ရာသီႀကိဳခရီးစဥ္ေတြက ပင္ပန္းရံုကလြဲၿပီး အက်ိဳးမရွိခဲ့ဘူး…

PC ; Getty

ရာသီႀကိဳေျခစမ္းပြဲခရီးစဥ္ေတြဟာ ကစားသမားေတြကိုပင္ပန္းေစရံုကလြဲလို႔ အသင္းအေပၚအက်ိဳးသက္ေရာက္မႈ လံုး၀မရွိခဲ့ဘူးလို႔ ဘာစီလိုနာေနာက္ခံလူပီေကးက ထုတ္ေဖာ္ဖြင့္ဟလိုက္ပါတယ္။လာလီဂါခ်န္ပီယံဟာ အဆိုးရြားဆံုးရာသီအစရလဒ္နဲ႔ရင္ဆိုင္ေနရၿပီး လိဂ္ ၆ပြဲမွာ ၃ပြဲႏိုင္၊၁ပြဲသေရ၊၂ပြဲရံႈးထားပါတယ္။ဒါေၾကာင့္ ေ၀ဖန္မႈေတြခံေနရေပမယ့္ စပိန္ေနာက္ခံလူကေတာ့ ရာသီႀကိဳခရီးစဥ္ေတြကိုသာ အျပစ္တင္လိုက္တာျဖစ္ပါတယ္။

PC ; Getty

“ရာသီႀကိဳခရီးစဥ္ေတြဟာ ကၽြန္ေတာ္တို႔ကို ဘာအကူအညီမွမေပးႏိုင္ခဲ့ပါဘူး။ ခရီးေတြအမ်ားၾကီးထြက္ခဲ့ရၿပီး ကစားသမားေတြပင္ပန္းတာပဲ အဖတ္တင္ခဲ့တာပါ။ ကၽြန္ေတာ္တို႔ဟာဘာစီလိုနာျဖစ္ေနတာေၾကာင့္ ဆင္ေျခေတာ့သိပ္မေပးခ်င္ပါဘူး”လို႔ ပီေကးက ဗီလာရီးရဲလ္ကိုအႏိုင္ရတဲ့ အိမ္ကြင္းပြဲစဥ္အၿပီးမွာ ဆိုပါတယ္။ဘာစီလိုနာဟာ ရာသီႀကိဳကာလတုန္းက အာရွနဲ႔အေမရိကန္ကို မိုင္ေပါင္းေထာင္ခ်ီခရီးႏွင္ၿပီး ေျခစမ္းပြဲေတြသြားေရာက္ကစားခဲ့ပါတယ္။ဇူလိုင္ ၂၃ရက္တုန္းက ဂ်ပန္ႏို္င္ငံ ဆိုင္တီမာမွာ ခ်ဲလ္ဆီး၊ေနာက္ ၄ရက္အၾကာ ကိုဘီမွာ ဗစ္ဆယ္ကိုဘီ၊ၾသဂုတ္ ၄ရက္မွာ စပိန္ကိုျပန္လာၿပီး အာဆင္နယ္နဲ႔ေျခစမ္းခဲ့ပါတယ္။အဲဒီေနာက္ ၾသဂုတ္လ ၇ရက္ေန႔မွာ အေမရိကန္ခရီးစဥ္စတင္ခဲ့ၿပီး နာပိုလီနဲ႔ ေျခစမ္းပြဲ ၂ပြဲကစားခဲ့ပါတယ္။

PC ; Internet

ဆက္လက္ၿပီး ပီေကးက အမွတ္ေပးဇယားထိပ္က အသင္းေတြနဲ႔အမွတ္ကြာေနတာေၾကာင့္ ဗီလာရီးရဲလ္ကို အႏိုင္ရတဲ့ပြဲဟာ အေရးပါတယ္လို႔ ေျပာသြားခဲ့ပါတယ္။“အႏိုင္ရခဲ့တဲ့အတြက္ ရလဒ္ေကာင္းတယ္လို႔ဆိုရမွာပါ။ ကၽြန္ေတာ္တို႔ဟာ ဇယားထိပ္နားကအသင္းေတြနဲ႔အနည္းငယ္အလွမ္းကြာေနလို႔ ဒီႏိုင္ပြဲကအသင္းအတြက္အရမ္းကိုအေရးပါခဲ့တယ္။ ၂ဂိုးရျပီးတဲ့ေနာက္မွာ ဂိုးျပန္ေပးခဲ့ရေပမယ့္ အေရးၾကီးဆံုးက ၃မွတ္ရဖို႔ပါပဲ” လို႔ စပိန္သားက ေျပာသြားခဲ့ပါတယ္။

(unicode)

ရာသီကြိုခြေစမ်းပွဲခရီးစဉ်တွေဟာ ကစားသမားတွေကိုပင်ပန်းစေရုံကလွဲလို့ အသင်းအပေါ်အကျိုးသက်ရောက်မှု လုံးဝမရှိခဲ့ဘူးလို့ ဘာစီလိုနာနောက်ခံလူပီကေးက ထုတ်ဖော်ဖွင့်ဟလိုက်ပါတယ်။လာလီဂါချန်ပီယံဟာ အဆိုးရွားဆုံးရာသီအစရလဒ်နဲ့ရင်ဆိုင်နေရပြီး လိဂ် ၆ပွဲမှာ ၃ပွဲနိုင်၊၁ပွဲသရေ၊၂ပွဲရှုံးထားပါတယ်။ဒါကြောင့် ဝေဖန်မှုတွေခံနေရပေမယ့် စပိန်နောက်ခံလူကတော့ ရာသီကြိုခရီးစဉ်တွေကိုသာ အပြစ်တင်လိုက်တာဖြစ်ပါတယ်။“ရာသီကြိုခရီးစဉ်တွေဟာ ကျွန်တော်တို့ကို ဘာအကူအညီမှမပေးနိုင်ခဲ့ပါဘူး။ ခရီးတွေအများကြီးထွက်ခဲ့ရပြီး ကစားသမားတွေပင်ပန်းတာပဲ အဖတ်တင်ခဲ့တာပါ။ ကျွန်တော်တို့ဟာဘာစီလိုနာဖြစ်နေတာကြောင့် ဆင်ခြေတော့သိပ်မပေးချင်ပါဘူး”လို့ ပီကေးက ဗီလာရီးရဲလ်ကိုအနိုင်ရတဲ့ အိမ်ကွင်းပွဲစဉ်အပြီးမှာ ဆိုပါတယ်။ဘာစီလိုနာဟာ ရာသီကြိုကာလတုန်းက အာရှနဲ့အမေရိကန်ကို မိုင်ပေါင်းထောင်ချီခရီးနှင်ပြီး ခြေစမ်းပွဲတွေသွားရောက်ကစားခဲ့ပါတယ်။ဇူလိုင် ၂၃ရက်တုန်းက ဂျပန်နိုင်ငံ ဆိုင်တီမာမှာ ချဲလ်ဆီး၊နောက် ၄ရက်အကြာ ကိုဘီမှာ ဗစ်ဆယ်ကိုဘီ၊သြဂုတ် ၄ရက်မှာ စပိန်ကိုပြန်လာပြီး အာဆင်နယ်နဲ့ခြေစမ်းခဲ့ပါတယ်။အဲဒီနောက် သြဂုတ်လ ၇ရက်နေ့မှာ အမေရိကန်ခရီးစဉ်စတင်ခဲ့ပြီး နာပိုလီနဲ့ ခြေစမ်းပွဲ ၂ပွဲကစားခဲ့ပါတယ်။ဆက်လက်ပြီး ပီကေးက အမှတ်ပေးဇယားထိပ်က အသင်းတွေနဲ့အမှတ်ကွာနေတာကြောင့် ဗီလာရီးရဲလ်ကို အနိုင်ရတဲ့ပွဲဟာ အရေးပါတယ်လို့ ပြောသွားခဲ့ပါတယ်။“အနိုင်ရခဲ့တဲ့အတွက် ရလဒ်ကောင်းတယ်လို့ဆိုရမှာပါ။ ကျွန်တော်တို့ဟာ ဇယားထိပ်နားကအသင်းတွေနဲ့အနည်းငယ်အလှမ်းကွာနေလို့ ဒီနိုင်ပွဲကအသင်းအတွက်အရမ်းကိုအရေးပါခဲ့တယ်။ ၂ဂိုးရပြီးတဲ့နောက်မှာ ဂိုးပြန်ပေးခဲ့ရပေမယ့် အရေးကြီးဆုံးက ၃မှတ်ရဖို့ပါပဲ” လို့ စပိန်သားက ပြောသွားခဲ့ပါတယ်။