ယူနိုက်တက်ပွဲမှာ ဝီစီမှုတ်တာ စောတဲ့ အကြောင်း ပြောလာတဲ့ ဒိုင်လူကြီးဟောင်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်နဲ့ လီဗာပူးပွဲ ပြီးသွားပေမယ့် ပရိသတ်တွေကတော့ မပြီးနိုင်ကြသေးပါဘူး။ အထူးသဖြင့် လီဗာပူးပရိသတ်တွေပါ။

ကွင်းလယ်ဒိုင်ကို ပြဿနာရှာနေကြပါတယ်။ ပထမပိုင်းပြီးခါနီးမှာ သီယာဂိုအယ်လ်ကန်တာရာရဲ့ ပေးပို့မှုကနေ ဆာဒီယိုမာနေးက ဂိုးသွင်းယူနိုင်လောက်တဲ့ အနေအထားမှာရှိနေချိန်မှာ ဒိုင်လူကြီးက ပထမပိုင်းပြီးဆုံးကြောင်း ဝီစီမှုတ်ခဲ့တာဖြစ်ပါတယ်။

ကွင်းလယ်ဒိုင်ပေါလ်တီယာနေးက ဝီစီမှုတ်ချိန်မှာတော့ နာကျင်အချိန်ပိုတစ်မိနစ်ပြည့်ဖို့အတွက် စက္ကန့်အနည်းငယ်လိုအပ်နေသေးတာဖြစ်ပါတယ်။ အဲဒီအတွက် သီယာဂိုကိုယ်တိုင်လည်း စိတ်ပျက်သွားခဲ့ပြီး ဟန်အမူအရာနဲ့ မေးခွန်းထုတ်ခဲ့ပါတယ်။

ဝီစီမှုတ်တာ နည်းနည်းနောက်ကျမယ်ဆိုရင် လီဗာပူးဂိုးရနိုင်တဲ့ အနေအထားလည်း ဖြစ်သွားနိုင်ပါတယ်။

လီဗာပူးပရိသတ်တွေကတော့ အဲဒီကိစ္စအတွက် တော်တော်လေးဒေါသထွက်နေကြပါတယ်။ ခုခေတ်ဒေါသထွက်ရင် အများစုလုပ်တဲ့ ထုံးစံအတိုင်း လီဗာပူးပရိသတ်တွေဟာပထမပိုင်းပြီးတာနဲ့ လူမှုကွန်ရက်ပေါ်မှာ အဲဒီအဖြစ်အပျက်အတွက် မေးခွန်းထုတ်ကြ၊ ပြောကြ၊ ဆိုကြ၊ ကွင်းလယ်ဒိုင်ကို ပြဿနာရှာကြ လုပ်ကြပါတယ်။

ပရီးမီးယားလိဂ် မှာ နှစ်ပေါင်း များစွာ ဒိုင်လူကြီး အဖြစ် လုပ်ကိုင် ခဲ့တဲ့ မက် ကတ်လတန်ဘတ် ကတော့ ဒိုင်လူကြီး တိုင်ယာနီ ဟာ လုပ်ရိုး လုပ်စဉ် ကို လုပ်ခဲ့တာ ဖြစ်ပေမယ့် မာနေး ကို စက္ကန့် အနည်းငယ်လောက် တော့အခွင့်အရေး ပေးခဲ့သင့်ကြောင်း ပွဲအပြီး မှာ ပြောဆို ခဲ့ ပါတယ် ။

“တိုင်ယာနီက ဂိုးဝင်ဖို့မရှိတဲ့နေရာမှာ အဆုံးသတ် ချင်ခဲ့ တာပါ ။အဲဒါကဒိုင်တစ်ယောက်ရဲ့ ပုံမှန်လုပ်ရိုးလုပ်စဉ် ပါပဲ ။ ဒါပေမယ့် ပြဿနာဖြစ်တာက သူဝီစီမှုတ်ခါနီးအချိန်စက္ကန့်ပိုင်းအတွင်းမှာပဲ လီဗာပူးက ကောင်းမွန်တဲ့ ထိုးဖောက်မှုကို ပြုလုပ်လိုက်တာဖြစ်ပါတယ်။ သူ့အနေနဲ့ တစ်မိနစ်နဲ့ စက္ကန့် နည်းနည်းလောက် စွန်းတဲ့အထိ စောင့်ခဲ့ သင့်တာပါ ။”

“ယူနိုက်တက် ကစား သမားတွေ ရပ်လိုက်တာကြောင့်လည်းဝီစီမှုတ်လိုက်တာနေပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် တိုင်ယာနီ မှားတယ်လို့လည်းယူဆလို့မရပါဘူး။သူ တကယ် ကောင်းကောင်း ကိုင်တွယ် နိုင်ခဲ့ တာပါ ။ ဝေဖန်တဲ့ သူတွေ ကတော့ ဝေဖန်ကြမှာပါပဲ။

ဂိုးသွင်းနိုင်ဖို့ တခြားအချိန်တွေရှိပါတယ်။ နောက်ဆုံး မိနစ် ၊ နောက်ဆုံး စက္ကန့် ကို အပြစ်ရှာနေဖို့မလိုပါဘူး။”လို့ ကတ်လတန်ဘတ် က ပြောဆိုပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ယူႏိုက္တက္ပြဲမွာ ဝီစီမႈတ္တာ ေစာတဲ့ အေၾကာင္း ေျပာလာတဲ့ ဒိုင္လူႀကီးေဟာင္း

ယူႏိုက္တက္နဲ႔ လီဗာပူးပြဲ ၿပီးသြားေပမယ့္ ပရိသတ္ေတြကေတာ့ မၿပီးႏိုင္ၾကေသးပါဘူး။ အထူးသျဖင့္ လီဗာပူးပရိသတ္ေတြပါ။ ကြင္းလယ္ဒိုင္ကို ျပႆနာရွာေနၾကပါတယ္။ ပထမပိုင္းၿပီးခါနီးမွာ သီယာဂိုအယ္လ္ကန္တာရာရဲ႕ ေပးပို႔မႈကေန ဆာဒီယိုမာေနးက ဂိုးသြင္းယူႏိုင္ေလာက္တဲ့ အေနအထားမွာရွိေနခ်ိန္မွာ ဒိုင္လူႀကီးက ပထမပိုင္းၿပီးဆုံးေၾကာင္း ဝီစီမႈတ္ခဲ့တာျဖစ္ပါတယ္။ ကြင္းလယ္ဒိုင္ေပါလ္တီယာေနးက ဝီစီမႈတ္ခ်ိန္မွာေတာ့ နာက်င္အခ်ိန္ပိုတစ္မိနစ္ျပည့္ဖို႔အတြက္ စကၠန႔္အနည္းငယ္လိုအပ္ေနေသးတာျဖစ္ပါတယ္။ အဲဒီအတြက္ သီယာဂိုကိုယ္တိုင္လည္း စိတ္ပ်က္သြားခဲ့ၿပီး ဟန္အမူအရာနဲ႔ ေမးခြန္းထုတ္ခဲ့ပါတယ္။

၀ီစီမႈတ္တာ နည္းနည္း​ေနာက္က်မယ္ဆိုရင္ လီဗာပူးဂိုးရႏိုင္တဲ့ အ​ေနအထားလည္း ျဖစ္သြားႏိုင္ပါတယ္။ လီဗာပူးပရိသတ္ေတြ က​ေတာ့ အဲဒီကိစၥ အတြက္ ေတာ္ေတာ္ေလးေဒါသထြက္​ေနၾကပါတယ္။ ခု​ေခတ္​ေဒါသထြက္ရင္ အမ်ားစုလုပ္တဲ့ ထုံးစံအတိုင္း လီဗာပူးပရိသတ္​ေတြဟာပထမပိုင္းၿပီးတာနဲ႔ လူမႈကြန္ရက္ေပၚမွာ အဲဒီအျဖစ္အပ်က္အတြက္ ေမးခြန္းထုတ္ၾက၊ ​ေျပာၾက၊ ဆိုၾက၊ ကြင္းလယ္ဒိုင္ကို ျပႆနာရွာၾက လုပ္ၾကပါတယ္။ ပရီးမီးယားလိဂ္ မွာ ႏွစ္ေပါင္း မ်ားစြာ ဒိုင္လူႀကီး အျဖစ္ လုပ္ကိုင္ ခဲ့တဲ့ မက္ ကတ္လတန္ဘတ္ ကေတာ့ ဒိုင္လူႀကီး တိုင္ယာနီ ဟာ လုပ္႐ိုး လုပ္စဥ္ ကို လုပ္ခဲ့တာ ျဖစ္ေပမယ့္ မာေနး ကို စကၠန႔္ အနည္းငယ္ေလာက္ ေတာ့အခြင့္အေရး ေပးခဲ့သင့္ေၾကာင္း ပြဲအၿပီးမွာ ေျပာဆိုခဲ့ပါတယ္။

“တိုင္ယာနီက ဂိုးဝင္ဖို႔မရွိတဲ့ေနရာမွာ အဆုံးသတ္ ခ်င္ခဲ့ တာပါ ။အဲဒါကဒိုင္တစ္ေယာက္ရဲ႕ ပုံမွန္လုပ္႐ိုးလုပ္စဥ္ ပါပဲ ။ ဒါေပမယ့္ ျပႆနာျဖစ္တာက သူ၀ီစီမႈတ္ခါနီးအခ်ိန္စကၠန႔္ပိုင္းအတြင္းမွာပဲ လီဗာပူးက ေကာင္းမြန္တဲ့ ထိုးေဖာက္မႈကို ျပဳလုပ္လိုက္တာျဖစ္ပါတယ္။ သူ႔အေနနဲ႔ တစ္မိနစ္နဲ႔ စကၠန႔္ နည္းနည္းေလာက္ စြန္းတဲ့အထိ ေစာင့္ခဲ့ သင့္တာပါ ။” “ယူႏိုက္တက္ ကစား သမားေတြ ရပ္လိုက္တာ​ေၾကာင့္လည္း၀ီစီမႈတ္လိုက္တာ​ေနပါလိမ့္မယ္။ ဘာပဲျဖစ္ျဖစ္ တိုင္ယာနီ မွားတယ္လို႔လည္းယူဆလို႔မရပါဘူး။သူ တကယ္ ေကာင္းေကာင္း ကိုင္တြယ္ ႏိုင္ခဲ့ တာပါ ။ ေဝဖန္တဲ့ သူေတြ ကေတာ့ ​ေ၀ဖန္ၾကမွာပါပဲ။ ဂိုးသြင္းႏိုင္ဖို႔ တျခားအခ်ိန္​ေတြရွိပါတယ္။ ေနာက္ဆုံး မိနစ္ ၊ ေနာက္ဆုံး စကၠန႔္ ကို ​အျပစ္ရွာ​ေနဖို႔မလိုပါဘူး။”လို႔ ကတ္လတန္ဘတ္ က ေျပာဆိုပါတယ္။