ယူနိုက်တက်နဲ့ ဝုဗ်လ်ပွဲစဉ်က သတိပြုမိတဲ့အချက်များ

photo internet

အက်ဖ်အေ ဖလားပွဲစဉ်တစ်ခုဖြစ်တဲ့ ယူနိုက်တက်နဲ့ ဝုဗ်လ်ပွဲစဉ်ကတော့ ဂိုးမရှိသရေနဲ့ပွဲပြီးဆုံးသွားခဲ့ပါပြီ။ သရေရလဒ်သာထွက်ပေါ်ခဲ့တာကြောင့် နောက်ထပ်တစ်ကြိမ်ထပ်မံကစားရပါအုံးမယ်။ နောက်ထပ်ပွဲစဉ်ကိုတော့ ယူနိုက်တက်ရဲ့ အိမ်ကွင်း အိုးထရပ်ဖို့ဒ်မှာ ထပ်မံ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ ပြီးဆုံးခဲ့တဲ့ သရေပွဲနဲ့ ပတ်သက်ပြီးတော့ သတိပြုမိတဲ့အချက်တွေကို တင်ဆက်ပေးလိုက်ပါတယ်။

photo internet

အရင်ဦးဆုံးတင်ဆက်ပေးချင်တာကတော့ ဘရန်ဒန် ဝီလီယမ်အကြောင်းပဲဖြစ်ပါတယ်။ ဝုဗ်လ်နဲ့ပွဲစဉ်အပြီး မှာတော့ ပရိသတ်တွေဟာ ပြိုင်ဘက်အသင်းရဲ့ဂိုးဧရိယာထဲ ဘောလုံး ပေးပို့မှု 16 ကြိမ်ပြုလုပ်နိုင်ခဲ့တဲ့ ဘရန်ဒန်ဝီလီယမ်ရဲ့ခြေစွမ်းကို ပိုမို သတိပြုမိလာကြပါတယ်။ နည်းပြဆိုးလ်ရှားက အဲဒီပွဲစဉ်မှာ ဘယ်နောက်ခံနေရာအတွက် လုခ်ရှောနေရာမှာ လူငယ်ကစားသမားလေး ဝီလီယမ်ကို ပွဲထုတ်လာခဲ့ပါတယ်။ ဘရန်ဒန်ဝီလီယမ်ဟာ ပွဲကစားချိန်(၈၃)မိနစ်မှာ တန်ပြန်တိုက်စစ်တစ်ခုကို စတင်ခဲ့ပြီးတော့ နောက်တန်းဘယ်အစွန်ကနေ မာတစ်ကို ဘောလုံးထိုးပေးခဲ့ကာ တိုက်စစ်ကို ယူနိုက်တက်ခံစစ်ဘက်ခြမ်းကနေ ဝုဗ်လ်အသင်းရဲ့ ဂိုးဧရိယာထဲကို (၁၀)စက္ကန့်နဲ့ overlap တက်ပြေး သွားပြခဲ့ပါတယ်။ ဝီလီယမ်ရဲ့ overlap တက်ပြနိုင်စွမ်းဟာ လုခ်ရှောထက်သာခဲ့ပါပြီ။ ဘာကြောင့်လဲဆိုရင် လုခ်ရှောဟာဒဏ်ရာရရှိပြီးကွင်းထဲပြန် ဝင်လာတဲ့နောက်ပိုင်းမှာ အရင်ကလို တိုက်စစ်ကို overlap တက်တဲ့အပိုင်းမှာ အားနည်းနေပါတယ်။ ဝီလီယမ်ကတော့ 10 စက္ကန့်ထဲနဲ့ သူ့ရဲ့ခြေစွမ်းကိုပြသ လိုက်တာဖြစ်ပါတယ်။

photo internet

အဲဒီပွဲမှာ တာဟစ်ချောင်ကတော့ ပွဲထွက်ခွင့်ကိုအကောင်းဆုံးအသုံးချပြခဲ့ပါတယ်။ နည်းပြဆိုးလ်ရှားက ဝုဗ်လ်နဲ့ပွဲမှာ ပွဲထွက်စာရင်းကနေ ကစားသမားအပြောင်းအလဲတွေ တော်တော်များများ ပြုလုပ်ခဲ့ပြီးလူငယ်ခြေတက်တွေကိုသာ အဓိကထားအသုံးပြုခဲ့ပါတယ်။ တာဟစ်ချောင်ဟာအခြားလူငယ် ကစားသမားတွေထက် ပရီးမီးယားလိဂ်မှာပွဲထွက်ခွင့်ရရှိတာနည်းပါးပါတယ်။ အခုပွဲဟာ 2019 အကုန် 2020 နှစ်စမှာသူ့အတွက် ပထမဆုံးအသင်းကြီးပွဲထွက်ခွင့်ဖြစ်ပြီးတော့ ဘောလုံးပေးပို့မှုနဲ့ ခံစစ်လိုက်ပါကစားမှုတွေမှာ အကောင်းဆုံးခြေစွမ်းတွေကိုပြသခဲ့ပါတယ်။ ဒီတစ်ရာသီလုံးမှာ ယူနိုက်တက်အတွက် တာဟစ်ချောင်ရဲ့ကစားပေးချိန်ဟာ မိနစ် 300 တောင်မပြည့်သေးပါဘူး။ ဒါကြောင့်နောက်ပွဲတွေမှာ တာဟစ်ချောင်အတွက်အခွင့်အရေးတွေပိုပေးသင့်ပါတယ်။

photo internet

ဝုဗ်လ်နဲ့ပွဲစဉ်မှာတော့ နည်းပြဆိုးလ်ရှားက လက်စွမ်းပြဖို့ ဒီဂီယာနေရာမှာ ရိုမဲယိုကိုထုတ်သုံးခဲ့ပါတယ်။ ဒီဂီယာကိုမုန်းနေတဲ့ပရိသတ်တွေအတွက်ကတော့ ကျေနပ်စရာဖြစ်စေပါလိမ့်မယ်။ ဒီပွဲဟာ ရိုမဲယိုအတွက်
ဒီရာသီမှာ ၈ ပွဲမြောက် ပွဲထွက်ခွင့်ဖြစ်သလို ၆ ပွဲမြောက် clean sheet ရရှိခဲ့တဲ့ ပွဲလည်း ဖြစ်ပါတယ်။ လက်စွမ်းပြချင်နေတဲ့ ရိုမဲယိုဟာလည်း သူ မခေကြောင်းပြသခဲ့ပါတယ်။ ပြိုင်ဘက်ကစားသမားတွေရဲ့ ခြိမ်းခြောက်မှုတွေကို မကျိုးမပေါက်အောင်ကာကွယ်နိုင်စွမ်းရှိခဲ့ပါတယ်။

photo internet

ဝုဗ်လ်အသင်းနဲ့ပတ်သက်ပြီး သတိထားမိတာကတော့ တိုက်စစ်မှူးကူထရိုနီ တစ်ယောက်ကို ထုတ်မသုံးတဲ့အချက်ပဲဖြစ်ပါတယ်။ ကူထရိုနီကို ဝုဗ်လ်အသင်းဟာပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့တုန်းက ပေါင် 18 သန်းဝန်းကျင်သုံးပြီး အေစီမီလန်ကနေခေါ်ယူခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အခုပွဲမှာတော့ ကူထရိုနီတစ်ယောက် မြက်ခင်းစိမ်းပေါ်ခြေချခွင့်မရခဲ့ပါဘူး။ လူငယ်တိုက်စစ်မှူး အက်ရှ်လေဆီးလ်ကိုတော့ မြင်တွေ့ခဲ့ရပါတယ်။

photo internet

အခုပွဲမှာ ယူနိုက်တက်ဖက်ကိုခြိမ်းခြောက်ကစားခဲ့တဲ့သူတွေကတော့ ထရာအိုရေးနဲ့ ဒိုဟာတီတို့ဖြစ်ပါတယ်။ ဒါပေမယ့်သူတို့ဟာ ဝီလီယမ်နဲ့ ရိုမဲယိုတို့ရဲ့ခုခံနိုင်စွမ်းတွေကိုမကျော်လွှားနိုင်ခဲ့ပါဘူး။ အဆုံးသတ်အနေနဲ့သုံးသပ်ရမယ်ဆိုရင် နှစ်ဖက်အသင်းပရိသတ်တွေကတော့ အနည်းဆုံးတစ်ဂိုးသွင်းပြီး သူတို့အသင်းကို နိုင်စေချင်ကြပါတယ်။ ပရိသတ်တွေအတွက် အခုပွဲဟာ အားပေးသလိုမဖြစ်လာပေမယ့် နောက်တစ်ကြိမ်ကစားရမယ့်ပွဲစဉ်ကတော့ ပိုပြီးပြတ်သားတဲ့ရလဒ်တွေကိုပေးစွမ်းနိုင်မယ်လို့မျှော်လင့်ရပါတယ်။

photo internet

(Zawgyi Version)

ယူႏိုက္တက္နဲ႔ ၀ုဗ္လ္ပြဲစဥ္က သတိျပဳမိတဲ့အခ်က္မ်ား

အက္ဖ္ေအ ဖလားပြဲစဥ္တစ္ခုျဖစ္တဲ့ ယူႏိုက္တက္နဲ႔ ၀ုဗ္လ္ပြဲစဥ္ကေတာ့ ဂိုးမရိွသေရနဲ႔ပြဲၿပီးဆုံးသြားခဲ့ပါၿပီ။ သေရရလဒ္သာထြက္ေပၚခဲ့တာေၾကာင့္ ေနာက္ထပ္တစ္ႀကိမ္ထပ္မံကစားရပါအုံးမယ္။ ေနာက္ထပ္ပြဲစဥ္ကိုေတာ့ ယူႏိုက္တက္ရဲ႕ အိမ္ကြင္း အိုးထရပ္ဖို႔ဒ္မွာ ထပ္မံ ယွဥ္ျပိဳင္ကစားရမွာ ျဖစ္ပါတယ္။ ၿပီးဆုံးခဲ့တဲ့ သေရပြဲနဲ႔ ပတ္သက္ၿပီးေတာ့ သတိျပဳမိတဲ့အခ်က္ေတြကို တင္ဆက္ေပးလိုက္ပါတယ္။

အရင္ဦးဆုံးတင္ဆက္ေပးခ်င္တာကေတာ့ ဘရန္ဒန္ ဝီလီယမ္အေၾကာင္းပဲျဖစ္ပါတယ္။ ၀ုဗ္လ္နဲ႔ပြဲစဥ္အၿပီး မွာေတာ့ ပရိသတ္ေတြဟာ ၿပိဳင္ဘက္အသင္းရဲ႕ဂိုးဧရိယာထဲ ေဘာလုံး ေပးပို႔မႈ 16 ႀကိမ္ျပဳလုပ္ႏိုင္ခဲ့တဲ့ ဘရန္ဒန္၀ီလီယမ္ရဲ႕ေျခစြမ္းကို ပိုမို သတိျပဳမိလာၾကပါတယ္။ နည္းျပဆိုးလ္ရွားက အဲဒီပြဲစဥ္မွာ ဘယ္ေနာက္ခံေနရာအတြက္ လုခ္ေရွာေနရာမွာ လူငယ္ကစားသမားေလး ၀ီလီယမ္ကို ပြဲထုတ္လာခ့ဲပါတယ္။ ဘရန္ဒန္၀ီလီယမ္ဟာ ပြဲကစားခ်ိန္(၈၃)မိနစ္မွာ တန္ျပန္တိုက္စစ္တစ္ခုကို စတင္ခ့ဲျပီးေတာ့ ေနာက္တန္းဘယ္အစြန္ကေန မာတစ္ကို ေဘာလံုးထိုးေပးခဲ့ကာ တိုက္စစ္ကို ယူႏိုက္တက္ခံစစ္ဘက္ျခမ္းကေန ၀ုဗ္လ္အသင္းရဲ႕ ဂိုးဧရိယာထဲကို (၁၀)စကၠန္႔နဲ႔ overlap တက္ေျပး သြားျပခဲ့ပါတယ္။ ၀ီလီယမ္ရဲ႕ overlap တက္ျပႏိုင္စြမ္းဟာ လုခ္ေရွာထက္သာခဲ့ပါၿပီ။ ဘာေၾကာင့္လဲဆုိရင္ လုခ္ေရွာဟာဒဏ္ရာရရိွၿပီးကြင္းထဲျပန္ ၀င္လာတဲ့ေနာက္ပိုင္းမွာ အရင္ကလို တိုက္စစ္ကို overlap တက္တဲ့အပိုင္းမွာ အားနည္းေနပါတယ္။ ၀ီလီယမ္ကေတာ့ 10 စကၠန္႔ထဲနဲ႔ သူ႔ရဲ႕ေျခစြမ္းကိုျပသ လိုက္တာျဖစ္ပါတယ္။

အဲဒီပြဲမွာ တာဟစ္ေခ်ာင္ကေတာ့ ပဲြထြက္ခြင့္ကိုအေကာင္းဆုံးအသုံးခ်ျပခဲ့ပါတယ္။ နည္းျပဆိုးလ္ရွားက ၀ုဗ္လ္နဲ႔ပြဲမွာ ပြဲထြက္စာရင္းကေန ကစားသမားအေျပာင္းအလဲေတြ ေတာ္ေတာ္မ်ားမ်ား ျပဳလုပ္ခဲ့ၿပီးလူငယ္ေျခတက္ေတြကိုသာ အဓိကထားအသုံးျပဳခဲ့ပါတယ္။ တာဟစ္ေခ်ာင္ဟာအျခားလူငယ္ ကစားသမားေတြထက္ ပရီးမီးယားလိဂ္မွာပြဲထြက္ခြင့္ရရိွတာနည္းပါးပါတယ္။ အခုပြဲဟာ 2019 အကုန္ 2020 ႏွစ္စမွာသူ႔အတြက္ ပထမဆုံးအသင္းႀကီးပြဲထြက္ခြင့္ျဖစ္ၿပီးေတာ့ ေဘာလုံးေပးပို႔မႈနဲ႔ ခံစစ္လိုက္ပါကစားမႈေတြမွာ အေကာင္းဆုံးေျခစြမ္းေတြကိုျပသခဲ့ပါတယ္။ ဒီတစ္ရာသီလုံးမွာ ယူႏိုက္တက္အတြက္ တာဟစ္ေခ်ာင္ရဲ႕ကစားေပးခ်ိန္ဟာ မိနစ္ 300 ေတာင္မျပည့္ေသးပါဘူး။ဒါေၾကာင့္ေနာက္ပြဲေတြမွာ တာဟစ္ေခ်ာင္အတြက္အခြင့္အေရးေတြပိုေပးသင့္ပါတယ္။

၀ုဗ္လ္နဲ႔ပြဲစဥ္မွာေတာ့ နည္းျပဆုိးလ္ရွားက လက္စြမ္းျပဖို႔ ဒီဂီယာေနရာမွာ ရိုမဲယုိကိုထုတ္သုံးခဲ့ပါတယ္။ ဒီဂီယာကိုမုန္းေနတဲ့ပရိသတ္ေတြအတြက္ကေတာ့ ေက်နပ္စရာျဖစ္ေစပါလိမ့္မယ္။ ဒီပြဲဟာ ရိုမဲယိုအတြက္
ဒီရာသီမွာ ၈ ပြဲေျမာက္ ပြဲထြက္ခြင့္ျဖစ္သလို ၆ ပြဲေျမာက္ clean sheet ရရွိခဲ့တဲ့ ပြဲလည္း ျဖစ္ပါတယ္။ လက္စြမ္းျပခ်င္ေနတဲ့ ရိုမဲယိုဟာလည္း သူ မေခေၾကာင္းျပသခဲ့ပါတယ္။ ၿပိဳင္ဘက္ကစားသမားေတြရဲ႕ ၿခိမ္းေျခာက္မႈေတြကို မက်ဳိးမေပါက္ေအာင္ကာကြယ္ႏိုင္စြမ္းရိွခဲ့ပါတယ္။

၀ုဗ္လ္အသင္းနဲ႔ပတ္သက္ၿပီး သတိထားမိတာကေတာ့ တိုက္စစ္မွဴးကူထရိုနီ တစ္ေယာက္ကို ထုတ္မသုံးတဲ့အခ်က္ပဲျဖစ္ပါတယ္။ ကူထရိုနီကို ၀ုဗ္လ္အသင္းဟာၿပီးခဲ့တဲ့ ေႏြရာသီအေျပာင္းအေရႊ႕တုန္းက ေပါင္ 18 သန္း၀န္းက်င္သုံးၿပီး ေအစီမီလန္ကေနေခၚယူခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ အခုပြဲမွာေတာ့ ကူထရိုနီတစ္ေယာက္ ျမက္ခင္းစိမ္းေပၚေျခခ်ခြင့္မရခဲ့ပါဘူး။ လူငယ္တိုက္စစ္မွဴး အက္ရွ္ေလဆီးလ္ကိုေတာ့ ျမင္ေတြ႕ခဲ့ရပါတယ္။

အခုပြဲမွာ ယူႏိုက္တက္ဖက္ကိုၿခိမ္းေျခာက္ကစားခဲ့တဲ့သူေတြကေတာ့ ထရာအိုေရးနဲ႔ ဒိုဟာတီတို႔ျဖစ္ပါတယ္။ ဒါေပမယ့္သူတို႔ဟာ ၀ီလီယမ္နဲ႔ ရိုမဲယိုတို႔ရဲ႕ခုခံႏိုင္စြမ္းေတြကိုမေက်ာ္လႊားႏိုင္ခဲ့ပါဘူး။ အဆုံးသတ္အေနနဲ႔သုံးသပ္ရမယ္ဆိုရင္ ႏွစ္ဖက္အသင္းပရိသတ္ေတြကေတာ့ အနည္းဆုံးတစ္ဂိုးသြင္းၿပီးသူတို႔အသင္းကို ႏိုင္ေစခ်င္ၾကပါတယ္။ ပရိသတ္ေတြအတြက္ အခုပြဲဟာ အားေပးသလုိမျဖစ္လာေပမယ့္ ေနာက္တစ္ႀကိမ္ကစားရမယ့္ပြဲစဥ္ကေတာ့ ပိုၿပီးျပတ္သားတဲ့ရလဒ္ေတြကိုေပးစြမ္းႏိုင္မယ္လို႔ေမွ်ာ္လင့္ရပါတယ္။