေတြ႕ခဲ့သူအျဖစ္ မွတ္တမ္းဝင္ခဲ့တယ္။ ၂၀၁၉၊ ေအာက္တိုဘာလအတြင္း အသင္းအတြက္ ရလဒ္ေကာင္းေတြ ရယူႏိုင္ခဲ့တာေၾကာင့္ ပရီးမီးယားလိဂ္တစ္လတာအေကာင္းဆုံး နည္းျပဆု ရရွိခဲ့ၿပီး ေဆာက္ဂိတ္၊ စတူးဝပ္ပီယာ့စ္တို႔ေနာက္ပိုင္း ကစားသမားဘဝမွာေရာ၊ နည္းျပဘဝမွာပါ ပရီးမီးယားလိဂ္တစ္လတာ အေကာင္းဆုံးဆုရရွိခဲ့တဲ့ တတိယေျမာက္အျဖစ္ သတ္မွတ္ခံခဲ့ရျပန္တယ္။

ၿပီးခဲ့တဲ့ရာသီက ခ်ယ္လ္ဆီးအသင္းဟာ ဖလားလက္မဲ့ျဖစ္ခဲ့ေပမယ့္ ပရီးမီးယားလိဂ္မွာ အဆင့္(၄)ရရွိခဲ့တဲ့အျပင္ FA ဖလားဗိုလ္လုပြဲေရာက္ေအာင္ စြမ္းေဆာင္ခဲ့လို႔ လမ္းပတ္ကို ပရိသတ္ေတြက သိပ္အျပစ္မတင္ခဲ့ၾကဘူး။ ဒီရာသီအစမွာ ဗာနာ၊ ဟားဗတ္စ္၊ ဇီယက္ခ္၊ ခ်ီဝဲလ္စတဲ့ ကစားသမားေတြကို ေငြေၾကးအကုန္အက်ခံၿပီး ေခၚယူခဲ့လို႔ ခ်ယ္လ္ဆီးအသင္း ေအာင္ျမင္မႈ လမ္းေၾကာင္းေပၚ ျပန္ေရာက္ၿပီလို႔ ပရိသတ္ေတြ ယူဆခဲ့သလို တကယ္လည္း အသင္းရဲ႕ ရာသီအစ ရလဒ္ေတြက ေက်နပ္စရာေကာင္းခဲ့တယ္။ ပြဲစဥ္(၁၁)အထိ ခ်ယ္လ္ဆီးအသင္းဟာ လီဗာပူးလ္တစ္သင္းကိုပဲ ရႈံးၿပီး (၆)ပြဲႏိုင္၊ (၄)ပြဲသေရက်ခဲ့တာေၾကာင့္ ျဖစ္ႏိုင္ေျခရွိတဲ့ (၃၃)မွတ္မွာ (၂၂)မွတ္အထိ ရယူခဲ့သလို အဆင့္(၃)ေနရာမွာ ရပ္တည္ခဲ့တယ္။ ဒါေပမဲ့ အဲဗာတန္ကို (၁-ဝ)ဂိုးနဲ႔ ရႈံးၿပီးေနာက္ပိုင္း ခ်ယ္လ္ဆီးအသင္းဟာ ဘယ္လိုမွ မထင္မွတ္ေလာက္ေအာင္ကို ရလဒ္ေတြ ထိုးက်သြားၿပီး ပရီးမီးယားလိဂ္(၈)ပြဲမွာ ႏိုင္ပြဲ(၂)ပြဲသာ ရယူႏိုင္ခဲ့တယ္။ အဲဒီအတြက္ အက်ိဳးဆက္ကေတာ့ လမ္းပတ္တစ္ေယာက္ ခ်ယ္လ္ဆီးနည္းျပရာထူးကို လက္ျပႏႈတ္ဆက္ခဲ့ရတာပါပဲ။ အဲဒါေၾကာင့္ လမ္းပတ္ကို ထုတ္လိုက္တာဟာ ခ်ယ္လ္ဆီးအတြက္ မွန္ကန္တဲ့လုပ္ရပ္လား၊ အေျဖရွာဖို႔ခက္တဲ့ ပုစာၦတစ္ပုဒ္အတြက္ အေျဖတစ္ခုလားဆိုတာ သုံးသပ္ခ်င္ပါတယ္။

ပထမဆုံးေျပာရမွာက လမ္းပတ္ရဲ႕ အေျပာင္းအေ႐ႊ႕အမွားေတြပါပဲ။ ဘြန္ဒစ္လီဂါမွာ မထင္မွတ္ေလာက္ေအာင္ ေျခစြမ္းေတြျပေနၾကတဲ့ လိုက္ပ္ဇစ္တိုက္စစ္မႉး ဗာနာ၊ ေလဗာကူဆင္ ကြင္းလယ္တိုက္စစ္ကစားသမား ဟားဗက္ဇ္တို႔ကို လမ္းပတ္က ေမွ်ာ္လင့္တႀကီးနဲ႔ ေၾကးႀကီးေပးေခၚခဲ့ေပမယ့္ သူတို႔ႏွစ္ေယာက္စလုံး ပရီးမီးယားလိဂ္ေျမမွာ အသားက်ဖို႔ ေတာ္ေတာ္ေလး ႐ုန္းကန္ေနရတာကို အားလုံးအသိပါ။ လိုက္ပ္ဇစ္အသင္းအတြက္ ဂိုးသြင္းစက္တစ္လုံးျဖစ္ခဲ့တဲ့ ဗာနာဟာ ပရီးမီးယားလိဂ္မွာေတာ့ မခုတ္တတ္တဲ့ေၾကာင္တစ္ေကာင္လိုျဖစ္ေနၿပီး ပြဲစဥ္(၅)မွ ခ်ယ္လ္ဆီးကစားသမားဘ၀ သြင္းဂိုးေတြရခဲ့သလို ပြဲစဥ္(၈)ေနာက္ပိုင္းကတည္းက သြင္းဂိုး လုံးဝမရွိခဲ့ဘူး။ ခ်ယ္လ္ဆီးအသင္းရဲ႕ ဒုတိယေၾကးအႀကီးဆုံးကစားသမား ဟားဗတ္စ္ဆိုရင္လည္း ကိုဗစ္ျဖစ္လို႔ ပြဲတခ်ိဳ႕ကိုလြဲ၊ ပါတဲ့ပြဲေတြမွာလည္း သိသာတဲ့စြမ္းေဆာင္ရည္မ်ိဳး မျပႏိုင္နဲ႔ လုံးလည္လိုက္ေနဆဲပါပဲ။ ဇီယက္ခ္ကေတာ့ ကစားပုံ သိပ္မဆိုးေပမယ့္ ႀကံ့ခိုင္မႈမျပည့္ဝတာက ျပႆနာလိုျဖစ္ေနတယ္။ ဒီကစားသမားေတြကို အဓိကထားၿပီး တိုက္ပြဲဝင္ဖို႔ လမ္းပတ္က ျပင္ဆင္ခဲ့ေပမယ့္ ကစားသမားေတြ အားလုံးက ျပႆနာကိုယ္စီနဲ႔ ရင္ဆိုင္ေနရေတာ့ ခ်ယ္လ္ဆီး ရလဒ္ေတြ ယိမ္းယိုင္ခဲ့တာ သိပ္မထူးဆန္းပါဘူး။ ရာသီအစပိုင္းကတည္းက ခ်ယ္လ္ဆီးအသင္း ရလဒ္ေကာင္းေနခ်ိန္မွာလည္း ဗာနာနဲ႔ ဟားဗတ္စ္တို႔ရဲ႕ စြမ္းေဆာင္ရည္ေၾကာင့္ဆိုတာထက္ က်န္တဲ့သူေတြ ပုံမွန္ကစားႏိုင္တာေၾကာင့္သာ ဒီလိုအမွတ္ေတြရယူႏိုင္တာလို႔လည္း ေျပာရမယ္။

ေနာက္တစ္ခုကေတာ့ လမ္းပတ္မွာ တိက်ခိုင္မာတဲ့ Tactical Policy မရွိတာပါပဲ။ Possession Game လား၊ Counter လား၊ Attacking Play လားဆိုတာ မကြဲျပားပါဘူး။ ဒီရာသီမွာ လမ္းပတ္ဟာ (၄-၂-၃-၁)၊ (၄-၃-၃)ပုံစံေတြ အသုံးျပဳခဲ့ၿပီး အခုေနာက္ပိုင္း (၄-၄-၂)ဆန္တဲ့ ကစားကြက္ကို အသုံးျပဳခဲ့တယ္။ ဒါေပမဲ့ အဲဒီကစားကြက္ေတြမွာ ကစားသမားေတြက ရာႏႈန္းျပည့္ လိုက္ေလ်ာညီေထြျဖစ္ေအာင္ မကစားႏိုင္၊ လမ္းပတ္ကလည္း သူ႔လူေတြရဲ႕ အေနအထားေပၚမူတည္ၿပီး ကစားကြက္ေတြ လိုက္ေျပာင္းရ၊ ဒီလိုနဲ႔ ခ်ယ္လ္ဆီးအသင္းလည္း ကစားပုံက မတည္ၿငိမ္ျဖစ္လာေတာ့တယ္။ ဒါ့အျပင္ ခ်ယ္လ္ဆီးကစားသမားေတြနဲ႔ လမ္းပတ္ၾကားမွာ အဆင္မေျပတာေတြရွိခဲ့တာကလည္း အသင္းရဲ႕စြမ္းေဆာင္ရည္အေပၚ ႐ိုက္ခတ္ခဲ့တယ္လို႔ ေျပာရမယ္။ အခုအခ်ိန္မွာေတာ့ လမ္းပတ္ဟာ အသင္းပိုင္ရွင္ေအဘရာမိုဗစ္ခ်္လက္ထက္ ရာထူးက အထုတ္ခံခဲ့ရတဲ့ (၁၀)ေယာက္ေျမာက္ နည္းျပအျဖစ္ မွတ္တမ္းဝင္ခဲ့ပါၿပီ။ ေလာေလာဆယ္ေတာ့ သူ နည္းျပရာထူးက အထုတ္ခံခဲ့ရတဲ့အေပၚ အေကာင္းျမင္တဲ့သူ၊ ေထာက္ခံတဲ့သူေတြက ထင္ျမင္ခ်က္ေတြ အမ်ိဳးမ်ိဳး ေပးေနၾကပါတယ္။ တစ္ဦးတည္းအျမင္အရ သုံးသပ္ရရင္ေတာ့ လမ္းပတ္မွာ အမွားေတြရွိခဲ့ေပမယ့္ သူ႔ကို နည္းနည္းေတာ့အခ်ိန္ေပးသင့္တယ္လို႔ ျမင္မိတယ္။ ႏႈိင္းယွဥ္ၿပီးေျပာရရင္ ယူႏိုက္တက္အသင္းမွာလည္း ဆိုးလ္ရွားကို နည္းျပရာထူးကထုတ္ဖို႔ ေဝဖန္သံေတြ က်ယ္က်ယ္ေလာင္ေလာင္ထြက္ခဲ့ေပမယ့္ တာဝန္ရွိသူေတြက အခ်ိန္တစ္ခုေပးခဲ့လို႔ အခုအခ်ိန္မွာ ဆိုးလ္ရွားရဲ႕ လက္ထဲမွာ ယူႏိုက္တက္ ျပန္တည္ၿငိမ္လာတာကို ၾကည့္ရင္ေတြ႕ႏိုင္ပါတယ္။ ဒါေပမဲ့လည္း ေအဘရာမိုဗစ္ခ်္ဆိုတာက နည္းျပတစ္ေယာက္ကို လိုတာထက္ အခ်ိန္ပိုမေပးတတ္တဲ့သူမ်ိဳးဆိုေတာ့ လမ္းပတ္လည္း သူ႔အရင္ေနာင္ေတာ္ႀကီးေတြသြားတဲ့ လမ္းအတိုင္း လိုက္ရေတာ့တာပါပဲ။ အခုေလာေလာဆယ္ ထြက္ေပၚေနတဲ့ သတင္းေတြအရ ခ်ယ္လ္ဆီးနည္းျပသစ္ျဖစ္လာဖို႔ PSG နည္းျပေဟာင္း တူဟယ္လ္က ေရပန္းစားေနပါတယ္။ ခ်ယ္လ္ဆီးနည္းျပထိုင္ခုံေပၚ ဘယ္သူပဲေရာက္လာပါေစ နည္းျပသစ္အေနနဲ႔ ဗာနာနဲ႔ ဟားဗက္ဇ္ကို ဘယ္လိုသုံးမလဲ၊ အသင္းနဲ႔ ကိုက္ညီတဲ့ကစားကြက္ကို ပုံေဖာ္ဖို႔၊ ေအဘရာမိုဗစ္ခ်္လိုခ်င္တဲ့ ေအာင္ျမင္မႈကို ရယူေပးႏိုင္ဖို႔ စတဲ့ ဖိအားေတြကို ေက်ာ္ျဖတ္ႏိုင္ေအာင္ ႀကိဳးစားရမွာပဲျဖစ္ပါေတာ့တယ္ . . .