ရှေ့ဆက် ပီအက်စ်ဂျီအသင်းမှာ ဆက်နေသင့်၊ မနေသင့် ဇဝေဇဝါ ဖြစ်နေတဲ့ ဘတ်ပီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ အဆင်မပြေဖြစ်နေသေးတဲ့ အမ်ဘတ်ပီက အနာဂတ်နဲ့ ပတ်သက်ပြီး ပီအက်စ်ဂျီအသင်းက သူ့အတွက် နေရာမှန်ဖြစ်ရဲ့လားဆိုတာ ဝေခွဲမရဖြစ်နေပါတယ်။

အသင်းနဲ့ ဘတ်ပီ အကြား စာချုပ်သက်တမ်းဟာနောက်နှစ်နွေရာသီမှာ ကုန်ဆုံးတော့မှာဖြစ်ပြီး၊ အသက် ၂၂ နှစ်အရွယ် ပြင်သစ်တိုက်စစ်မှူးဟာ

ကမ္ဘာ့အကောင်းဆုံး လူငယ်ကြယ်ပွင့်အဖြစ် သတ်မှတ်ခံလာရပြီးနောက် ဥရောပအသင်းကြီးတော်တော်များများရဲ့ စိတ်ဝင်စားခြင်းကို ခံနေရပါတယ်။

ဘတ်ပီက သူ့ရဲ့အနာဂတ်အတွက် စဉ်းစားချိန်မှာ ရီးရဲလ်မက်ဒရစ်၊ ချယ်လ်ဆီး၊ ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်တို့လို ထိပ်တန်းအသင်းတွေက သူ့ကိုခေါ်ယူဖို့ စိတ်ဝင်စားကြပါတယ်။

အမ်ဘတ်ပီ က “ကျွန်တော်ဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချရမှာဖြစ်ပါတယ်။

ဒါပေမယ့် အဲဒါဟာသိပ်ကို ခက်ခဲလွန်းပါတယ်။

အခွင့်အလမ်းတစ်ခုအတွက် ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်ကိုတော့ ကိုယ်တိုင် ချမှတ်ရမှာဖြစ်ပါတယ်။”

“တစ်ခုရှိတာက ပီအက်စ်ဂျီအသင်းမှာ လက်ရှိအချိန်ထိ ရှိနေတဲ့အပေါ်မှာ ခံစားချက်သိပ်ကို ကောင်းမွန်ပါတယ်။

ဒါပေမယ့် ပီအက်စ်ဂျီအသင်းဟာ ကိုယ့်အတွက် အကောင်းဆုံးနေရာတစ်ခုလားဆိုတဲ့ မေးခွန်းအပေါ်မှာတော့ ကျွန်တော့်မှာ ဖြေစရာအဖြေမရှိဘူးဖြစ်နေတယ်”

“ပီအက်စ်ဂျီက ကျွန်တော့်စိတ်ခံစားချက်ကို နားလည်ပါတယ်။

ဘာလို့လဲဆိုတော့ ကျွန်တော်က ခိုးကြောင်ခိုးဝှက်မလုပ်တတ်ဘူးဆိုတာ သူတို့သိနေလို့ပါ”

“ကစားသမားကောင်းတစ်ဦးအနေနဲ့ ကွင်းပြင်ဘက်မှာလည်း အရာရာကို ဘယ်လိုရှင်းရှင်းလင်းလင်းလုပ်ရမလဲဆိုတာကို သိဖို့လိုပါတယ်။

အဲဒါက အဆင့်အတန်းရှိရှိဖြေရှင်းတာလည်း ဖြစ်ပါတယ်” လို့ ပြောပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ေရွ႕ဆက္ ပီအက္စ္ဂ်ီအသင္းမွာ ဆက္ေနသင့္၊ မေနသင့္ ဇေဝဇဝါ ျဖစ္ေနတဲ့ ဘတ္ပီ

ပီအက္စ္ဂ်ီအသင္းနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ အဆင္မေျပျဖစ္ေနေသးတဲ့ အမ္ဘတ္ပီက အနာဂတ္နဲ႔ ပတ္သက္ၿပီး ပီအက္စ္ဂ်ီအသင္းက သူ႔အတြက္ ေနရာမွန္ျဖစ္ရဲ႕လားဆိုတာ ေဝခြဲမရျဖစ္ေနပါတယ္။

အသင္းနဲ႔ ဘတ္ပီ အၾကား စာခ်ဳပ္သက္တမ္းဟာေနာက္ႏွစ္ေႏြရာသီမွာ ကုန္ဆုံးေတာ့မွာျဖစ္ၿပီး၊အသက္ ၂၂ ႏွစ္အ႐ြယ္ ျပင္သစ္တိုက္စစ္မႉးဟာ ကမာၻ႔အေကာင္းဆုံး လူငယ္ၾကယ္ပြင့္အျဖစ္ သတ္မွတ္ခံလာရၿပီးေနာက္ ဥေရာပအသင္းႀကီးေတာ္ေတာ္မ်ားမ်ားရဲ႕ စိတ္ဝင္စားျခင္းကို ခံေနရပါတယ္။

ဘတ္ပီက သူ႔ရဲ႕အနာဂတ္အတြက္ စဥ္းစားခ်ိန္မွာ ရီးရဲလ္မက္ဒရစ္၊ ခ်ယ္လ္ဆီး၊ ဘာစီလိုနာနဲ႔ ဘိုင္ယန္ျမဴးနစ္တို႔လို ထိပ္တန္းအသင္းေတြက သူ႔ကိုေခၚယူဖို႔ စိတ္ဝင္စားၾကပါတယ္။

အမ္ဘတ္ပီ က “ကြၽန္ေတာ္ဟာ မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္ကို ခ်ရမွာျဖစ္ပါတယ္။ ဒါေပမယ့္ အဲဒါဟာသိပ္ကို ခက္ခဲလြန္းပါတယ္။ အခြင့္အလမ္းတစ္ခုအတြက္ ေကာင္းမြန္တဲ့ ဆုံးျဖတ္ခ်က္ကိုေတာ့ ကိုယ္တိုင္ ခ်မွတ္ရမွာျဖစ္ပါတယ္။”

“တစ္ခုရွိတာက ပီအက္စ္ဂ်ီအသင္းမွာ လက္ရွိအခ်ိန္ထိ ရွိေနတဲ့အေပၚမွာ ခံစားခ်က္သိပ္ကို ေကာင္းမြန္ပါတယ္။ ဒါေပမယ့္ ပီအက္စ္ဂ်ီအသင္းဟာ ကိုယ့္အတြက္ အေကာင္းဆုံးေနရာတစ္ခုလားဆိုတဲ့ ေမးခြန္းအေပၚမွာေတာ့ ကြၽန္ေတာ့္မွာ ေျဖစရာအေျဖမရွိဘူးျဖစ္ေနတယ္” “ပီအက္စ္ဂ်ီက ကြၽန္ေတာ့္စိတ္ခံစားခ်က္ကို နားလည္ပါတယ္။ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္က ခိုးေၾကာင္ခိုးဝွက္မလုပ္တတ္ဘူးဆိုတာ သူတို႔သိေနလို႔ပါ”

“ကစားသမားေကာင္းတစ္ဦးအေနနဲ႔ ကြင္းျပင္ဘက္မွာလည္း အရာရာကို ဘယ္လိုရွင္းရွင္းလင္းလင္းလုပ္ရမလဲဆိုတာကို သိဖို႔လိုပါတယ္။ အဲဒါက အဆင့္အတန္းရွိရွိ​ေျဖရွင္းတာလည္း ျဖစ္ပါတယ္” လို႔ ​ေျပာပါတယ္။