ရင်ထုမနာ ဖြစ်ရတဲ့ ရော်နယ်လ်ကိုးမန်းရဲ့ ပေါက်ကွဲသံစဉ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘာစီလိုနာ အသင်းနည်းပြ ရော်နယ်လ်ကိုးမန်း ကတော့ချန်ပီယံလိဂ်မှာ ပီအက်စ်ဂျီ အသင်းကို ဂိုးပြတ်ရှုံးနိမ့်တာထက် လာလီဂါ ပွဲစဉ်မှာ ကာဒစ်ဇ် အသင်းကို အနိုင်မရခဲ့တာက ပိုပြီး စိတ်ပျက်ဖို့ ကောင်းတယ်လို့ ပြောဆိုထားပါတယ်။ ဘာစီလိုနာ အသင်းဟာ ယမန်နေ့က ကစားခဲ့တဲ့ လာလီဂါပွဲစဉ်ရဲ့ပထမပိုင်းမှာ မက်ဆီရဲ့ပင်နယ်တီသွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ပွဲပြီးခါနီးမှာ ပြန်ပေးခဲ့ရတဲ့ ပင်နယ်တီကြောင့် ကာဒစ်ဇ် နဲ့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့ပါတယ်။

ဘာစီလိုနာ အသင်းဟာ အဲဒီပွဲသရေကျခဲ့တာကြောင့် ထိပ်ဆုံးက အက်သလက်တီကို အသင်းနဲ့ (၈)မှတ်အကွာ တတိယနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။နည်းပြရော်နယ်လ်ကိုးမန်းက “အဲဒီပွဲအနေအထားက တော်တော်စိတ်ပျက်ဖို့ ကောင်းပါတယ်။အဲဒီပွဲမျိုးကို အနိုင်ရအောင်လုပ်ရမှာဖြစ်ပေမယ့် ကျွန်တော်တို့ မလုပ်နိုင်ခဲ့ပါဘူး”

“အဲဒီအဖြစ်ဟာ အက်သလက်တီကို အသင်းရှုံးနိမ့်အပြီးမှာ အလွန်ကောင်းမွန်တဲ့ အခွင့်အရေးကြီးကို ဆုံးရှုံးလိုက်ရတာပါပဲ။ဒီအနေအထားက ပီအက်စ်ဂျီအသင်း ကို ရှုံးတာထက်ပိုပြီး စိတ်ပျက်စရာကောင်းပါတယ်။” “ဘယ်သူ့ကိုမှ အပြစ်မတင်ချင်ပါဘူး” လို့ ပြောဆိုခဲ့ပါတယ်။ ဘာစီလိုနာ အသင်းဟာ (၂၀၁၅)နောက်ပိုင်း ပထမဆုံးအကြိမ် ပြိုင်ပွဲစုံ (၈)ပွဲဆက် ပေးဂိုးပေးခဲ့ရတာပါ။

မက်ဆီကတော့ လာလီဂါမှာ ဘာစီလိုနာ အတွက် ပွဲပေါင်း ၅၀၆ ပွဲ ကစားကာ ဇာဗီရဲ့စံချိန်ကို ကျော်ဖြတ်ထားပါတယ်။ လက်ရှိမှာအသင်းခေါင်းဆောင် မက်ဆီဟာ ဘာစီလိုနာအတွက် စပိန်လိဂ်ပွဲစဉ်များမှာ ပွဲအများဆုံး ကစားပေးထားတဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ရင္ထုမနာ ျဖစ္ရတဲ့ ေရာ္နယ္လ္ကိုးမန္းရဲ႕ ​ေပါက္ကြဲသံစဥ္

ဘာစီလိုနာ အသင္းနည္းျပ ေရာ္နယ္လ္ကိုးမန္း က​ေတာ့ခ်န္ပီယံလိဂ္မွာ ပီအက္စ္ဂ်ီ အသင္းကို ဂိုးျပတ္ရႈံးနိမ့္တာထက္ လာလီဂါ ပြဲစဥ္မွာ ကာဒစ္ဇ္ အသင္းကို အႏိုင္မရခဲ့တာက ပိုၿပီး စိတ္ပ်က္ဖို႔ ေကာင္းတယ္လို႔ ေျပာဆိုထားပါတယ္။ ဘာစီလိုနာ အသင္းဟာ ယမန္ေန႔က ကစားခဲ့တဲ့ လာလီဂါပြဲစဥ္ရဲ႕ပထမပိုင္းမွာ မက္ဆီရဲ႕ပင္နယ္တီသြင္းဂိုးနဲ႔ ဦးေဆာင္ႏိုင္ခဲ့ေပမယ့္ ပြဲၿပီးခါနီးမွာ ျပန္ေပးခဲ့ရတဲ့ ပင္နယ္တီေၾကာင့္ ကာဒစ္ဇ္ နဲ႔ တစ္ဖက္တစ္ဂိုးစီ သေရက်ခဲ့ပါတယ္။

ဘာစီလိုနာ အသင္းဟာ အဲဒီပြဲသေရက်ခဲ့တာေၾကာင့္ ထိပ္ဆုံးက အက္သလက္တီကို အသင္းနဲ႔ (၈)မွတ္အကြာ တတိယေနရာမွာ ရပ္တည္ေနတာျဖစ္ပါတယ္။ နည္းျပေရာ္နယ္လ္ကိုးမန္းက “အဲဒီပြဲအ​ေနအထားက ​ေတာ္​ေတာ္စိတ္ပ်က္ဖို႔ ေကာင္းပါတယ္။အဲဒီပြဲမ်ိဳးကို အႏိုင္ရေအာင္လုပ္ရမွာျဖစ္​ေပမယ့္ ကြၽန္​ေတာ္တို႔ မလုပ္ႏိုင္ခဲ့ပါဘူး” “အဲဒီ အျဖစ္ဟာ အက္သလက္တီကို အသင္းရႈံးနိမ့္အၿပီးမွာ အလြန္ေကာင္းမြန္တဲ့ အခြင့္အေရးႀကီးကို ဆုံးရႈံးလိုက္ရတာပါပဲ။ဒီအ​ေနအထားက ပီအက္စ္ဂ်ီအသင္း ကို ရႈံးတာထက္ပိုၿပီး စိတ္ပ်က္စရာ​ေကာင္းပါတယ္။” “ဘယ္သူ႔ကိုမွ အျပစ္မတင္ခ်င္ပါဘူး” လို႔ ​ေျပာဆိုခဲ့ပါတယ္။

ဘာစီလိုနာ အသင္းဟာ (၂၀၁၅)ေနာက္ပိုင္း ပထမဆုံးအႀကိမ္ ၿပိဳင္ပြဲစုံ (၈)ပြဲဆက္ ေပးဂိုးေပးခဲ့ရတာပါ။ မက္ဆီက​ေတာ့ လာလီဂါမွာ ဘာစီလိုနာ အတြက္ ပြဲေပါင္း ၅၀၆ ပြဲ ကစားကာ ဇာဗီရဲ႕စံခ်ိန္ကို ေက်ာ္ျဖတ္ထားပါတယ္။ လက္ရွိမွာအသင္းေခါင္းေဆာင္ မက္ဆီဟာ ဘာစီလိုနာအတြက္ စပိန္လိဂ္ပြဲစဥ္မ်ားမွာ ပြဲအမ်ားဆုံး ကစားေပးထားတဲ့ ကစားသမားတစ္ဦးျဖစ္ပါတယ္။