ရပ်ရှ်ဖို့ပြောကြားတဲ့ ယူနိုက်တက်နဲ့ပတ်သက်တဲ့စကားများ

photo internet

မန်ချက်စတာယူနိုက်တက်အသင်းက ခြေစွမ်းကောင်း တိုက်စစ်ကစားသမားလေး ရပ်ရှ်ဖို့ပြောဆိုထားတဲ့ စကားအချို့ကိုတင်ဆက်ပေးလိုက်ပါတယ်။
ပေါလ်စခိုးလ်နဲ့ ဒေးဗစ်ဘက်ခမ်းတို့ဟာ သူ့ဘဝအတွက်အရေးပါခဲ့တယ်လို့ပြောဆိုမှု

“ပေါလ်စခိုးလ်နဲ့ဒေးဗစ်ဘက်ခမ်းသူတို့နှစ်ယောက်ဟာ ကျွန်တော့်အပေါ် အတော်ကို လွှမ်းမိုးနိုင်ခဲ့ပါတယ်။ သူတို့ကြောင့်ပဲ ကျွန်တော်တိုးတက်လာတယ်ထင်ပါတယ်။ ကျွန်တော်အားကျခဲ့တဲ့ ကစားသမားတွေက အခုတော့အိုမင်းသွားကြပါပြီ။ ဒီလိုပါပဲ လူငယ်ကစားသမားတွေကလည်း ကျွန်တော်တို့ကို စောင့်ကြည့်နေကြမှာပါ။ စီနီယာတွေရဲ့လှုပ်ရှားချက်တွေဟာ လူငယ်ကစားသမားတွေအပေါ် သက်ရောက်နိုင်မှုရှိတယ်ဆိုတာ ကျွန်တော်နားလည်ပါတယ်”လို့ ရပ်ရှ်ဖို့ကပြောပါတယ်။

photo internet

ယူနိုက်တက်နဲ့ပတ်သက်ပြီး မိသားစုဝင်တွေရဲ့ပံ့ပိုးမှုအပေါ်ပြောဆိုမှု

“ကျွန်တော်ယူနိုက်တက်ကို မရောက်ခင်က ခေါ်ယူလိုတဲ့ အသင်းတွေများစွာရှိပါတယ်။ ကျွန်တော့်ရဲ့အမေ ကတော့ ဘောလုံးအကြောင်း သိပ်မသိခဲ့ပါဘူး။ ဒါပေမယ့် အဲဒီအချိန်ကတည်းက ကျွန်တော်တို့ ယူနိုက်တက်ကို အားပေးခဲ့ကြတာပါ။ အစ်ကို့ရဲ့ပံ့ပိုးမှုတွေက အခရာဖြစ်ခဲ့ပါတယ်။ အစ်ကိုက ကျွန်တော့်ကို အကယ်ဒမီအသင်းတွေနဲ့ပတ်သက်ပြီး ဘယ်အသင်းတွေကတော့ကောင်းတယ်၊ ဘယ်အသင်းတွေ ကတော့ဆိုးတယ်စသဖြင့်ခွဲခြားပြောပြပေးခဲ့ပါတယ်။ ကျွန်တော်ယူနိုက်တက်ကို ရောက်ရှိခဲ့ချိန်ကနေစပြီး ပြီးပြည့်စုံတယ်လို့ခံစားရပါတယ်”ဆိုပြီး ရပ်ရှ်ဖို့က ဆိုပါတယ်။

photo internet

ယူနိုက်တက်အကယ်ဒမီအသင်းရဲ့နံရံမှာ ဓာတ်ပုံချိတ်ဆွဲခံရတဲ့အပေါ် ပြောဆိုမှု

“ဒီလိုဓာတ်ပုံချိတ်ခံရတာဟာ အရေးပေးလွှမ်းမိုးခံရတယ်လို့ခံစားရပါတယ်။ အဲဒီဓာတ်ပုံကိုကြည့်လိုက်မယ် ဆိုရင် တိုးတက်ပြောင်းလဲတဲ့ဖြစ်စဉ်တစ်ခုကိုတွေ့ရမှာပါ။ ကျွန်တော်တို့တုန်းက ရှေ့ကစံပြကစားသမားတွေကို ကြည့်ခဲ့ရသလို၊ အခုလည်း နောက်လူငယ်လေးတွေက ကျွန်တော်တို့ကို စောင့်ကြည့်နေပါပြီ။ အပြောင်းအလဲ တွေဟာမြန်ပါတယ်”လို့ ရပ်ရှ်ဖို့က ပြောပါတယ်။

photo internet

နည်းပြဟောင်း ဒေးဗစ်မိုယက်စ်ရဲ့ နေရာပေးလေ့ကျင့်စေမှုအပေါ်ပြောဆိုမှု

“စီနီယာအသင်းဆီသွားခဲ့တုန်းက ဒေးဗစ်မိုယက်စ်က နေရာပေးခဲ့ပါတယ်။ အဲဒီတုန်းက ခံစားရတဲ့ခံစားချက်ဟာ နှိုင်းမရအောင်ဖြစ်ခဲ့ပါတယ်။ လေ့ကျင့်ရေးအစီအစဉ်တွေမှာ အစွမ်းကုန်ကြိုးစားခဲ့ပါတယ်။ လူငယ်အသင်းဆီပြန် လာတဲ့အချိန်မှာ အဲဒီတုန်းကရခဲ့တဲ့မိနစ်တွေက တကယ်အဖိုးတန်ကြောင်းသိခဲ့ရပါတယ်။ တန်ဖိုးဖြတ်လို့မရတဲ့ အမှတ်တရတွေပါ”လို့ ရပ်ရှ်ဖို့က ပြောခဲ့ပါတယ်။

photo internet

(Zawgyi Version)

ရပ္ရွ္ဖို႔ေျပာၾကားတဲ့ ယူႏိုက္တက္နဲ႔ပတ္သက္တဲ့စကားမ်ား

မန္ခ်က္စတာယူႏိုက္တက္အသင္းက ေျခစြမ္းေကာင္း တုိက္စစ္ကစားသမားေလး ရပ္ရွ္ဖို႔ေျပာဆိုထားတဲ့ စကားအခ်ဳိ႕ကိုတင္ဆက္ေပးလုိက္ပါတယ္။

ေပါလ္စခိုးလ္နဲ႔ ေဒးဗစ္ဘက္ခမ္းတို႔ဟာ သူ႔ဘ၀အတြက္အေရး ပါခဲ့တယ္လုိ ႔ေျပာဆိုမႈ

“ေပါလ္စခိုးလ္နဲ႔ေဒးဗစ္ဘက္ခမ္းသူတို႔ႏွစ္ေယာက္ဟာ ကၽြန္ေတာ့္အေပၚ အေတာ္ကို လႊမ္းမိုးႏိုင္ခဲ့ပါတယ္။ သူတို႔ေၾကာင့္ပဲ ကၽြန္ေတာ္တိုးတက္လာတယ္ထင္ပါတယ္။ ကၽြန္ေတာ္အားက်ခဲ့တဲ့ ကစားသမားေတြက အခုေတာ့အိုမင္းသြားၾကပါၿပီ။ ဒီလုိပါပဲ လူငယ္ကစားသမားေတြကလည္း ကၽြန္ေတာ္တို႔ကို ေစာင့္ၾကည့္ေနၾကမွာပါ။ စီနီယာေတြရဲ႕လႈပ္ရွားခ်က္ေတြဟာ လူငယ္ကစားသမားေတြအေပၚ သက္ေရာက္ႏိုင္မႈရိွတယ္ဆိုတာ ကၽြန္ေတာ္နားလည္ပါတယ္”လို႔ ရပ္ရွ္ဖို႔ကေျပာပါတယ္။

ယူႏိုက္တက္နဲ႔ပတ္သက္ၿပီး မိသားစု၀င္ေတြရဲ႕ပ့ံပိုးမႈအေပၚေျပာဆိုမႈ

“ကၽြန္ေတာ္ယူႏိုက္တက္ကို မေရာက္ခင္က ေခၚယူလိုတဲ့ အသင္းေတြမ်ားစြာရိွပါတယ္။ ကၽြန္ေတာ့္ရဲ႕အေမ ကေတာ့ ေဘာလုံးအေၾကာင္း သိပ္မသိခဲ့ပါဘူး။ ဒါေပမယ့္ အဲဒီအခ်ိန္ကတည္းက ကၽြန္ေတာ္တို႔ ယူႏိုက္တက္ကို အားေပးခဲ့ၾကတာပါ။ အစ္ကို႔ရဲ႕ပံ့ပိုးမႈေတြက အခရာျဖစ္ခဲ့ပါတယ္။ အစ္ကိုက ကၽြန္ေတာ့္ကို အကယ္ဒမီအသင္းေတြနဲ႔ပတ္သက္ၿပီး ဘယ္အသင္းေတြကေတာ့ေကာင္းတယ္၊ ဘယ္အသင္းေတြ ကေတာ့ဆိုးတယ္စသျဖင့္ခြဲျခားေျပာျပေပးခဲ့ပါတယ္။ ကၽြန္ေတာ္ယူႏိုက္တက္ကို ေရာက္ရိွခဲ့ခ်ိန္ကေနစၿပီး ၿပီးျပည့္စုံတယ္လို႔ခံစားရပါတယ္”ဆိုၿပီး ရပ္ရွ္ဖို႔က ဆိုပါတယ္။

ယူႏိုက္တက္အကယ္ဒမီအသင္းရဲ႕နံရံမွာ ဓာတ္ပုံခ်ိတ္ဆြဲခံရတဲ့အေပၚ ေျပာဆုိမႈ

“ဒီလိုဓာတ္ပုံခ်ိတ္ခံရတာဟာ အေရးေပးလႊမ္းမိုးခံရတယ္လုိ႔ခံစားရပါတယ္။ အဲဒီဓာတ္ပုံကိုၾကည့္လုိက္မယ္ ဆုိရင္ တိုးတက္ေျပာင္းလဲတဲ့ျဖစ္စဥ္တစ္ခုကိုေတြ႕ရမွာပါ။ ကၽြန္ေတာ္တို႔တုန္းက ေရွ႕ကစံျပကစားသမားေတြကို ၾကည့္ခဲ့ရသလုိ၊ အခုလည္း ေနာက္လူငယ္ေလးေတြက ကၽြန္ေတာ္တို႔ကို ေစာင့္ၾကည့္ေနပါၿပီ။ အေျပာင္းအလဲ ေတြဟာျမန္ပါတယ္”လို႔ ရပ္ရွ္ဖို႔က ေျပာပါတယ္။

နည္းျပေဟာင္း ေဒးဗစ္မိုယက္စ္ရဲ႕ ေနရာေပးေလ့က်င့္ေစမႈအေပၚေျပာဆိုမႈ

“စီနီယာအသင္းဆီသြားခဲ့တုန္းက ေဒးဗစ္မိုယက္စ္က ေနရာေပးခဲ့ပါတယ္။ အဲဒီတုန္းက ခံစားရတဲ့ခံစားခ်က္ဟာ ႏိႈင္းမရေအာင္ျဖစ္ခဲ့ပါတယ္။ ေလ့က်င့္ေရးအစီအစဥ္ေတြမွာ အစြမ္းကုန္ႀကိဳးစားခဲ့ပါတယ္။ လူငယ္အသင္းဆီျပန္ လာတဲ့အခ်ိန္မွာ အဲဒီတုန္းကရခဲ့တဲ့မိနစ္ေတြက တကယ္အဖုိးတန္ေၾကာင္းသိခဲ့ရပါတယ္။ တန္ဖုိးျဖတ္လုိ႔မရတဲ့ အမွတ္တရေတြပါ”လို႔ ရပ္ရွ္ဖို႔က ေျပာခဲ့ပါတယ္။