ယူနိုက်တက်နဲ့ အဲဗာတန် ပွဲအတွက်သုံးသပ်ချက်များ……
ဒီနေ့ည မြန်မာစံတော်ချိန် (၈း၃၀) အချိန်မှာတော့ ပရီးမီးလိဂ်ပွဲစဉ်အဖြစ် ယူနိုက်တက်အသင်းနဲ့ အဲဗာတန်အသင်းတို့ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ လက်ရှိမှာတော့ ယူနိုက်တက်အသင်းဟာ အမှတ်ပေးဇယားရဲ့ အဆင့် (၅)နေရာမှာရပ်တည်နေပြီးတော့ အဲဗာတန်ကတော့ အဆင့်(၁၁)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ ပထမအကျော့မှာတော့ ယူနိုက်တက်နဲ့အဲဗာတန်တို့ဟာ အိုးထရက်ဖိုဒ့်မှာကစားခဲ့ရတာဖြစ်ပြီး ရလဒ်ကတော့ တစ်ဖက်တစ်ဂိုးစီဖြစ်ပါတယ်။
photo internet
အခုအချိန်မှာ ယူနိုက်တက်အသင်းဟာ ကစားသမားသစ် ဘရူနိုဖာနန်ဒက်စ်ရောက်ရှိလာမှုနဲ့အတူ ဖေဖော်ဝါရီ တစ်လလုံး မှာမှတ်တမ်းကောင်းတွေကိုထိန်းသိမ်းထားနိုင်ပါတယ်။ အဲဗာတန်အသင်းကလည်း နည်းပြ အန်ဆယ်လော့တီ ရောက်ရှိလာမှုနဲ့အတူ ရလဒ်တွေ ပြန်လည်ကောင်းမွန်ခဲ့ပါတယ်။ ဒါပေမယ့် အဲဗာတန်အသင်းဟာ ယူရိုပါလိဂ်ဝင်ခွင့်အတွက် လက်ကျန်ပွဲတွေမှာ ရုန်းကန်ကစားနေရသလို၊ ယူနိုက်တက်ကလည်း ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အစွမ်းကုန်ကြိုးစားနေရပါတယ်။ ဒီတစ်ခေါက် ချန်ပီယံလိဂ်ဝင်ခွင့် ဆုံးရှုံးရင်အသင်းအတွက် ဆိုးကျိုးတွေပိုများလာမှာဖြစ်တာကြောင့် နည်းပြနဲ့တကွအသင်းသားတွေအားလုံးဟာ ရုန်းကန်ကစားနေရပါတယ်။
photo internet
ကိုရိုနာဗိုင်းရပ်စ်ကြောင့် အားကစားပွဲတွေကျင်းပတာရွှေ့ဆိုင်းနေတဲ့အချိန်၊တံခါးပိတ်ကျင်းပနေတဲ့အချိန်မှာ အိမ်ကွင်းအားသာချက်ဟာ နဂိုကလောက်အရမ်းအားသာချက်မဖြစ်တော့ပါဘူး။ ပရိသတ်အများစုကလည်း အပြင်ကိုသွားလာလှုပ်ရှားတာထက် တတ်နိုင်သမျှအိမ်ထဲမှာပဲနေနေကြလို့ပါ။ အိမ်ရှင်အဲဗာတန်ရဲ့ အခြေအနေကိုသုံးသပ်ကြည့်ရမယ်ဆိုရင် နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ (၁၀)ပွဲမှာ (၅)ပွဲနိုင်၊ (၃)ပွဲရှုံးထားပြီးတော့ (၂)ပွဲသရေကျထားခဲ့ပါတယ်။ဒါကြောင့် ခြုံကြည့်ရမယ်ဆိုရင်တော့ (၁၀)ပွဲမှာ(၅)ပွဲအထိအနိုင်ရထားတာဖြစ်ပါတယ်။ ဒီအနေအထားဟာမဆိုးဘူးလို့ဆိုရမှာပါ။ ဒါပေမယ့်အဲဗာတန်ရှုံးနိမ့်ခဲ့တဲ့ (၃)ပွဲဟာ မန်စီးတီး၊ လီဗာပူးလ်နဲ့ အာဆင်နယ်အသင်းတို့ဖြစ်တာကြောင့် အသင်းကြီးတွေနဲ့ဆိုရင်ရုန်းကန်နေရတဲ့ သဘောမှာရှိနေပါတယ်။ ဒီနေ့ညပွဲစဉ်ဟာ ၂ သင်းစလုံးအတွက် အရေးပါတာကြောင့် အကြိတ်အနယ်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ တစ်ပတ်က ဝက်ဖို့ဒ်ကို ခြေစွမ်းပိုင်း အသာစီး မရ ခဲ့ပေမယ့်လည်း ဂိုးပြတ် အနိုင် ရရှိခဲ့ ပါတယ်။ဒါ့အပြင် ကလပ်ဘရုချ်နဲ့ပွဲမှာလည်း ဂိုးပြတ်နိုင် ခဲ့ပြန်ပါတယ်။ အခုအဲဗာတန်နဲ့ပွဲကတော့ ပွဲကျပ်တဲ့ကစားပွဲတစ်ခုပါ။ အဲဗာတန်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ အမ်းမရိတ်မှာ အနည်းဆုံး သရေတစ်မှတ် ရသင့်တဲ့ အခွင့်အရေးတွေ ရခဲ့ပါတယ်။ ရစ်ချယ်လဆင် နဲ့ ကလာဗန်လီဝန် တို့ အတွဲကလည်း ပုံစံကောင်း ရနေပြီး အန်ဒရီဂိုးမက်ဇ် ပြန်လာတာ ကလည်း ကာလိုအန်ဆယ်လော့တီ ရဲ့ လက်အောက်မှာ အတက်ပိုင်းကို ရောက်နေတဲ့ အဲဗာတန် အတွက် တကယ့်ကို အားတက် စရာ ဖြစ်ပါတယ်။ အိမ်ရှင်အသင်းတို့ကြိုးစားတဲ့ အနေအထားပေါ်မူတည်ပြီးအမှတ်ရသွားနိုင်ပါတယ်။ မိုက်ကယ်အိုဝင်ကတော့ ယူနိုက်တက်တို့ နှစ်ဂိုး၊တစ်ဂိုးနဲ့ရှုံးနိုင်တယ်ဆိုပြီးခန့်မှန်းထားပါတယ်။
photo internet
ယူနိုက်တက်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ (၁၀)ပွဲမှာ (၂)ပွဲသာရှုံးထားခဲ့ပြီးတော့ နိုင်ပွဲ(၆)ပွဲအထိရယူထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင်နောက်ဆုံးကစားခဲ့တဲ့ (၇)ပွဲဆက်တိုက်ရှုံးပွဲမရှိသေးပါဘူး။ အထူးသဖြင့် ဖာနန်ဒက်စ်ရောက်လာပြီးတဲ့နောက်ပိုင်းနေရာစုံတိုးတက်မှုတွေရှိလာခဲ့ပြီးတော့ ခံစစ်ပိုင်းကလည်း နောက်ဆုံး(၇)ပွဲမှာ (၁)ဂိုးသာပေးထားခဲ့ရတာဖြစ်ပြီး၊ တိုက်စစ်ပိုင်းကလည်း(၁၈)ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် ယူနိုက်တက်ရဲ့လက်ရှိအခြေအနေဟာ အဲဗာတန်ထက်တော့ မညံ့ပါဘူး။ ဘာဘာတော့ဗ်ရဲ့ခန့်မှန်းချက်ကိုပြောပြပေးရမယ်ဆိုရင်တော့ “ယူနိုက်တက်ဟာ ခံစစ် ကစားတာလည်း ကောင်းနေပါတယ်။ ဒါပေမယ့် အန်ဆယ်လော့တီ ရဲ့ လက်အောက်မှာ ရုတ်ချည်း တိုးတက်လာခဲ့တဲ့ အဲဗာတန် အသင်းနဲ တွေ့ဆုံ ရာမှာတော့ ယူနိုက်တက် အနေနဲ့ စည်းစနစ် ကျနစွာ ကစား သွားဖို့ လိုအပ်ပါတယ်။ ကျွန်တော် ကတော့ ဂွတ်ဒီဆင်ပက်မှာ သရေပွဲကို မြင်တွေ့ရမယ်လို့ ထင်ပါတယ်။” ဆိုပြီး ပြောထားပါတယ်။ ဘာဘာတော့ဗ်ကတော့ တစ်ဖက်တစ်ဂိုးစီနဲ့သရေရလဒ်ထွက်နိုင်ပါတယ် ဆိုပြီးပြောထားပါတယ်။
photo internet
ဒီနေ့ညကစားမယ့်ပွဲစဉ်မှာ ယူနိုက်တက်ရဲ့တိုက်စစ်မှူး မာရှယ်ကတော့ ဒဏ်ရာပြဿနာကြောင့် ပါဝင်လာဖွယ်မရှိပါဘူး။ အငှားခေါ်ယူထားခဲ့တဲ့ အီဟာလိုသာပွဲထွက်လာဖို့ှရှိနေပြီးတော့ အီဟာလိုတစ်ယောက် ပြီးခဲ့တဲ့ ဘရုချ်နဲ့ ပွဲစဉ်ကလိုခြေစွမ်းပြနိုင်မလားဆိုတာ စောင့်ကြည့်ရပါမယ်။ အဲဗာတန်ကတော့ လူစုံနေပြီးတော့ ယူနိုက်တက်ကိုအိမ်ကွင်းအားသာချက်နဲ့ အနိုင်ရဖို့ကြိုးစားလာဖွယ်ရှိနေပါတယ်။ နာမည်ကျော်တို့ခန့်မှန်းသလို မဟုတ်ဘဲ ယူနိုက်တက်တို့အနေနဲ့ အဲဗာတန်ကို နှစ်ဂိုးတစ်ဂိုးနဲ့လည်းအနိုင်ရသွားနိုင်ပါတယ်။ အဲဗာတန်နဲ့ပွဲအတွက် အဝေးကွင်းကိုရောက်လာတဲ့ ယူနိုက်တက်လူစာရင်းကတော့ ဒီဂီယာ၊ ရိုမဲရို၊ ဘင်ရှော့၊ဝမ်ဘစ်ဆာကာ၊ဒါလော့၊ဘိုင်လီ၊လင်ဒီလော့ဒ်၊ မက်ဂွိုင်ယား၊လုရှော့၊ဝီလီယံ၊တော်မီနေး၊ဖရတ်၊ မာတစ်၊ပါရဲယား၊ မာတာ၊လင်ဂတ်၊ဖာနန်ဒက်စ်၊ တာဟစ်ချောင်၊
အီဟာလို၊ ဂရင်းဝုဒ်၊ ဒန်နီရယ်ဂျိမ်းတို့ဖြစ်ပါတယ်။ ပရိသတ်တွေကရော ဘယ်အသင်းနိုင်မယ်လို့ထင်ပါသလဲ။
photo internet
(Zawgyi Version)