ယူနိုက်တက်နည်းပြရာထူးက သူ့အတွက် ကြီးမားတဲ့အလုပ်လို့ တစ်ခါမှမခံစားရကြောင်း ဆိုးလ်ရှားဖွင့်ဟ

Photo Credit

Photo Credit

မန်ချက်စတာယူနိုက်တက်အသင်းဟာ နှစ်ပေါင်း ၃၀ အတွင်းအဆိုးရွားဆုံးရာသီအစနဲ့ ရင်ဆိုင်နေရပေမယ့် နည်းပြဆိုးလ်ရှားကတော့ ယူနိုက်တက်နည်းပြရာထူးက သူ့အတွက် အရမ်းကြီးမားတဲ့ အလုပ်လို့ မခံစားရကြောင်း ပြောပါတယ်။

Photo Credit

ယူနိုက်တက်အသင်းရဲ့ နောက်လာမယ့် ပွဲစဉ်ကလည်း ပိုမိုခက်ခဲတဲ့ ပွဲစဉ်တစ်ပွဲဖြစ်ပြီး မဟာပြိုင်ဘက် လီဗာပူးအသင်းကို တနင်္ဂနွေညမှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။

Photo Credit ; Getty Images

လီဗာပူးအသင်းဟာ လက်ရှိမှာပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးကနေ ဦးဆောင်နေပြီး ၁၈ ပွဲဆက် ရှုံးပွဲမရှိစံချိန်တင်ထားတဲ့ မန်စီးတီးအသင်းရဲ့စံချိန်ကို အမီလိုက်နေတာ ဖြစ်ပါတယ်။

Photo Credit

ဒါပေမဲ့ နော်ဝေးသားနည်းပြကတော့ သူက လက်ရှိအချိန်အထိယူနိုက်တက်ရဲ့နည်းပြရာထူးနဲ့ သင့်လျော်နေဆဲလို့ ယုံကြည်နေပြီး ဒုတိယဥက္ကဌဝုဒ်ဝက်ဒ်ကလည်း ဆိုးလ်ရှားဘက်က ၁၀၀ ရာခိုင်နှုန်းထောက်ခံပေးထားပါတယ်။

Photo Credit

”ယူနိုက်တက်နည်းပြရာထူးက ကျွန်တော်မလုပ်နိုင်တဲ့ ကြီးမားတဲ့အရာတစ်ခုလို့ မခံစားရပါဘူး၊ ကစားသမားတွေနဲ့ ကျွန်တော်ဘာတွေ ဆက်လုပ်ရမယ်ဆိုတာသိပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပါတယ်။ ကျွန်တော်တို့ တိုးတက်လာမှာပါ”

Photo Credit

”တိုးတက်မှုတွေကို မြင်တွေ့ရမှာပါ၊ ကျွန်တော်တို့ နိုင်ပွဲတွေရရှိဖို့ လိုအပ်ပါတယ်၊ ဂိုးတွေ သွင်းယူနိုင်ပြီး အခွင့်အရေးတွေလည်း ပိုမိုဖန်တီးနိုင်ဖို့ လိုအပ်ပါတယ်၊ ဘာလို့လဲဆိုတော့ အသင်းရဲ့နောက်တန်းအင်အားက ကျောက်ဆောင်တစ်ခုလိုတောင့်တင်းပြီးသားမို့လို့ပါ”လို့ ဆိုးလ်ရှားကပြောပါတယ်။

Photo Credit

ဆက်လက်ပြီး ဆိုးလ်ရှားက“ ဒါပေမဲ့ ကျွန်တော်တို့ လုံလုံလောက်လောက် မစွန့်စားခဲ့ပါဘူး၊ အားကုန်ထုတ် မကစားခဲ့ပါဘူး၊ အကောင်းဆုံးအသင်းတစ်သင်းဟာ အများကြီးစွန့်စွန့်စားစားကစားရမှာဖြစ်ပြီး နောက်တန်းမှာလည်း ပိုမိုလှုပ်ကစားနိုင်ရမှာပါ”

Photo Credit

”အသင်းမှာရှိတဲ့ ကောင်လေးတွေက ယုံကြည်မှုတွေ ပျောက်ဆုံးနေချိန်မှာ သူတို့ကစားပုံက လုံခြုံတယ်လို့ ခံစားနေရပေမယ့် ဒါကလုံခြုံမှုမရှိတဲ့ အနေအထားဆိုတာပြောရမှာက ကျွန်တော့်ရဲ့တာဝန်ပါ”လို့ ပြောကြားသွားခဲ့ပါတယ်။

Photo Credit

ဝုဒ်ဝက်ဒ်ကလည်း ယူနိုက်တက်အသင်းဟာ လက်ရှိမှာအမှတ်ပေးဇယားရဲ့ အဆင့် ၁၂ နေရာအထိ ရောက်ရှိနေပြီး တနင်္ဂနွေညမှာ ကစားရမယ့် လီဗာပူးအသင်းနဲ့ ပွဲစဉ်မှာ ၃ မှတ်ဆုံးရှုံးခဲ့ရင်တောင် ဆိုးလ်ရှားရဲ့နည်းပြရာထူးက ခိုင်မြဲနေဆဲပဲလို့ လူသိရှင်ကြားပြောကြားသွားခဲ့ပါတယ်။

Photo Credit

Zawgyi

ယူႏိုက္တက္နည္းျပရာထူးက သူ႕အတြက္ ႀကီးမားတဲ့အလုပ္လုိ႔ တစ္ခါမွမခံစားရေၾကာင္း ဆုိးလ္ရွားဖြင့္ဟ

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ႏွစ္ေပါင္း ၃၀ အတြင္းအဆိုးရြားဆံုးရာသီအစနဲ႔ ရင္ဆိုင္ေနရေပမယ့္ နည္းျပဆိုးလ္ရွားကေတာ့ ယူႏိုက္တက္နည္းျပရာထူးက သူ႕အတြက္ အရမ္းၾကီးမားတဲ့ အလုပ္လို႔ မခံစားရေၾကာင္း ေျပာပါတယ္။
ယူႏိုက္တက္အသင္းရဲ႕ ေနာက္လာမယ့္ ပြဲစဥ္ကလည္း ပိုမိုခက္ခဲတဲ့ ပြဲစဥ္တစ္ပြဲျဖစ္ၿပီး မဟာၿပိဳင္ဘက္ လီဗာပူးအသင္းကို တနဂၤေႏြညမွာ ဧည့္ခံကစားရမွာ ျဖစ္ပါတယ္။
လီဗာပူးအသင္းဟာ လက္ရွိမွာပရီးမီးယားလိဂ္အမွတ္ေပးဇယားရဲ႕ ထိပ္ဆံုးကေန ဦးေဆာင္ေနၿပီး ၁၈ ပြဲဆက္ ႐ံႈးပြဲမရွိစံခ်ိန္တင္ထားတဲ့ မန္စီးတီးအသင္းရဲ႕စံခ်ိန္ကို အမီလိုက္ေနတာ ျဖစ္ပါတယ္။
ဒါေပမဲ့ ေနာ္ေဝးသားနည္းျပကေတာ့ သူက လက္ရွိအခ်ိန္အထိယူႏိုက္တက္ရဲ႕နည္းျပရာထူးနဲ႔ သင့္ေလ်ာ္ေနဆဲလို႔ ယံုၾကည္ေနၿပီး ဒုတိယဥကၠဌဝုဒ္ဝက္ဒ္ကလည္း ဆိုးလ္ရွားဘက္က ၁၀၀ ရာခိုင္ႏႈန္းေထာက္ခံေပးထားပါတယ္။
”ယူႏိုက္တက္နညး္ျပရာထူးက ကၽြန္ေတာ္မလုပ္ႏိုင္တဲ့ ၾကီးမားတဲ့အရာတစ္ခုလို႔ မခံစားရပါဘူး၊ ကစားသမားေတြနဲ႔ ကၽြန္ေတာ္ဘာေတြ ဆက္လုပ္ရမယ္ဆိုတာသိၿပီး ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္မႈရွိပါတယ္။ ကၽြန္ေတာ္တို႔ တိုးတက္လာမွာပါ”
”တိုးတက္မႈေတြကို ျမင္ေတြ႔ရမွာပါ၊ ကၽြန္ေတာ္တို႔ ႏိုင္ပဲြေတြရရွိဖို႔ လိုအပ္ပါတယ္၊ ဂိုးေတြ သြင္းယူႏိုင္ၿပီး အခြင့္အေရးေတြလည္း ပိုမိုဖန္တီးႏိုင္ဖို႔ လိုအပ္ပါတယ္၊ ဘာလို႔လဲဆိုေတာ့ အသင္းရဲ႕ေနာက္တန္းအင္အားက ေက်ာက္ေဆာင္တစ္ခုလိုေတာင့္တင္းၿပီးသားမို႔လို႔ပါ”လို႔ ဆိုးလ္ရွားကေျပာပါတယ္။
ဆက္လက္ၿပီး ဆိုးလ္ရွားက“ ဒါေပမဲ့ ကၽြန္ေတာ္တို႔ လံုလံုေလာက္ေလာက္ မစြန္႔စားခဲ့ပါဘူး၊ အားကုန္ထုတ္ မကစားခဲ့ပါဘူး၊ အေကာင္းဆံုးအသင္းတစ္သင္းဟာ အမ်ားႀကီးစြန္႔စြန္႔စားစားကစားရမွာျဖစ္ၿပီး ေနာက္တန္းမွာလည္း ပိုမိုလႈပ္ကစားႏိုင္ရမွာပါ”
”အသင္းမွာရွိတဲ့ ေကာင္ေလးေတြက ယံုၾကည္မႈေတြ ေပ်ာက္ဆံုးေနခ်ိန္မွာ သူတို႔ကစားပံုက လံုျခံဳတယ္လို႔ ခံစားေနရေပမယ့္ ဒါကလံုျခံဳမႈမရွိတဲ့ အေနအထားဆိုတာေျပာရမွာက ကၽြန္ေတာ့္ရဲ႕တာဝန္ပါ”လို႔ ေျပာၾကားသြားခဲ့ပါတယ္။
ဝုဒ္ဝက္ဒ္ကလည္း ယူႏိုက္တက္အသင္းဟာ လက္ရွိမွာအမွတ္ေပးဇယားရဲ႕ အဆင့္ ၁၂ ေနရာအထိ ေရာက္ရွိေနၿပီး တနဂၤေႏြညမွာ ကစားရမယ့္ လီဗာပူးအသင္းနဲ႔ ပြဲစဥ္မွာ ၃ မွတ္ဆံုး႐ႈံးခဲ့ရင္ေတာင္ ဆိုးလ္ရွားရဲ႕နည္းျပရာထူးက ခိုင္ၿမဲေနဆဲပဲလို႔ လူသိရွင္ၾကားေျပာၾကားသြားခဲ့ပါတယ္။