ယူနိုက်တက်နဲ့ လီဗာပူး ပွဲစဉ်မတိုင်မီ ထွက်ပေါ်လာတဲ့သတင်းများ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ယူနိုက်တက်အတွက် ခက်ခဲတဲ့ပွဲစဉ်ဖြစ်လာမယ့် လီဗာပူးနဲ့ပွဲမတိုင်မီ ဘယ်သူတွေကဘာတွေပြောလဲဆိုတာ ကိုတင်ဆက်ပေးပါမယ်။ အရင်ဦးဆုံးတင်ဆက်ပေးချင်တာကတော့ ရက်ရှ်ဖို့်ဒ်အကြောင်းပါ။ ဝုဗ်လ်နှင့် ကစားခဲ့တဲ့ FA Cup ပွဲစဉ်တုန်းကရက်ရှ်ဖို့ဒ်တစ်ယောက်ဒဏ်ရာရခဲ့ပြီး၊ ဒုတိယပိုင်းလူစားလဲကစားတဲ့ အနေအထားမှာတောင် လုံးဝမဟန်နိုင်ဘဲ ကွင်းထဲက ထွက်ဖို့ လုပ်ဆောင်ခဲ့ရပါတယ်။

photo internet

ရက်ရှ်ဖို့ဒ်ဟာ ဒုတိယပိုင်း မိနစ် ၆၀ ကျော်အရောက်မှာ ဒန်နီရယ်ဂျိမ်းစ်အစား ဝင်ရောက်ကစားခဲ့တာဖြစ်သော်လည်း အချိန်သိပ် မကြာခင်မှာ ပြိုင်ဘက်အသင်းသားနဲ့ယှဉ်ပြိုင်ကစားရင်းဒဏ်ရာရကာ၊ ပွဲချိန် မိနစ် ၈၀လောက် အရောက်မှာ လင်ဂတ်နဲ့ လူစားလဲခဲ့ရပါတယ်။ ရက်ရှ်ဖို့ကို အဲဒီပွဲမှာ သုံးလိုက်တဲ့အတွက် လီဗာပူးနဲ့တွေ့ရမယ့်ပွဲကျရင် မပါဝင်တော့မှာ ပရိသတ်တွေကစိုးရိမ်ကြပါတယ်။

photo internet

ဒါပေမယ့် ဒဏ်ရာရခဲ့တဲ့တိုက်စစ်မှူးရက်ရှ်ဖို့ဒ်တစ်ယောက်ဟာ လီဗာပူးအသင်းနဲ့ကစားမယ့် ပွဲစဉ်အတွက် အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်ကိုလာရောက် ပူးပေါင်းခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ်တစ်ယောက် ကတော့ လီဗာပူးပွဲအတွက် နာကျင်မှုဝေဒနာကိုယာယီထိန်းညှိပေးနိုင်တဲ့ထိုးဆေးများထိုးကာ ဝင်ရောက်ကစားဖို့ လုပ်ဆောင်နေတယ်လို့သိရပေမယ့် ယူနိုက်တက်ဘက်ကတော့ သူ့ကို အရဲစွန့်ပြီးအသုံးမပြုလိုပါဘူး။

photo internet

လီဗာပူးပွဲနဲ့ပတ်သက်ပြီး ယူနိုက်တက် ဂန္ဓဝင်ကစားသမားကြီး ရီယိုဖာဒီနန်က ရက်ရှ်ဖို့ကိုတောင်းဆိုမှုပြုလုပ် လာပါတယ်။ “ရက်ရှ်ဖို့ဒ်ရေ တနင်္ဂနွေနေ့ပွဲအတွက် ကြံ့ခိုင်မှုပြည့်ဝအောင် လုပ်ပေးပါကွာ”ဆိုပြီး သူ့ရဲ့လူမှုကွန်ရက်မှာရေးသားထားပါတယ်။ နည်းပြဆိုးလ်ရှားကတော့ ဝုဗ်လ်နဲ့ပွဲအပြီးမှာ အခုလိုပြောပါတယ်။ “အခုတော့ ရက်ရှ်ဖို့တစ်ယောက် ဆေးကုသမှုခံယူနေပါတယ်။ တနင်္ဂနွေနေ့ပွဲမှာ သူကစားနိုင်မယ်လို့ မျှော်လင့်ရတာပါပဲ။ နောက်ကျောဒဏ်ရာကနည်းနည်းတော့ပြင်းတယ်။ အခုဝုဗ်လ်ကိုနိုင်ခဲ့တဲ့ တစ်လုံးတည်းသောဂိုးက သူ့ရဲ့ထောက်ပံ့မှုအများကြီးပါပါတယ်။ ဂိုးရဖို့အတွက် ရက်ရှ်ဖို့တစ်ယောက်ပေး ဆပ်ရတာတော့ များပါတယ်”ဆိုပြီးပြောခဲ့ပါတယ်။

photo internet

လီဗာပူး ဂန္တဝင် ကာရေဂါကတော့ အဲဒီပွဲစဉ်နဲ့ပတ်သက်ပြီး “ဘာကြောင့်များ ယူနိုက်တက် အသင်းက ဥရောပမှာ တစ်ခါမှ မလွှမ်းမိုးနိုင်ခဲ့သေးတာလဲ။ ဒါက ဘာကြောင့်လဲဆိုတော့ အင်္ဂလန် မှာ လို ဒိုင်လူကြီးတွေကို လွှမ်းမိုး မှုရှိအောင် မလုပ်နိုင်လို့ ဖြစ်ပါတယ်။ဥရောပရဲ့ ထိပ်သီး အသင်းတွေ အကြောင်းကို တွေးကြည့်မယ်ဆိုရင် သူတို့ရဲ့ လွှမ်းမိုးနိုင်တဲ့ ခေတ်တွေအသီးသီးရှိခဲ့ကြပါတယ်။ ယူနိုက်တက်ကမလုပ်နိုင်ဘူးဖြစ်နေတယ်”ဆိုပြီးပြောပါတယ်။

photo internet

လီဗာပူး နဲ့ ယူနိုက်တက် တို့ဟာ အင်္ဂလန် ဘောလုံးသမိုင်းမှာ အအောင်မြင်ဆုံး အသင်းတွေဖြစ်ကြ ပြီး ခါးသီးပြိုင်ဘက် အသင်းတွေလည်းဖြစ်ပါတယ်။လတ်တလောမှာ ယူနိုက်တက်အသင်းက ပြည်တွင်း အောင်မြင်မှု အသာရနေပေမယ့် လီဗာပူးအသင်းကဥရောပ ဖလား ၃လုံးပိုပြီး အသာရနေပါတယ်။ လီဗာပူး တို့ဟာ ချန်ပီယံလိဂ် ဖလားကို ၆ လုံးအထိ ရရှိထားဖူးပြီး လက်ရှိ ချန်ပီယံ အသင်းလည်းဖြစ်ပါတယ်။ဒါပေမယ့် ယူနိုက်တက် အသင်းကတော့ ၂၀၀၉ ခုနှစ်မှာ ချဲဆီးလ်အသင်းကို ပင်နယ်တီမှာအနိုင်ရဗိုလ်စွဲခဲ့ပြီးနောက်ပိုင်း ချန်ပီယံလိဂ်ဖလားနဲ့ ဝေးနေခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက်နဲ့လီဗာပူး ဘယ်အသင်းနိုင်မလဲဆိုတာ စောင့်ကြည့်ကြရအောင်ပါ။

photo internet

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

(Zawgyi Version)

ယူႏိုက္တက္နဲ႔ လီဗာပူး ပြဲစဥ္မတိုင္မီ ထြက္ေပၚလာတဲ့သတင္းမ်ား

ယူႏိုက္တက္အတြက္ ခက္ခဲတဲ့ပြဲစဥ္ျဖစ္လာမယ့္ လီဗာပူးနဲ႔ပြဲမတိုင္မီ ဘယ္သူေတြကဘာေတြေျပာလဲဆုိတာ ကိုတင္ဆက္ေပးပါမယ္။ အရင္ဦးဆုံးတင္ဆက္ေပးခ်င္တာကေတာ့ ရက္ရွ္ဖို႔္ဒ္အေၾကာင္းပါ။ ဝုဗ္လ္ႏွင့္ ကစားခဲ့တဲ့ FA Cup ပြဲစဥ္တုန္းကရက္ရွ္ဖို႔ဒ္တစ္ေယာက္ဒဏ္ရာရခဲ့ၿပီး၊ ဒုတိယပိုင္းလူစားလဲကစားတဲ့ အေနအထားမွာေတာင္ လုံး၀မဟန္ႏိုင္ဘဲ ကြင္းထဲက ထြက္ဖို႔ လုပ္ေဆာင္ခဲ့ရပါတယ္။ ရက္ရွ္ဖုိ႔ဒ္ဟာ ဒုတိယပုိင္း မိနစ္ ၆၀ ေက်ာ္အေရာက္မွာ ဒန္နီရယ္ဂ်ိမ္းစ္အစား ဝင္ေရာက္ကစားခဲ့တာျဖစ္ေသာ္လည္း အခ်ိန္သိပ္ မၾကာခင္မွာ ၿပိဳင္ဘက္အသင္းသားနဲ႔ယွဥ္ၿပိဳင္ကစားရင္းဒဏ္ရာရကာ၊ ပြဲခ်ိန္ မိနစ္ ၈၀ေလာက္ အေရာက္မွာ လင္ဂတ္နဲ႔ လူစားလဲခဲ့ရပါတယ္။ ရက္ရွ္ဖို႔႔ကို အဲဒီပြဲမွာ သုံးလိုက္တဲ့အတြက္ လီဗာပူးနဲ႔ေတြ႕ရမယ့့္ပြဲက်ရင္ မပါ၀င္ေတာ့မွာ ပရိသတ္ေတြကစိုးရိမ္ၾကပါတယ္။

ဒါေပမယ့္ ဒဏ္ရာရခဲ့တဲ့တိုက္စစ္မႉးရက္႐ွ္ဖို႔ဒ္တစ္ေယာက္ဟာ လီဗာပူးအသင္းနဲ႔ကစားမယ့္ ပြဲစဥ္အတြက္ အသင္းရဲ႕ေလ့က်င့္ခန္းအစီအစဥ္ကိုလာေရာက္ ပူးေပါင္းခဲ့ပါတယ္။ ရက္ရွ္ဖို႔ဒ္တစ္ေယာက္ ကေတာ့ လီဗာပူးပြဲအတြက္ နာက်င္မႈေဝဒနာကိုယာယီထိန္းညႇိေပးႏိုင္တဲ့ထိုးေဆးမ်ားထိုးကာ ဝင္ေရာက္ကစားဖို႔ လုပ္ေဆာင္ေနတယ္လို႔သိရေပမယ့္ ယူႏိုက္တက္ဘက္ကေတာ့ သူ႔ကို အရဲစြန္႔ၿပီးအသုံးမျပဳလုိပါဘူး။

လီဗာပူးပြဲနဲ႔ပတ္သက္ၿပီး ယူႏိုက္တက္ ဂႏၶဝင္ကစားသမားၾကီး ရီယိုဖာဒီနန္က ရက္ရွ္ဖုိ႔ကိုေတာင္းဆိုမႈျပဳလုပ္ လာပါတယ္။ “ရက္ရွ္ဖုိ႔ဒ္ေရ တနဂၤေႏြေန႔ပဲြအတြက္ ၾကံ႕ခိုင္မႈျပည့္ဝေအာင္ လုပ္ေပးပါကြာ”ဆိုၿပီး သူ႔ရဲ႕လူမႈကြန္ရက္မွာေရးသားထားပါတယ္။ နည္းျပဆိုးလ္ရွားကေတာ့ ၀ုဗ္လ္နဲ႔ပြဲအၿပီးမွာ အခုလိုေျပာပါတယ္။ “အခုေတာ့ ရက္ရွ္ဖို႔တစ္ေယာက္ ေဆးကုသမႈခံယူေနပါတယ္။ တနဂၤေႏြေန႔ပြဲမွာသူကစားႏိုင္မယ္လို႔ ေမွ်ာ္လင့္ရတာပါပဲ။ ေနာက္ေက်ာဒဏ္ရာကနည္းနည္းေတာ့ျပင္းတယ္။ အခု၀ုဗ္လ္ကိုႏိုင္ခဲ့တဲ့ တစ္လုံးတည္းေသာဂိုးက သူ႔ရဲ႕ေထာက္ပံ့မႈအမ်ားႀကီးပါပါတယ္။ ဂိုးရဖုိ႔အတြက္ ရက္ရွ္ဖို႔တစ္ေယာက္ေပး ဆပ္ရတာေတာ့ မ်ားပါတယ္”ဆိုၿပီးေျပာခဲ့ပါတယ္။

လီဗာပူး ဂႏၲဝင္ ကာေရဂါကေတာ့ အဲဒီပြဲစဥ္နဲ႔ပတ္သက္ၿပီး “ဘာေၾကာင့္မ်ား ယူႏိုက္တက္ အသင္းက ဥေရာပမွာ တစ္ခါမွ မလႊမ္းမိုးႏိုင္ခဲ့ေသးတာလဲ။ ဒါက ဘာေၾကာင့္လဲဆိုေတာ့ အဂၤလန္ မွာ လို ဒိုင္လူႀကီးေတြကို လႊမ္းမိုး မႈရွိေအာင္ မလုပ္ႏိုင္လို႔ ျဖစ္ပါတယ္။ဥေရာပရဲ႕ ထိပ္သီး အသင္းေတြ အေၾကာင္းကို ေတြးၾကည့္မယ္ဆိုရင္ သူတို႔ရဲ႕ လႊမ္းမိုးႏိုင္တဲ့ ေခတ္ေတြအသီးသီးရွိခဲ့ၾကပါတယ္။ ယူနိုက္တက္ကမလုပ္ႏိုင္ဘူးျဖစ္ေနတယ္”ဆိုၿပီးေျပာပါတယ္။

လီဗာပူး နဲ႔ ယူႏိုက္တက္ တို႔ဟာ အဂၤလန္ ေဘာလုံးသမိုင္းမွာ အေအာင္ျမင္ဆုံး အသင္းေတြျဖစ္ၾက ၿပီး ခါးသီးၿပိဳင္ဘက္ အသင္းေတြလည္းျဖစ္ပါတယ္။လတ္တေလာမွာ ယူႏိုက္တက္အသင္းက ျပည္တြင္း ေအာင္ျမင္မႈ အသာရေနေပမယ့္ လီဗာပူးအသင္းကဥေရာပ ဖလား ၃လုံးပိုၿပီး အသာရေနပါတယ္။ လီဗာပူး တို႔ဟာ ခ်န္ပီယံလိဂ္ ဖလားကို ၆ လုံးအထိ ရရွိထားဖူးၿပီး လက္ရွိ ခ်န္ပီယံ အသင္းလည္းျဖစ္ပါတယ္။ဒါေပမယ့္ ယူႏိုက္တက္ အသင္းကေတာ့ ၂၀၀၉ ခုႏွစ္မွာ ခ်ဲဆီးလ္အသင္းကို ပင္နယ္တီမွာအႏိုင္ရဗိုလ္စြဲခဲ့ၿပီးေနာက္ပိုင္း ခ်န္ပီယံလိဂ္ဖလားနဲ႔ ေဝးေနခဲ့တာ ျဖစ္ပါတယ္။ ယူႏိုက္တက္နဲ႔လီဗာပူး ဘယ္အသင္းႏိုင္မလဲဆိုတာ ေစာင့္ၾကည့္ၾကရေအာင္ပါ။