လက်ရှိကစားသမားအစုအဖွဲ့က ဖလား(၃)လုံးချန်ပီယံဖြစ်ခဲ့တဲ့ ၁၉၉၉ ခုနှစ်ကထက် ပိုကောင်းတယ်လို့ ဆိုးလ်ရှားယုံကြည်နေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာယူနိုက်တက်အသင်းနည်းပြဆိုးလ်ရှားက လက်ရှိအသင်းရဲ့ကစားသမားအစုအဖွဲ့ဟာ ၁၉၉၉ ခုနှစ်တုန်းက ဖလား(၃)လုံးရခဲ့တဲ့အသင်းရဲ့ကစားသမားအစုအဖွဲ့ထက် ပိုကောင်းတယ်ဆိုတာ သူ့ကစားသမားတွေကို အသိပေးပြောဆိုခဲ့တယ်လို့ ဗြိတိန်သတင်းစာ The Sun ကဖော်ပြခဲ့ပါတယ်။

ဆိုးလ်ရှားဟာ နာမည်ကျော်ကစားသမားဟောင်းစီရော်နယ်လ်ဒို ပြန်လည်ခေါ်ယူနိုင်ခဲ့တာကြောင့် ၂၀၁၃ ခုနှစ်နောက်ပိုင်း (၈)နှစ်ကြာဝေးကွာနေတဲ့ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရေးမျှော်လင့်ချက် ပိုမိုအားကောင်းလာပြီလို့ယူဆနေပြီး

လွန်ခဲ့တဲ့ (၂၂)နှစ်တုန်းက သူပါဝင်ကစားခဲ့တဲ့ ဖလား(၃)လုံးချန်ပီယံ ယူနိုက်တက်အသင်းထက် ကစားသမားအင်အားပိုကောင်းနေတယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

အသက်(၃၆)နှစ်အရွယ်ရှိပြီဖြစ်သူ စီရော်နယ်လ်ဒိုဟာ (၁၂)နှစ်အကြာမှာ အသင်းဟောင်းယူနိုက်တက်ကို ပြန်လည်ရောက်ရှိခဲ့တာဖြစ်ပြီး သူကလည်း ဒီရာသီမှာ ပရီးမီးယားလိဂ်ဖလားရယူဖို့ဆန္ဒပြင်းပြနေတယ်ဆိုပြီး အသင်းဖော်တွေကို အသိပေးပြောဆိုခဲ့ပါတယ်။

စီရော်နယ်လ်ဒိုဟာ ယူနိုက်တက်အသင်းမှာ ပထမအကြိမ်ကစားခဲ့တုန်းက ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်နဲ့ Ballon d’Or ဆုတွေရယူနိုင်ခဲ့ပြီး အခု သူက အသင်းနဲ့အတူ သမိုင်းသစ်တစ်ခု ရေးသားသွားမယ်လို့ ပရိသတ်တွေကို ကတိပေးခဲ့ပါတယ်။

ဆိုးလ်ရှားအနေနဲ့ စီရော်နယ်လ်ဒိုကို ပြန်လည်ခေါ်ယူနိုင်ခဲ့တဲ့အတွက် အသင်းရဲ့အစုအဖွဲ့အပေါ် အားရကျေနပ်မှုအပြည့်ရှိနေတာကြောင့် လက်ရှိကစားသမားအင်အားက ၁၉၉၉ ခုနှစ်က ဂန္ထဝင်နည်းပြဖာဂူဆန်လက်ထက် အသင်းရဲ့အစုအဖွဲ့ထက် ပိုကောင်းတယ်လို့ ဆိုခဲ့တာပါ။

ဒါ့အပြင် ဆိုးလ်ရှားဟာ ဒီရာသီပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ယူနိုက်တက်အသင်းရဲ့အဓိကပြိုင်ဘက်ဖြစ်လာမှာက မန်စီးတီး၊ လီဗာပူးလ်တို့မဟုတ်ဘဲ လူကာကူ ပြန်ရောက်လာတဲ့ ချယ်လ်ဆီးအသင်းဖြစ်တယ်လို့လည်း ယူနေပါတယ်။

ဆိုးလ်ရှားဟာ လူကာကူကို ၂၀၁၉ ခုနှစ်တုန်းက အင်တာမီလန်အသင်းဆီ ပေါင်(၇၃)သန်းနဲ့ရောင်းချခဲ့ပြီး အခု ချယ်လ်ဆီးအသင်းက အင်တာမီလန်အသင်းဆီကနေ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်(၉၇.၅)သန်းနဲ့ လူကာကူကို ပြန်လည်ခေါ်ယူခဲ့တာဖြစ်ပါတယ်။

လူကာကူဟာ ယူနိုက်တက်ကစားသမားဘဝ(၂)ရာသီအတွင်း ခြေစွမ်းမပြနိုင်ဘဲရုန်းကန်ခဲ့ရပေမယ့် အင်တာမီလန်အသင်းမှာတော့ အကောင်းဆုံးပုံစံပြန်ရခဲ့သလို ချယ်လ်ဆီးအသင်းကို ပြန်ရောက်ချိန်မှာလည်း ခြေစွမ်းပြကစားနေတာကြောင့်

ဆိုးလ်ရှားက ချယ်လ်ဆီးအသင်းဟာ သူတို့ရဲ့ပရီးမီးယားလိဂ်ချန်ပီယံမျှော်လင့်ချက်အတွက် အဓိကခြိမ်းခြောက်မယ့်အသင်းဖြစ်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

လက္ရွိကစားသမားအစုအဖြဲ႕က ဖလား(၃)လုံးခ်န္ပီယံျဖစ္ခဲ့တဲ့ ၁၉၉၉ ခုႏွစ္ကထက္ ပိုေကာင္းတယ္လို႔ ဆိုးလ္ရွားယုံၾကည္ေန

မန္ခ်က္စတာယူႏိုက္တက္အသင္းနည္းျပဆိုးလ္ရွားက လက္ရွိအသင္းရဲ႕ကစားသမားအစုအဖြဲ႕ဟာ ၁၉၉၉ ခုႏွစ္တုန္းက ဖလား(၃)လုံးရခဲ့တဲ့အသင္းရဲ႕ကစားသမားအစုအဖြဲ႕ထက္ ပိုေကာင္းတယ္ဆိုတာ သူ႔ကစားသမားေတြကို အသိေပးေျပာဆိုခဲ့တယ္လို႔ ၿဗိတိန္သတင္းစာ The Sun ကေဖာ္ျပခဲ့ပါတယ္။။ ဆိုးလ္ရွားဟာ နာမည္ေက်ာ္ကစားသမားေဟာင္းစီေရာ္နယ္လ္ဒို ျပန္လည္ေခၚယူႏိုင္ခဲ့တာေၾကာင့္ ၂၀၁၃ ခုႏွစ္ေနာက္ပိုင္း (၈)ႏွစ္ၾကာေဝးကြာေနတဲ့ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ေရးေမွ်ာ္လင့္ခ်က္ ပိုမိုအားေကာင္းလာၿပီလို႔ယူဆေနၿပီး လြန္ခဲ့တဲ့ (၂၂)ႏွစ္တုန္းက သူပါဝင္ကစားခဲ့တဲ့ ဖလား(၃)လုံးခ်န္ပီယံ ယူႏိုက္တက္အသင္းထက္ ကစားသမားအင္အားပိုေကာင္းေနတယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

အသက္(၃၆)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ စီေရာ္နယ္လ္ဒိုဟာ (၁၂)ႏွစ္အၾကာမွာ အသင္းေဟာင္းယူႏိုက္တက္ကို ျပန္လည္ေရာက္ရွိခဲ့တာျဖစ္ၿပီး သူကလည္း ဒီရာသီမွာ ပရီးမီးယားလိဂ္ဖလားရယူဖို႔ဆႏၵျပင္းျပေနတယ္ဆိုၿပီး အသင္းေဖာ္ေတြကို အသိေပးေျပာဆိုခဲ့ပါတယ္။ စီေရာ္နယ္လ္ဒိုဟာ ယူႏိုက္တက္အသင္းမွာ ပထမအႀကိမ္ကစားခဲ့တုန္းက ပရီးမီးယားလိဂ္၊ ခ်န္ပီယံလိဂ္နဲ႔ Ballon d’Or ဆုေတြရယူႏိုင္ခဲ့ၿပီး အခု သူက အသင္းနဲ႔အတူ သမိုင္းသစ္တစ္ခု ေရးသားသြားမယ္လို႔ ပရိသတ္ေတြကို ကတိေပးခဲ့ပါတယ္။

ဆိုးလ္ရွားအေနနဲ႔ စီေရာ္နယ္လ္ဒိုကို ျပန္လည္ေခၚယူႏိုင္ခဲ့တဲ့အတြက္ အသင္းရဲ႕အစုအဖြဲ႕အေပၚ အားရေက်နပ္မႈအျပည့္ရွိေနတာေၾကာင့္ လက္ရွိကစားသမားအင္အားက ၁၉၉၉ ခုႏွစ္က ဂႏၴဝင္နည္းျပဖာဂူဆန္လက္ထက္ အသင္းရဲ႕အစုအဖြဲ႕ထက္ ပိုေကာင္းတယ္လို႔ ဆိုခဲ့တာပါ။ ဒါ့အျပင္ ဆိုးလ္ရွားဟာ ဒီရာသီပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္ ယူႏိုက္တက္အသင္းရဲ႕အဓိကၿပိဳင္ဘက္ျဖစ္လာမွာက မန္စီးတီး၊ လီဗာပူးလ္တို႔မဟုတ္ဘဲ လူကာကူ ျပန္ေရာက္လာတဲ့ ခ်ယ္လ္ဆီးအသင္းျဖစ္တယ္လို႔လည္း ယူေနပါတယ္။

ဆိုးလ္ရွားဟာ လူကာကူကို ၂၀၁၉ ခုႏွစ္တုန္းက အင္တာမီလန္အသင္းဆီ ေပါင္(၇၃)သန္းနဲ႔ေရာင္းခ်ခဲ့ၿပီး အခု ခ်ယ္လ္ဆီးအသင္းက အင္တာမီလန္အသင္းဆီကေန ကလပ္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကး ေပါင္(၉၇.၅)သန္းနဲ႔ လူကာကူကို ျပန္လည္ေခၚယူခဲ့တာျဖစ္ပါတယ္။ လူကာကူဟာ ယူႏိုက္တက္ကစားသမားဘဝ(၂)ရာသီအတြင္း ေျခစြမ္းမျပႏိုင္ဘဲ႐ုန္းကန္ခဲ့ရေပမယ့္ အင္တာမီလန္အသင္းမွာေတာ့ အေကာင္းဆုံးပုံစံျပန္ရခဲ့သလို ခ်ယ္လ္ဆီးအသင္းကို ျပန္ေရာက္ခ်ိန္မွာလည္း ေျခစြမ္းျပကစားေနတာေၾကာင့္ ဆိုးလ္ရွားက ခ်ယ္လ္ဆီးအသင္းဟာ သူတို႔ရဲ႕ပရီးမီးယားလိဂ္ခ်န္ပီယံေမွ်ာ္လင့္ခ်က္အတြက္ အဓိကၿခိမ္းေျခာက္မယ့္အသင္းျဖစ္တယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။