ရီးရဲလ်ဆီ ပြောင်းရွှေ့ဖို့ အေးဂျင့်ကို ချိတ်ဆက်ခိုင်းတဲ့ မာရှယ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပြီးခဲ့တဲ့ ရာသီတုန်းက ထင်သလောက် မဟုတ်ခဲ့တဲ့ ယူနိုက်တက်အသင်းရဲ့ ပြင်သစ် တိုက်စစ်မှူး ဖြစ်သူ မာရှယ်ဟာ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ ရီးရဲလ်မက်ဒရစ် အသင်းကို ပြောင်းရွှေ့ဖို့ မျက်စိကျနေကြောင်း သိရပါတယ်။

အသက် ၂၅နှစ် အရွယ် ပြင်သစ် တိုက်စစ်မှူး မာရှယ်ဟာ ပြင်သစ်ကလပ် မိုနာကိုအသင်း ကနေ ယူနိုက်တက်အသင်းဆီကို အသက် ၁၉နှစ် အရွယ်ကတည်းက ရောက်ရှိခဲ့သူ ဖြစ်ပါတယ်။

မာရှယ်ဟာ သူ့ရဲ့အေးဂျင့်ကတစ်ဆင့် ရီးရဲလ်မက်ဒရစ်အသင်းဆီကို ကမ်းလှမ်းမှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

နည်းပြဆိုးလ်ရှားရဲ့အနာဂတ်စီမံကိန်းမှာ သူ့အတွက် နေရာမရနိုင်ဘူးထင်လို့ မာရှယ်က ကြိုတင်ပြင်ဆင်တာဖြစ်နိုင်ပါတယ်။

ယူနိုက်တက်ဟာ ဂျေဒန်ဆန်ချိုကို မရမကခေါ်ယူဖို့ ကြိုးစားနေပြီး အသင်းကိုရောက်ရှိလာခဲ့ပါက မာရှယ်အတွက် ပုံမှန်ကစားခွင့်က နည်းပါးလာမှာဖြစ်ပါတယ်။

ဆန်ချိုသာ ရောက်လာပါက ယူနိုက်တက်အသင်းရဲ့ တိုက်စစ်ပိုင်းမှာ ပုံမှန် ပွဲထွက်ခွင့် ရနိုင်တဲ့ ကစားသမား ၅ဦး အထိ ရှိသွားမှာ ဖြစ်ကာ မာရှယ်ဟာ အဆိုပါ ကစားသမား ၅ဦး အနက် အရန်ခုံမှာ ထိုင်ရဖို့ အခွင့်အရေး အများဆုံး ကစားသမား ဖြစ်နေပါတယ်။

မာရှယ်ဟာ ကနဦးအနေနဲ့ အငှားပြောင်းရွှေ့တာမျိုးလည်း ဖြစ်နိုင်ပြီး အပြီးသတ်ဝယ်ယူခွင့်သဘောတူညီချက်ကို ထည့်သွင်းဖို့လည်းရှိနိုင်တယ်လို့ သတင်းတွေက ဆိုပါတယ်။

ရီးရဲလ်မက်ဒရစ်ရဲ့မာရှယ်အပေါ် စိတ်ဝင်စားမှုကို ကြည့်ရပါမယ်။ ယူနိုက်တက်အသင်း ကတော့ မာရှယ် အတွက် ပြောင်းရွှေ့ကြေး ကို ယူရို သန်း၆၀ ဝန်းကျင် အလိုရှိနေတာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ရီးရဲလ္ဆီ ေျပာင္းေ႐ႊ႕ဖို႔ ေအးဂ်င့္ကို ခ်ိတ္ဆက္ခိုင္းတဲ့ မာရွယ္

ၿပီးခဲ့တဲ့ ရာသီတုန္းက ထင္သေလာက္ မဟုတ္ခဲ့တဲ့ ယူႏိုက္တက္အသင္းရဲ႕ ျပင္သစ္ တိုက္စစ္မႉး ျဖစ္သူ မာရွယ္ဟာ ယခုႏွစ္ ေႏြရာသီ အေျပာင္းအေ႐ႊ႕မွာ ရီးရဲလ္မက္ဒရစ္ အသင္းကို ေျပာင္းေ႐ႊ႕ဖို႔ မ်က္စိက်ေနေၾကာင္း သိရပါတယ္။

အသက္ ၂၅ႏွစ္ အ႐ြယ္ ျပင္သစ္ တိုက္စစ္မႉး မာရွယ္ဟာ ျပင္သစ္ကလပ္ မိုနာကိုအသင္း ကေန ယူႏိုက္တက္အသင္းဆီကို အသက္ ၁၉ႏွစ္ အ႐ြယ္ကတည္းက ေရာက္ရွိခဲ့သူ ျဖစ္ပါတယ္။

မာရွယ္ဟာ သူ႔ရဲ႕ေအးဂ်င့္ကတစ္ဆင့္ ရီးရဲလ္မက္ဒရစ္အသင္းဆီကို ကမ္းလွမ္းမႈေတြျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။ နည္းျပဆိုးလ္ရွားရဲ႕အနာဂတ္စီမံကိန္းမွာ သူ႔အတြက္ ေနရာမရႏိုင္ဘူးထင္လို႔ မာရွယ္က ႀကိဳတင္ျပင္ဆင္တာျဖစ္ႏိုင္ပါတယ္။ ယူႏိုက္တက္ဟာ ေဂ်ဒန္ဆန္ခ်ိဳကို မရမကေခၚယူဖို႔ ႀကိဳးစားေနၿပီး အသင္းကိုေရာက္ရွိလာခဲ့ပါက မာရွယ္အတြက္ ပုံမွန္ကစားခြင့္က နည္းပါးလာမွာျဖစ္ပါတယ္။

ဆန္ခ်ိဳသာ ေရာက္လာပါက ယူႏိုက္တက္အသင္းရဲ႕ တိုက္စစ္ပိုင္းမွာ ပုံမွန္ ပြဲထြက္ခြင့္ ရႏိုင္တဲ့ ကစားသမား ၅ဦး အထိ ရွိသြားမွာ ျဖစ္ကာ မာရွယ္ဟာ အဆိုပါ ကစားသမား ၅ဦး အနက္ အရန္ခုံမွာ ထိုင္ရဖို႔ အခြင့္အေရး အမ်ားဆုံး ကစားသမား ျဖစ္ေနပါတယ္။

မာရွယ္ဟာ ကနဦးအေနနဲ႔ အငွားေျပာင္းေ႐ႊ႕တာမ်ိဳးလည္း ျဖစ္ႏိုင္ၿပီး အၿပီးသတ္ဝယ္ယူခြင့္သေဘာတူညီခ်က္ကို ထည့္သြင္းဖို႔လည္းရွိႏိုင္တယ္လို႔ သတင္းေတြက ဆိုပါတယ္။ ရီးရဲလ္မက္ဒရစ္ရဲ႕မာရွယ္အ​ေပၚ စိတ္၀င္စားမႈကို ၾကည့္ရပါမယ္။ ယူႏိုက္တက္အသင္း ကေတာ့ မာရွယ္ အတြက္ ေျပာင္းေ႐ႊ႕ေၾကး ကို ယူ႐ို သန္း၆၀ ဝန္းက်င္ အလိုရွိေနတာပါ။