ယူနိုက်တက်နဲ့ LASK ပွဲက ပြောစရာအချက်တွေ


ကိုရိုနာဗိုင်းရပ်စ်ကြောင့်အားကစားပြိုင်ပွဲတွေရွှေ့ဆိုင်းတာ၊တံခါးပိတ်ကျင်းပတာတွေရှိနေပြီး၊ ကစားသမားတွေအနေနဲ့လည်း ပရိသတ်ရဲ့အားပေးမှုတွေကနေ ဝေးကွာနေပါတယ်။ နည်းပြဆိုးလ်ရှားကတော့ ပရိသတ်အားပေးမှုမရရှိပေမယ့် သူ့အသင်းအနေနဲ့အကောင်းဆုံးကစားသွားမယ်လို့ ပြောဆိုခဲ့တဲ့အတိုင်း မနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ LASK နဲ့ပွဲမှာဆိုရင် 5 ဂိုးပြတ်တောင်သွင်းယူနိုင်ခဲ့ပါတယ်။ ယူနိုက်တက် အသင်းဟာ ပထမပိုင်း မှာ အီဟာလိုရဲ့ သွင်းဂိုး နဲ့ ဦးဆောင် နိုင်ခဲ့ပြီး ဒုတိယပိုင်း မှာ ဒန်နီယယ် ဂျိမ်းစ် ၊ မာတာ ၊ မေဆင်ဂရင်းဝုဒ် နဲ့ ပါရဲရား တို့ရဲ့ သွင်းဂိုး တွေနဲ့ အတူ ဂိုးပြတ် နိုင်ပွဲ ရယူ သွားနိုင် ခဲ့တာပဲ ဖြစ်ပါတယ် ။

photo internet

ဒါ့ကြောင့် ပထမပိုင်း ရလဒ် နဲ့ပဲ ယူနိုက်တက် တို့ နောက် တစ်ဆင့် တက်ရောက်ဖို့ အနေအထား ကောင်း တစ်ရပ် ကို ပိုင်ဆိုင် နိုင်ခဲ့ပြီဖြစ်ပါတယ်။ အဲဒီပွဲက မပြောမပြီးမတီးမမြည်တဲ့ သတိပြုစရာ အချက်တွေကိုတင်ဆက်ပေးပါမယ်။ ယူနိုက်တက်အတွက်ပထမဆုံး အဖွင့်ဂိုးကို သွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး အီဟာလိုရဲ့ သွင်းဂိုးနဲ့ပတ်သက်ပြီး၊ နည်းပြကြီးဆိုးလ်ရှားကတော့ ကွင်းဘေးကနေပြီးတော့ ” Wow Wow ” ဆိုပြီးတော့တောင် အံ့အားသင့်လက်ခုပ်တီးခဲ့ရတာပဲဖြစ်ပါတယ်။ ဖာနန်ဒက်စ်ရဲ့ ပေးပို့မှုကို အီဟာလိုက လှလှပပ ထိန်းယူသွားခဲ့ပြီးတော့ ဘယ်ခြေနဲ့ ကန်သွင်းယူသွားခဲ့တာပဲဖြစ်ပါတယ်။ အီဟာလိုရဲ့ သွင်းဂိုးဟာတော်တော်လေးကောင်းမွန်တယ်လို့ပြောရမှာဖြစ်ပြီးတော့ LASK အသင်းနောက်ခံလူတွေကို လှည့်စားကာဘယ်ခြေနဲ့ လှလှပပသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် အီဟာလိုတစ်ယောက် ယူနိုက်တက်အတွက် သွင်းယူပေးထားခဲ့တဲ့ ဂိုးအရေအတွက်ဟာ(၄)ဂိုးအထိရှိသွားခဲ့ပြီဖြစ်ပါတယ်။

photo internet

တရုတ် စူပါ လိဂ်မှာ ကစား နေတဲ့ အသက် 30 အရွယ် တိုက်စစ်မှူး တစ်ယောက် က ယူနိုက်တက် လို အသင်း အတွက် ဘာများ လုပ်ပေး နိုင်မှာလဲ ဆိုတဲ့ မေးခွန်းတွေအတွက်အဖြေကိုအီဟာလိုက ကောင်းကောင်းဖြေကြားပေးလိုက် သလိုပါပဲ။ သူ့ဖြေဆိုချက်က အပြောနဲ့မဟုတ်ဘဲ လက်တွေ့သက်သေပြလိုက်တာပါ။ အခုအခါမှာတော့ အီဟာလိုကို အပြီးသတ် ခေါ်ယူ သင့်တယ် ဆိုတဲ့ မှတ်ချက် ပေးမှု အချို့ ကိုတောင် မြင်တွေ့ နေရ ပါပြီ ။ ဒီပွဲဟာ ပရီးမီးယားလိဂ် အသင်း တစ်သင်း အတွက် တံခါးပိတ် ကစားခဲ့ ရတဲ့ ပထမဆုံး ပွဲစဉ် တစ်ပွဲ ပဲ ဖြစ်ခဲ့ရ ပါတယ် ။ နောက်ထပ်ပွဲစဉ်တွေရှိမရှိကလည်းမသေချာတဲ့အနေအထားရှိနေပါတယ်။ ဘာကြောင့်လဲဆိုရင် အထင်ကရဘောလုံးပြိုင်ပွဲအတော်များများ မကစားတော့ဘူးလို့ကြေငြာထားတာကြောင့် ပရီးမီးယားလိဂ် အနေအထားကလည်း မကစားဖြစ်တော့မယ့် အလားအလာရှိနေပါတယ်။ ပရိသတ်မရှိတဲ့ပွဲမှာ ဂိုးသွင်းပြီးနောက် အောင်ပွဲခံရတဲ့အချိန်ဟာ ဟာတာတာတော့ဖြစ်ရပါတယ်။ ဂိုးတွေ သွင်းယူ ပြီး ပြေးလွှားကာ အားရပါးရ အောင်ပွဲ ခံချင် ကြ ပေမယ့် နောက်ဆုံးတော့ ကွင်းထဲမှာ ငါရယ်၊သူရယ်၊မင်းရယ်ပဲရှိတဲ့ အနေအထားဟာ ခံစားရခက်ခက်ပါပဲ။ ဘရူနိုဖာနန်ဒက်စ် အကြောင်းကလည်း မပြောမပြီးကိစ္စပါ။

photo internet

ပွဲ အနည်းငယ် သာ ကစားရ သေးတဲ့ သူ့ရဲ့ အရည်အသွေး တွေကို ပရီးမီးယား လိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်လူ တွေနဲ့ နှိုင်းယှဉ်လို့ မရနိုင်သေး ပါဘူး ။မန်စီးတီး အသင်း နဲ့ ပွဲစဉ် တုန်းက အခွင့်ကောင်း ယူပြီး ဂိုး ဖန်တီး ပေးနိုင် ခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ် ဟာ ဒီ တစ်ပွဲ မှာလည်း ဂိုး ဧရိယာ ထိပ်ကို ရောက်ရှိ နေတဲ့ အီဟာလို ဆီကို သေသပ် ကောင်းမွန်တဲ့ ဘောလုံး ပေးပို့မှု တစ်ရပ် ကို လုပ်ဆောင် ပြသွား နိုင်ခဲ့ ပြန် ပါတယ် ။ သူဟာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည် တွေကို ရိုးရှင်းစွာ ပြသ နေသူ တစ်ဦးပဲ ဖြစ်ပါတယ် ။ တကယ်လို့ သူသာ ဒီအတိုင်း ခြေစွမ် ဆက်လက် ပြမယ် ဆိုရင် ယူနိုက်တက် တို့ ဒီ ဘောလုံး ရာသီကို ကောင်းကောင်း အဆုံးသတ် နိုင်လိမ့်မယ် လို့တောင် မျှော်လင့်လို့ ရနေ ပါပြီ ။ ဒါ့အပြင် ကာလကြာရှည် ဂိုးပေါက်ပျောက်ဆုံးနေတဲ့ ဒန်နီရယ်ဂျိမ်းစ်တစ်ယောက် ဂိုးပေါက်ပြန်လည်ရှာတွေ့ခဲ့ပါပြီ။ ဒီပွဲမတိုင်ခင်တော့ ဂျိမ်းစ်ဟာ ၃၃ ပွဲကြာဂိုးပေါက်ပျောက်ဆုံးခဲ့ပြီး အခု LASK အသင်းကို ၅ ဂိုး၊ ဂိုးမရှိနဲ့နိုင်တဲ့ပွဲမှသာ ဂိုးပေါက်ပြန်ရှာတွေ့ပြီး နည်းပြဆိုးလ်ရှားကို ကျေနပ်စေခဲ့ပါတယ်။ နဂိုပွဲတွေတုန်းက သူဟာ လျင်မြန် သွက်လက်သူ ၊ ပြိုင်ဖက် ခံစစ်မှူး တွေကို အလုပ်ရှုပ် စေနိုင်သူ ဖြစ်တာကြောင့် နည်းပြဆိုးလ်ရှား က သူ့ကို ဆက်လက် အသုံးပြုခဲ့ ပါတယ် ။ ဒါပေမယ့် ခြေစွမ်း ကောင်းတွေ မပြ နိုင်တာ များခဲ့ ရတဲ့ နောက် သူ့ရဲ့ ပွဲထွက် ကစားခွင့် မိနစ် တွေဟာ လျော့နည်း လာခဲ့ရ ပါတယ် ။ အဆိုပါ နေရာ မှာ မာတာ နဲ့ ဂရင်းဝုဒ် တို့က ကြုံသလို နေရာ ရရှိ ခဲ့ကြ ပါတယ် ။

photo internet

တိုက်စစ်အတွက် တစ်ဦးတစ်ယောက်ထဲကို အားကိုးနေရတာမျိုးမဟုတ်ဘူး ဆိုတဲ့သဘောမျိုးလည်း ဒီပွဲမှာတွေ့မြင်ရပါတယ်။ ယူနိုက်တက်သွင်းယူသွားခဲ့တဲ့ (၅)ဂိုးလုံးကိုမတူညီတဲ့ ကစားသမား(၅)ဦးကနေပြီးတော့ သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။ ဒါ့ကြောင့် ယူနိုက်တက်ဟာ သွင်းဂိုးတွေအတွက် တိုက်စစ်ပိုင်းက တစ်ဦးတစ်ယောက်ကိုသာမှီခိုနေရတာမျိုးမဟုတ်ပဲ၊ နေရာစုံကနေပြီးတော့ ဂိုးတွေသွင်းယူနိုင်နေတာပဲဖြစ်ပါတယ်။ ဒီ ပွဲစဉ် ဟာ ယူနိုက်တက် နည်းပြ ဆိုးလ်ရှား အတွက် အထူး စပါယ်ရှယ် ပွဲစဉ် တစ်ပွဲ လို့ ဆိုရင်လည်း မမှား ပါဘူး ။ ဆိုးလ်ရှား ဟာ ယူနိုက်တက် အသင်း ရဲ့ ယာယီ နည်းပြ ဘဝ မှာ 11 ပွဲဆက် ရှုံးပွဲ မရှိ ဆိုတဲ့ ရလဒ်ကို အကောင်းဆုံး ရလဒ် တစ်ခုအဖြစ် ပိုင်ဆိုင် ထားခဲ့ သူပဲ ဖြစ်ပါတယ် ။ အခုတော့ ဒီ နိုင်ပွဲ အပြီး ဆိုးလ်ရှား ဟာ အမြဲတမ်း နည်းပြ ဘဝ မှာလည်း အဲဒီမှတ်တမ်း ကောင်းကို လိုက်မီ ခဲ့ပြီ ပဲ ဖြစ်ပါတယ် ။

photo internet


(Zawgyi Version)

