ယူနိုက်တက်အသင်းအတွက် ပရီးမီးယားလိဂ်ပွဲဦးထွက်မှာ (၂)ဂိုးသွင်းယူခဲ့တဲ့ကစားသမားများ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

နယူးကာဆယ်အသင်းကို (၄-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ နာမည်ကျော်ကစားသမားစီရော်နယ်လ်ဒိုဟာ (၂)ဂိုးသွင်းယူခဲ့ပြီး ဒါက (၁၂)နှစ်အကြာမှာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် စီရော်နယ်လ်ဒို ဂိုးပြန်သွင်းခဲ့တာလည်းဖြစ်ပါတယ်။

စီရော်နယ်လ်ဒိုဟာ ယူနိုက်တက်အသင်းအတွက် ပထမအကြိမ်ပွဲဦးထွက်ဖြစ်တဲ့ ဘော်လ်တန်နဲ့ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့ဘဲ၊ ရီးယဲလ်အသင်းကစားသမားဘဝတုန်းက ဒီပို့တီပိုနဲ့လာလီဂါပွဲဦးထွက်မှာ ဂိုးသွင်းခဲ့ပြီး၊ ဂျူဗင်တပ်စ်အသင်းမှာတော့ ချီယေဗိုနဲ့ စီးရီးအေပွဲဦးထွက်မှာ ဂိုးမသွင်းနိုင်ခဲ့ပါဘူး။

အခု ယူနိုက်တက်အသင်းအတွက် ဒုတိယအကြိမ်မြောက် ပရီးမီးယားလိဂ်ပွဲဦးထွက်မှာ (၂)ဂိုးသွင်းယူခဲ့ပြီး အသင်းသမိုင်းတစ်လျှောက် ပရီးမီးယားလိဂ်ပွဲဦးထွက်မှာ(၂)ဂိုးသွင်းယူခဲ့တဲ့ (၅)ဦးမြောက်ကစားသမားအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။

ယူနိုက်တက်အသင်းသမိုင်းတစ်လျှောက် ပရီးမီးယားလိဂ်ပွဲဦးထွက်မှာ (၂)ဂိုးသွင်းယူခဲ့တဲ့ပထမဆုံးကစားသမားကတော့ ဂန္ထဝင်တိုက်စစ်မှူးကြီးနစ္စတယ်ရွိုင်းပါပဲ။

၂၀၀၁-၀၂ ရာသီတုန်းက အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ ဖူလ်ဟမ်အသင်းကို (၃-၂)ဂိုးနဲ့အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲမှာ နစ္စတယ်ရွိုင်းက ပွဲဦးထွက်မှာပဲ (၂)ဂိုးသွင်းယူခဲ့တာပါ။

ဒီစာရင်းမှာ ထူးထူးခြားခြားပါဝင်ခဲ့တာကတော့ တစ်ချိန်တုန်းက ယူနိုက်တက်လူငယ်တိုက်စစ်မှူးဟောင်း ဂျိမ်းစ်ဝီလ်ဆင်ဖြစ်ပါတယ်။

၂၀၁၄၊ မေလတုန်းက ဟားလ်စီးတီးအသင်းကို (၃-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ဂျိမ်းစ်ဝီလ်ဆင်ဟာ ပရီးမီးယားလိဂ်ပွဲဦးထွက်အဖြစ်ပါဝင်ကစားခွင့်ရခဲ့သလို (၂)ဂိုးသွင်းယူခဲ့တာကြောင့် အသင်းအတွက်ဂုဏ်ယူစရာကောင်းတဲ့မှတ်တမ်းထဲမှာ ပါဝင်နိုင်ခဲ့တာပါ။

အခု ယူနိုက်တက်အသင်းရဲ့တိုက်စစ်မှာအဓိက,ကစားသမားအဖြစ် ပါဝင်ခွင့်ရနေပြီဖြစ်တဲ့ ရပ်ရှ်ဖို့ဒ်ဟာလည်း အခုစာရင်းမှာတစ်ဦးအပါအဝင်ဖြစ်ခဲ့ပါတယ်။

အသက်(၁၈)နှစ်အရွယ်မှာကတည်းက ယူနိုက်တက်အသင်းအတွက် ပွဲထွက်ကစားခွင့်ရခဲ့ပြီး အာဆင်နယ်အသင်းကို (၃-၂)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ (၂)ဂိုးသွင်းယူခဲ့ပြီး

အသင်းသမိုင်းတစ်လျှောက် မာချီဒါ၊ ဝဲလ်ဘတ်တို့ပြီးရင် ပရီးမီးယားလိဂ်ပွဲဦးထွက်မှာ ဂိုးသွင်းခဲ့တဲ့တတိယမြောက်အသက်အငယ်ဆုံးကစားသမားဖြစ်ခဲ့သလို ယူနိုက်တက်အသင်းအတွက် ပထမဆုံးပရီးမီးယားလိဂ်ပွဲမှာ (၂)ဂိုးသွင်းယူခဲ့တဲ့ အသက်အငယ်ဆုံးကစားသမားအဖြစ် စံချိန်မှတ်တမ်းတွေပိုင်ဆိုင်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်ပွဲဦးထွက်မှာ ယူနိုက်တက်အသင်းအတွက် (၂)ဂိုးသွင်းယူခဲ့တဲ့ စတုတ္ထမြောက်ကစားသမားကတော့ အခုချယ်လ်ဆီးအသင်းမှာကစားနေတဲ့ တိုက်စစ်မှူးလူကာကူပဲဖြစ်ပြီး ဝက်စ်ဟမ်းကို (၄-၀)ဂိုးပြတ်အနိုင်ရခဲ့တဲ့ ၂၀၁၇-၁၈ ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ (၂)ဂိုးသွင်းခဲ့တာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ယူႏိုက္တက္အသင္းအတြက္ ပရီးမီးယားလိဂ္ပြဲဦးထြက္မွာ (၂)ဂိုးသြင္းယူခဲ့တဲ့ကစားသမားမ်ား

နယူးကာဆယ္အသင္းကို (၄-၁)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲမွာ နာမည္ေက်ာ္ကစားသမားစီေရာ္နယ္လ္ဒိုဟာ (၂)ဂိုးသြင္းယူခဲ့ၿပီး ဒါက (၁၂)ႏွစ္အၾကာမွာ မန္ခ်က္စတာယူႏိုက္တက္အသင္းအတြက္ စီေရာ္နယ္လ္ဒို ဂိုးျပန္သြင္းခဲ့တာလည္းျဖစ္ပါတယ္။ စီေရာ္နယ္လ္ဒိုဟာ ယူႏိုက္တက္အသင္းအတြက္ ပထမအႀကိမ္ပြဲဦးထြက္ျဖစ္တဲ့ ေဘာ္လ္တန္နဲ႔ပြဲမွာ ဂိုးမသြင္းႏိုင္ခဲ့ဘဲ၊ ရီးယဲလ္အသင္းကစားသမားဘဝတုန္းက ဒီပို႔တီပိုနဲ႔လာလီဂါပြဲဦးထြက္မွာ ဂိုးသြင္းခဲ့ၿပီး၊ ဂ်ဴဗင္တပ္စ္အသင္းမွာေတာ့ ခ်ီေယဗိုနဲ႔ စီးရီးေအပြဲဦးထြက္မွာ ဂိုးမသြင္းႏိုင္ခဲ့ပါဘူး။

အခု ယူႏိုက္တက္အသင္းအတြက္ ဒုတိယအႀကိမ္ေျမာက္ ပရီးမီးယားလိဂ္ပြဲဦးထြက္မွာ (၂)ဂိုးသြင္းယူခဲ့ၿပီး အသင္းသမိုင္းတစ္ေလွ်ာက္ ပရီးမီးယားလိဂ္ပြဲဦးထြက္မွာ(၂)ဂိုးသြင္းယူခဲ့တဲ့ (၅)ဦးေျမာက္ကစားသမားအျဖစ္မွတ္တမ္းဝင္ခဲ့ပါတယ္။ ယူႏိုက္တက္အသင္းသမိုင္းတစ္ေလွ်ာက္ ပရီးမီးယားလိဂ္ပြဲဦးထြက္မွာ (၂)ဂိုးသြင္းယူခဲ့တဲ့ပထမဆုံးကစားသမားကေတာ့ ဂႏၴဝင္တိုက္စစ္မႉးႀကီးနစၥတယ္႐ြိဳင္းပါပဲ။၂၀၀၁-၀၂ ရာသီတုန္းက အိုးလ္ထရက္ဖို႔ဒ္ကြင္းမွာ ဖူလ္ဟမ္အသင္းကို (၃-၂)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ ပရီးမီးယားလိဂ္ရာသီအဖြင့္ပြဲမွာ နစၥတယ္႐ြိဳင္းက ပြဲဦးထြက္မွာပဲ (၂)ဂိုးသြင္းယူခဲ့တာပါ။

ဒီစာရင္းမွာ ထူးထူးျခားျခားပါဝင္ခဲ့တာကေတာ့ တစ္ခ်ိန္တုန္းက ယူႏိုက္တက္လူငယ္တိုက္စစ္မႉးေဟာင္း ဂ်ိမ္းစ္ဝီလ္ဆင္ျဖစ္ပါတယ္။ ၂၀၁၄၊ ေမလတုန္းက ဟားလ္စီးတီးအသင္းကို (၃-၁)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ ဂ်ိမ္းစ္ဝီလ္ဆင္ဟာ ပရီးမီးယားလိဂ္ပြဲဦးထြက္အျဖစ္ပါဝင္ကစားခြင့္ရခဲ့သလို (၂)ဂိုးသြင္းယူခဲ့တာေၾကာင့္ အသင္းအတြက္ဂုဏ္ယူစရာေကာင္းတဲ့မွတ္တမ္းထဲမွာ ပါဝင္ႏိုင္ခဲ့တာပါ။ အခု ယူႏိုက္တက္အသင္းရဲ႕တိုက္စစ္မွာအဓိက,ကစားသမားအျဖစ္ ပါဝင္ခြင့္ရေနၿပီျဖစ္တဲ့ ရပ္ရွ္ဖို႔ဒ္ဟာလည္း အခုစာရင္းမွာတစ္ဦးအပါအဝင္ျဖစ္ခဲ့ပါတယ္။

အသက္(၁၈)ႏွစ္အ႐ြယ္မွာကတည္းက ယူႏိုက္တက္အသင္းအတြက္ ပြဲထြက္ကစားခြင့္ရခဲ့ၿပီး အာဆင္နယ္အသင္းကို (၃-၂)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ (၂)ဂိုးသြင္းယူခဲ့ၿပီး အသင္းသမိုင္းတစ္ေလွ်ာက္ မာခ်ီဒါ၊ ဝဲလ္ဘတ္တို႔ၿပီးရင္ ပရီးမီးယားလိဂ္ပြဲဦးထြက္မွာ ဂိုးသြင္းခဲ့တဲ့တတိယေျမာက္အသက္အငယ္ဆုံးကစားသမားျဖစ္ခဲ့သလို ယူႏိုက္တက္အသင္းအတြက္ ပထမဆုံးပရီးမီးယားလိဂ္ပြဲမွာ (၂)ဂိုးသြင္းယူခဲ့တဲ့ အသက္အငယ္ဆုံးကစားသမားအျဖစ္ စံခ်ိန္မွတ္တမ္းေတြပိုင္ဆိုင္ခဲ့ပါတယ္။ ပရီးမီးယားလိဂ္ပြဲဦးထြက္မွာ ယူႏိုက္တက္အသင္းအတြက္ (၂)ဂိုးသြင္းယူခဲ့တဲ့ စတုတၳေျမာက္ကစားသမားကေတာ့ အခုခ်ယ္လ္ဆီးအသင္းမွာကစားေနတဲ့ တိုက္စစ္မႉးလူကာကူပဲျဖစ္ၿပီး ဝက္စ္ဟမ္းကို (၄-၀)ဂိုးျပတ္အႏိုင္ရခဲ့တဲ့ ၂၀၁၇-၁၈ ပရီးမီးယားလိဂ္အဖြင့္ပြဲမွာ (၂)ဂိုးသြင္းခဲ့တာျဖစ္ပါတယ္။