ယူနိုက်တက်အသင်းမှာ ဒုတိယမြောက်လစာငွေအများဆုံးဖြစ်လာမယ့် ဆန်ချို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာယူနိုက်တက်အသင်းဟာ ကာလရှည်ကြိုးပမ်းခဲ့ရတဲ့ ဒေ့ါမွန်အသင်းတောင်ပံတိုက်စစ်ကစားသမား ဆန်ချိုကို တရားဝင်ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပြီး ဆန်ချိုဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ ဒုတိယမြောက်လစာငွေအများဆုံးရရှိမယ့်ကစားသမားဖြစ်လာဖို့ရှိနေပါပြီ။

ဆန်ချိုဟာ ပြီးခဲ့တဲ့လကတည်းက ယူနိုက်တက်အသင်းဆီပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိခဲ့သလိုယူနိုက်တက်အသင်းမှာ တစ်ပတ်ကို ပေါင်(၃၅၀,၀၀၀)အထိရရှိသွားမယ်လို့ ဗြိတိန်သတင်းစာ The Sun က ဖော်ပြခဲ့ပါတယ်။

ဒေါ့မွန်အသင်းမှာ ကစားခဲ့တုန်းက တစ်ပတ်ကို ပေါင်(၁၀၀,၀၀၀)သာရရှိခဲ့တဲ့ ဆန်ချိုဟာ ယူနိုက်တက်အသင်းမှာတော့ (၃)ဆကျော်ပိုများတဲ့လစာငွေပမာဏ ရရှိမှာလည်းဖြစ်ပါတယ်။

အခုလက်ရှိအချိန်မှာ ဆန်ချိုက အင်္ဂလန်အသင်းနဲ့အတူ ယူရိုပြိုင်ပွဲဆင်နွှဲနေပြီး ပြိုင်ပွဲပြီးတာနဲ့တစ်ပြိုင်နက် ယူနိုက်တက်အသင်းနဲ့ (၅)နှစ်စာချုပ်ချုပ်ဆိုသွားမှာဖြစ်သလို အသင်းရဲ့ လစာငွေအများဆုံးစာရင်းဝင်အဖြစ် ရပ်တည်နိုင်မှာပါ။

ယူနိုက်တက်အသင်းရဲ့ လစာငွေအများဆုံးကစားသမားအဖြစ် ဂိုးသမားဒီဂီယာက ဆက်လက်ရပ်တည်နေဆဲဖြစ်ပြီး တစ်ပတ်ကို ပေါင်(၃၇၅,၀၀၀)နဲ့ (၁)နှစ်ပေါင်(၁၉.၅)သန်းအထိရရှိနေတာပါ။

ဆန်ချိုဟာ ဒီဂီယာရဲ့လစာငွေပမာဏထက်နည်းပါးပေမယ့် နာမည်ကျော်ကွင်းလယ်လူပေ့ါဘာထက် လစာပိုရမှာဖြစ်ပြီး ပေ့ါဘာက တစ်ပတ်ကို ပေါင်(၂၉၀,၀၀၀)အထိရရှိနေတာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းမှာ ပေါင်(၂)သိန်းနဲ့အထက်ရရှိနေတဲ့ တခြားကစားသမားတွေကတော့ မာစီယဲလ်(ပေါင်၂၅၀,၀၀၀)၊ ကာဗာနီ (ပေါင် ၂၁၀,၀၀၀)၊

ရပ်ရှ်ဖို့ဒ် (ပေါင် ၂၀၀,၀၀၀)တို့ဖြစ်ပြီး အသင်းခေါင်းဆောင်မက်ဂွိုင်းယားကတော့ ပေါင်(၁၉၀,၀၀၀)၊ အဓိက ကွင်းလယ်လူတစ်ဦးဖြစ်တဲ့ ဘရူနိုဖာနန်ဒက်စ်က ပေါင်(၁၈၀,၀၀၀)ရရှိနေတာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းရဲ့ စီနီယာကစားသမားတွေထဲမှာ တစ်ပတ်ကို ပေါင်(၁)သိန်းနဲ့အထက်ရရှိနေတာက စုစုပေါင်း(၁၄)ဦးအထိရှိပြီး အဲဒီထဲမှာ လုခ်ရှော (ပေါင် ၁၅၀,၀၀၀)၊ ဖရက်ဒ် (ပေါင် ၁၂၀,၀၀၀)တို့လည်းပါဝင်ခဲ့ကြပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ယူႏိုက္တက္အသင္းမွာ ဒုတိယေျမာက္လစာေငြအမ်ားဆုံးျဖစ္လာမယ့္ ဆန္ခ်ိဳ

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ကာလရွည္ႀကိဳးပမ္းခဲ့ရတဲ့ ေဒ့ါမြန္အသင္းေတာင္ပံတိုက္စစ္ကစားသမား ဆန္ခ်ိဳကို တရားဝင္ေခၚယူႏိုင္ခဲ့ၿပီျဖစ္ၿပီး ဆန္ခ်ိဳဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းမွာ ဒုတိယေျမာက္လစာေငြအမ်ားဆုံးရရွိမယ့္ကစားသမားျဖစ္လာဖို႔ရွိေနပါၿပီ။ ဆန္ခ်ိဳဟာ ၿပီးခဲ့တဲ့လကတည္းက ယူႏိုက္တက္အသင္းဆီေျပာင္းေ႐ႊ႕ဖို႔ ပုဂၢိဳလ္ေရးသေဘာတူညီမႈရရွိခဲ့သလိုယူႏိုက္တက္အသင္းမွာ တစ္ပတ္ကို ေပါင္(၃၅၀,၀၀၀)အထိရရွိသြားမယ္လို႔ ၿဗိတိန္သတင္းစာ The Sun က ေဖာ္ျပခဲ့ပါတယ္။

ေဒါ့မြန္အသင္းမွာ ကစားခဲ့တုန္းက တစ္ပတ္ကို ေပါင္(၁၀၀,၀၀၀)သာရရွိခဲ့တဲ့ ဆန္ခ်ိဳဟာ ယူႏိုက္တက္အသင္းမွာေတာ့ (၃)ဆေက်ာ္ပိုမ်ားတဲ့လစာေငြပမာဏ ရရွိမွာလည္းျဖစ္ပါတယ္။ အခုလက္ရွိအခ်ိန္မွာ ဆန္ခ်ိဳက အဂၤလန္အသင္းနဲ႔အတူ ယူ႐ိုၿပိဳင္ပြဲဆင္ႏႊဲေနၿပီး ၿပိဳင္ပြဲၿပီးတာနဲ႔တစ္ၿပိဳင္နက္ ယူႏိုက္တက္အသင္းနဲ႔ (၅)ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုသြားမွာျဖစ္သလို အသင္းရဲ႕ လစာေငြအမ်ားဆုံးစာရင္းဝင္အျဖစ္ ရပ္တည္ႏိုင္မွာပါ။ယူႏိုက္တက္အသင္းရဲ႕ လစာေငြအမ်ားဆုံးကစားသမားအျဖစ္ ဂိုးသမားဒီဂီယာက ဆက္လက္ရပ္တည္ေနဆဲျဖစ္ၿပီး တစ္ပတ္ကို ေပါင္(၃၇၅,၀၀၀)နဲ႔ (၁)ႏွစ္ေပါင္(၁၉.၅)သန္းအထိရရွိေနတာပါ။

ဆန္ခ်ိဳဟာ ဒီဂီယာရဲ႕လစာေငြပမာဏထက္နည္းပါးေပမယ့္ နာမည္ေက်ာ္ကြင္းလယ္လူေပ့ါဘာထက္ လစာပိုရမွာျဖစ္ၿပီး ေပ့ါဘာက တစ္ပတ္ကို ေပါင္(၂၉၀,၀၀၀)အထိရရွိေနတာျဖစ္ပါတယ္။ ယူႏိုက္တက္အသင္းမွာ ေပါင္(၂)သိန္းနဲ႔အထက္ရရွိေနတဲ့ တျခားကစားသမားေတြကေတာ့ မာစီယဲလ္(ေပါင္၂၅၀,၀၀၀)၊ ကာဗာနီ (ေပါင္ ၂၁၀,၀၀၀)၊ ရပ္ရွ္ဖို႔ဒ္ (ေပါင္ ၂၀၀,၀၀၀)တို႔ျဖစ္ၿပီး အသင္းေခါင္းေဆာင္မက္ဂြိဳင္းယားကေတာ့ ေပါင္(၁၉၀,၀၀၀)၊ အဓိက ကြင္းလယ္လူတစ္ဦးျဖစ္တဲ့ ဘ႐ူႏိုဖာနန္ဒက္စ္က ေပါင္(၁၈၀,၀၀၀)ရရွိေနတာျဖစ္ပါတယ္။ ယူႏိုက္တက္အသင္းရဲ႕ စီနီယာကစားသမားေတြထဲမွာ တစ္ပတ္ကို ေပါင္(၁)သိန္းနဲ႔အထက္ရရွိေနတာက စုစုေပါင္း(၁၄)ဦးအထိရွိၿပီး အဲဒီထဲမွာ လုခ္ေရွာ (ေပါင္ ၁၅၀,၀၀၀)၊ ဖရက္ဒ္ (ေပါင္ ၁၂၀,၀၀၀)တို႔လည္းပါဝင္ခဲ့ၾကပါတယ္။