ယူနိုက်တက်လိုချင်တဲ့ ဟာလန်း ချဲလ်ဆီးအသင်းဆီပြောင်းမယ်

ချဲလ်ဆီးအသင်းဟာ ဒေါ့မွန်တိုက်စစ်မှူးဟာလန်းကို ခေါ်ယူနိုင်ဖို့အတွက်

ပုဂ္ဂိုလ်ရေးသဘောတူညီမှုကို ရယူနိုင်ခဲ့ပြီလို့ သတင်းတွေထွက်ပေါ်ထားပါတယ်။

ချဲလ်ဆီးအသင်းကတော့ လာမယ့်ဘောလုံးရာသီသစ်မှာ နောက်ထပ်အောင်မြင်မှုများစွာကို

ရယူသွားနိုင်ဖို့အတွက် နွေဈေးကွက်အတွင်းမှာ ထိပ်တန်းကစားသမားသစ်တွေကို

ခေါ်ယူသွားဖို့ ပြင်ဆင်လျက်ရှိနေတာပါ။

ပြီးခဲ့တဲ့ရာသီမှာ ဒေါ့မွန်အသင်းအတွက် ပြိုင်ပွဲစုံ ၄၁ ပွဲကစားပြီး ၄၁ ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့

ဟာလန်းကို ထိပ်တန်းကလပ်အများအပြားက စိတ်ဝင်စားနေပြီး ချဲလ်ဆီးနည်းပြတူချယ်လ်ကလည်း

ခေါ်ယူပေးဖို့ အသင်းကိုတောင်းဆိုထားတာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ နော်ဝေတိုက်စစ်မှူးဟာလန်းကို ခေါ်ယူသွားဖို့အတွက် ပြောင်းရွှေ့ကြေ

း ပေါင်သန်း(၆၀)အပါအဝင် အသင်းမှာ နေရာရဖို့ ရုန်းကန်နေရတဲ့ အင်္ဂလန်တိုက်စစ်ကစားသမား

တမ်မီအေဘရာဟမ်ကိုပါ အလိုက်ပေးကမ်းလှမ်းမှုနဲ့ ကနဦး ကမ်းလှမ်းချက်ကို စတင်လုပ်ဆောင်သွားဖွယ် ရှိနေပါတယ်။

ဒေါ့မွန်အသင်းဘက်ကတော့ သူတို့ရဲ့ကြယ်ပွင့်ကစားသမားအတွက် ပြောင်းရွှေ့ကြေးကို

ပေါင်သန်း(၁၅၀)ဝန်းကျင်သာ အလိုရှိနေပါတယ်။

ချဲလ်ဆီးအသင်းဟာ နွေဈေးကွက်အတွင်းမှာ ဟာလန်းအပြင် ဟာလန်းရဲ့

အသင်းဖော်ဟောင်းတစ်ဦး ဖြစ်ခဲ့ဖူးတဲ့ မော်ရိုကိုညာနောက်ခံကစားသမား ဟာခီမီကိုပါ

အင်တာမီလန်အသင်းကနေ ခေါ်ယူချင်နေပါတယ်။

ယူနိုက်တက်အသင်းဟာ ဟာလန်းတစ်ယောက် ဒေါ့မွန်အသင်းကို မပြောင်းခင်ကတည်းက

ခေါ်ယူဖို့ကြိုးစားခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီကနေ အခုအပြောင်းအရွှေ့ဈေးကွက်အထိ

ဟာလန်းကို သရဲနီဂျာစီဝတ်ပေးနိုင်ဖို့ နည်းပြဆိုးလ်ရှားနဲ့အဖွဲ့ က အကြိမ်ကြိမ်ကြိုးစားနေတာဖြစ်ပါတယ်။

ဘောလုံးသမား အပြောင်းအရွှေ့သတင်းထူးအကြောင်းတွေကို တင်ဆက်ပေးနေလျက်ရှိတဲ့

The Transfer Window Podcast အစီအစဉ်ရဲ့ အစီအစဉ်တင်ဆက်သူ ဂျာနယ်လစ်တစ်ဦးက

“ပုဂ္ဂိုလ်ရေးသဘောတူညီမှုက ရရှိပြီးပါပြီ။ ချဲလ်ဆီးက ဒေါ့မွန်နဲ့

ပြောင်းရွှေ့ကြေးသဘောတူညီချက်ပဲလိုတော့တာပါ” လို့ ဆိုပါတယ်။

Zawgyi Version








ပြီးခဲ့တဲ့ရာသီမှာ












အလိုရှိနေပါတယ်။













လို့ ဆိုပါတယ်။