ယူနိုက်တက်မှာပွဲထွက်ခွင့်မရတဲ့ အပေါ်ပြောလာတဲ့ လင်ဂတ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပြီးခဲ့တဲ့ရာသီ လော့ဒေါင်းအပြီးမှာယူနိုက်တက် အသင်း အတွက် ကစားဖို့ အခွင့်အရေးမရခဲ့တာကြောင့် ဝက်စ်ဟမ်း အသင်းကို အငှားနဲ့ ပြောင်းရွှေ့ခဲ့တာဆိုပြီး လင်ဂတ် က ပြောဆိုလာပါတယ်။လင်ဂတ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်း အရွှေ့မှာ ဝက်စ်ဟမ်း အသင်းဆီကို အခုရာသီအကုန်ထိ အငှားနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

လင်ဂတ်က”ကျွန်တော့် အသက်အရွယ်ကို ပြန်ကြည့်ရင် ပွဲကစားခွင့် ရဖို့ဆိုတာက အရေးကြီးတဲ့ ကိစ္စတစ်ခုပါပဲ။ပွဲကစားခွင့်ရမှ ပရိသတ်တွေရဲ့အမြင်ကောင်းကိုလည်းရရှိနိုင်မှာဖြစ်ပါတယ်။ အရင်တုန်းက ကျွန်တော်ဟာ ယူနိုက်တက်အတွက်ပွဲများ စွာ ပါဝင်ကစားပြီး အကူအညီလည်းပေးနိုင်ခဲ့ပါတယ်။”

“လော့ခ်ဒေါင်းကာလမှာတွေးမိတာရှိပါတယ်။ နည်းပြ မော်ရင်ဟိုလက်ထက်မှာ ကျွန်တော် ဂိုးတွေသွင်းပြီး ဘောလုံးကစားနိုင်ခဲ့တာကို ပြန်အမှတ်ရမိပါတယ်။ ကမ္ဘာ့ဖလားမှာလည်း ပါဝင်ခဲ့ပါတယ်။ ဆိုးလ်ရှားရောက်လာတဲ့ အစပိုင်းမှာလည်း အကောင်းဆုံး စတင်နိုင်ခဲ့ပါတယ်။”

“လော့ခ်ဒေါင်းကာလအပြီးမှာ ကျွန်တော်က ကြံ့ခိုင်မှု အပြည့်ဝဆုံး ကစားသမား ၁ ဦးအနေနဲ့ ပြန်လာခဲ့ပေမယ့် အခွင့်အရေးက ရမလာခဲ့ပါဘူး။ ဒါပေမယ့် လေ့ကျင့်ခန်း အချိန်ပိုဆင်းနေခဲ့ကာ ကြံ့ခိုင်မှုပြည့်ဝအောင် ကြိုးစားခဲ့ပါသေးတယ်။အခွင့်အရေးတော့ မရခဲ့ပါဘူး။” “ဒါကြောင့်မို့ ဝက်စ်ဟမ်းအသင်းမှာလည်း ကျွန်တော့်အနေနဲ့ ဒါမျိုးစွမ်းဆောင်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ ရာသီကုန်တဲ့အချိန် ကျွန်တော်တို့ရပ်တည်နေတဲ့နေရာကို မြင်တွေ့ရမှာပါ။”

“ဘောလုံးလောကမှာ အတက်အကျ တွေများစွာဖြစ်တတ်ပါတယ်။ ကိုယ့်ဘက်က ထိပ်ဆုံးရောက် အောင်စွမ်းဆောင်ခဲ့ဖူးရင် ခြေစွမ်းကျတဲ့အခါ ဝေဖန်မှု များစွာကို ခံရတတ်ပါတယ်။”ဆိုပြီး ပြောပါတယ်။ လင်ဂတ်ဟာအက်စတွန်ဗီလာနဲ့ ပွဲဦးထွက်ပွဲစဉ်မှာတင် ဝက်စ်ဟမ်းအသင်းအတွက် ၂ဂိုး သွင်းနိုင်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ယူႏိုက္တက္မွာပြဲထြက္ခြင့္မရတဲ့ အ​ေပၚ​ေျပာလာတဲ့ လင္ဂတ္

ၿပီးခဲ့တဲ့ရာသီ ေလာ့ေဒါင္းအၿပီးမွာယူႏိုက္တက္ အသင္း အတြက္ ကစားဖို႔ အခြင့္အေရးမရခဲ့တာေၾကာင့္ ဝက္စ္ဟမ္း အသင္းကို အငွားနဲ႔ ေျပာင္းေ႐ႊ႕ခဲ့တာဆိုၿပီး လင္ဂတ္ က ​ေျပာဆိုလာပါတယ္။လင္ဂတ္ဟာ ၿပီးခဲ့တဲ့ ဇန္နဝါရီအေျပာင္း အေ႐ႊ႕မွာ ဝက္စ္ဟမ္း အသင္းဆီကို အခုရာသီအကုန္ထိ အငွားနဲ႔ ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ပါတယ္။

လင္ဂတ္က”ကြၽန္ေတာ့္ အသက္အ႐ြယ္ကို ျပန္ၾကည့္ရင္ ပြဲကစားခြင့္ ရဖို႔ဆိုတာက အေရးႀကီးတဲ့ ကိစၥတစ္ခုပါပဲ။ပြဲကစားခြင့္ရမွ ပရိသတ္ေတြရဲ႕အျမင္​ေကာင္းကိုလည္းရရွိႏိုင္မွာျဖစ္ပါတယ္။ အရင္တုန္းက ကြၽန္ေတာ္ဟာ ယူႏိုက္တက္အတြက္ပြဲမ်ား စြာ ပါဝင္ကစားၿပီး အကူအညီလည္းေပးႏိုင္ခဲ့ပါတယ္။” “ေလာ့ခ္ေဒါင္းကာလမွာ​ေတြးမိတာရွိပါတယ္။ နည္းျပ ေမာ္ရင္ဟိုလက္ထက္မွာ ကြၽန္ေတာ္ ဂိုးေတြသြင္းၿပီး ေဘာလုံးကစားႏိုင္ခဲ့တာကို ျပန္အမွတ္ရမိပါတယ္။ ကမာၻ႔ဖလားမွာလည္း ပါဝင္ခဲ့ပါတယ္။ ဆိုးလ္ရွားေရာက္လာတဲ့ အစပိုင္းမွာလည္း အေကာင္းဆုံး စတင္ႏိုင္ခဲ့ပါတယ္။”

“ေလာ့ခ္ေဒါင္းကာလအၿပီးမွာ ကြၽန္ေတာ္က ႀကံ့ခိုင္မႈ အျပည့္ဝဆုံး ကစားသမား၁ဦးအေနနဲ႔ ျပန္လာခဲ့​ေပမယ့္ အခြင့္အေရးက ရမလာခဲ့ပါဘူး။ ဒါ​ေပမယ့္ ေလ့က်င့္ခန္း အခ်ိန္ပိုဆင္း​ေနခဲ့ကာ ႀကံ့ခိုင္မႈျပည့္ဝေအာင္ ႀကိဳးစားခဲ့ပါ​ေသးတယ္။အခြင့္အ​ေရး​ေတာ့ မရခဲ့ပါဘူး။” “ဒါေၾကာင့္မို႔ ဝက္စ္ဟမ္းအသင္းမွာလည္း ကြၽန္ေတာ့္အေနနဲ႔ ဒါမ်ိဳးစြမ္းေဆာင္ေပးႏိုင္မယ္လို႔ ယုံၾကည္ပါတယ္။ ရာသီကုန္တဲ့အခ်ိန္ ကြၽန္ေတာ္တို႔ရပ္တည္ေနတဲ့ေနရာကို ျမင္ေတြ႕ရမွာပါ။”

“ေဘာလုံးေလာကမွာ အတက္အက် ေတြမ်ားစြာျဖစ္တတ္ပါတယ္။ ကိုယ့္ဘက္က ထိပ္ဆုံးေရာက္ ေအာင္စြမ္းေဆာင္ခဲ့ဖူးရင္ ေျခစြမ္းက်တဲ့အခါ ေဝဖန္မႈ မ်ားစြာကို ခံရတတ္ပါတယ္။”ဆိုၿပီး ​ေျပာပါတယ္။ လင္ဂတ္ဟာအက္စတြန္ဗီလာနဲ႔ ပြဲဦးထြက္ပြဲစဥ္မွာတင္ ဝက္စ္ဟမ္းအသင္းအတြက္ ၂ဂိုး သြင္းႏိုင္ခဲ့ပါတယ္။