ယူနိုက်တက်နည်းပြဘဝမှာ အပြောင်းအရွှေ့အသုံးစရိတ်ပေါင်သန်း(၄၀၀)ကျော်အထိ သုံးစွဲထားတဲ့ဆိုးလ်ရှား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာယူနိုက်တက်အသင်းဟာ ရီးယဲလ်နောက်ခံလူဗာရန်းကိုခေါ်ယူဖို့သဘောတူညီမှုရခဲ့ပြီး ဗာရန်းက အသင်းကို ဆိုးလ်ရှားစတင်ကိုင်တွယ်တဲ့အချိန်ကစလို့ အခုလက်ရှိအထိ (၁၃)ယောက်မြောက်ခေါ်ယူတဲ့ကစားသမားဖြစ်လာခဲ့ပါပြီ။

၂၀၁၉၊ မတ်လတုန်းက ယူနိုက်တက်အသင်းရဲ့အမြဲတမ်းနည်းပြအဖြစ်ခန့်အပ်ခံခဲ့ရပြီးတဲ့နောက် ဆိုးလ်ရှားဟာ ဒန်နီယဲလ်ဂျိမ်းစ်၊ ဘစ်ဆာကာ၊ မက်ဂွိုင်းယား၊ ဘရူနိုဖာနန်ဒက်စ်၊ နာသန်ဘစ်ရှော့၊ ဗန်ဒီဘိခ်၊ ပစ်လစ်စထရီ၊ တဲလက်စ်၊ ကာဗာနီ၊ ဒီယာလို၊ ဟီတန်၊ ဆန်ချိုနဲ့ အခုဗာရန်းတို့ကို ခေါ်ယူခဲ့တာဖြစ်ပြီး

ဗာရန်းအတွက် ကနဦးပြောင်းရွှေ့ကြေးအဖြစ် ပေါင်(၃၄.၂)သန်းပေးချေရမှာဖြစ်သလို ခြေစွမ်းနဲ့အောင်မြင်မှုအလိုက် Add-Ons ကြေးတွေထပ်ပေးရမှာဖြစ်လို့ ပြောင်းရွှေ့ကြေးက ပေါင်(၄၁)သန်းကျော်ရှိသွားမှာဖြစ်တာကြောင့် ဆိုးလ်ရှားရဲ့ အသုံးစရိတ်က ပေါင်သန်း(၄၀၀)ကျော်အထိရှိလာမှာပါ။

ဆိုးလ်ရှားဟာ အခုနွေရာသီအပြောင်းအရွှေ့စျေးကွက်တစ်ခုတည်းမှာပဲ ဆန်ချို၊ ဗာရန်းတို့ကိုခေါ်ယူခဲ့တဲ့အတွက် ပေါင်သန်း(၁၀၀)အထိသုံးစွဲခဲ့ပြီး နောက်ထပ်ကစားသမားသစ်တွေ ဆက်လက်ခေါ်ယူဖို့ရှိနေပါသေးတယ်။

ဆိုးလ်ရှားခေါ်ယူခဲ့တဲ့ကစားသမားတွေထဲမှာ ကြေးအကြီးဆုံးဖြစ်ခဲ့တာက နောက်ခံလူမက်ဂွိုင်းယားဖြစ်ပြီး ပေါင်သန်း(၈၀)အထိရှိတာကြောင့် နောက်ခံလူတွေထဲမှာ ပြောင်းရွှေ့ကြေးအများဆုံးကစားသမားအဖြစ် စံချိန်တင်ခဲ့တာဖြစ်ပါတယ်။

သူပြီးရင်တော့ ယူနိုက်တက်ကစားသမားသစ်ဆန်ချိုက ပေါင်(၇၃)သန်းနဲ့ ဒုတိယအများဆုံးဖြစ်နေပြီး ဘစ်ဆာကာအတွက် ပေါင်သန်း(၅၀)၊

ဘရူနိုဖာနန်ဒက်စ်ကို ပေါင်(၄၇)သန်း၊ နယ်သာလန်ကွင်းလယ်လူဗန်ဒီဘိခ်ကို ပေါင်(၃၉)သန်း၊ လူငယ်ကစားသမားဒီယာလိုအတွက် ပေါင်(၃၇.၇)သန်းအထိသုံးစွဲခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဆီ အလွတ်နဲ့ရောက်ရှိခဲ့သူတွေက ကာဗာနီနဲ့ အခုနွေရာသီကာလအတွင်း အသင်းကို ပြန်လည်ရောက်ရှိလာတဲ့ဂိုးသမားဟီတန်တို့ဖြစ်ပြီး

ဆိုးလ်ရှားဟာ ထူးထူးခြားခြားအဖြစ် ၂၀၂၀၊ ဇန်နဝါရီလတုန်းက ဆောက်သမ်းယူနိုက်တက်လူငယ်ဂိုးသမား နာသန်ဘစ်ရှော့ကို မဖော်ပြတဲ့ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ ခေါ်ယူခဲ့ပါသေးတယ်။

ဆိုးလ်ရှား ခေါ်ယူခဲ့တဲ့ကစားသမားတွေထဲမှာ ဘစ်ဆာကာ၊ မက်ဂွိုင်းယား၊ ဘရူနိုဖာနန်ဒက်စ်၊ ကာဗာနီတို့ကတော့ မှန်ကန်တဲ့ခေါ်ယူမှုတွေဖြစ်ခဲ့ပြီး ဒန်နီယဲလ်ဂျိမ်းစ်၊ တဲလက်စ်၊ ဗန်ဒီဘိခ်တို့ကတော့ ပြောင်းရွှေ့ကြေးတန်ဖိုးနဲ့ထိုက်တန်တဲ့ခြေစွမ်းမျိုးပြသနိုင်အောင် ကြိုးစားရဦးမှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ယူႏိုက္တက္နည္းျပဘဝမွာ အေျပာင္းအေ႐ႊ႕အသုံးစရိတ္ေပါင္သန္း(၄၀၀)ေက်ာ္အထိ သုံးစြဲထားတဲ့ဆိုးလ္ရွား

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ရီးယဲလ္ေနာက္ခံလူဗာရန္းကိုေခၚယူဖို႔သေဘာတူညီမႈရခဲ့ၿပီး ဗာရန္းက အသင္းကို ဆိုးလ္ရွားစတင္ကိုင္တြယ္တဲ့အခ်ိန္ကစလို႔ အခုလက္ရွိအထိ (၁၃)ေယာက္ေျမာက္ေခၚယူတဲ့ကစားသမားျဖစ္လာခဲ့ပါၿပီ။

၂၀၁၉၊ မတ္လတုန္းက ယူႏိုက္တက္အသင္းရဲ႕အၿမဲတမ္းနည္းျပအျဖစ္ခန႔္အပ္ခံခဲ့ရၿပီးတဲ့ေနာက္ ဆိုးလ္ရွားဟာ ဒန္နီယဲလ္ဂ်ိမ္းစ္၊ ဘစ္ဆာကာ၊ မက္ဂြိဳင္းယား၊ ဘ႐ူႏိုဖာနန္ဒက္စ္၊ နာသန္ဘစ္ေရွာ့၊ ဗန္ဒီဘိခ္၊ ပစ္လစ္စထရီ၊ တဲလက္စ္၊ ကာဗာနီ၊ ဒီယာလို၊ ဟီတန္၊ ဆန္ခ်ိဳနဲ႔ အခုဗာရန္းတို႔ကို ေခၚယူခဲ့တာျဖစ္ၿပီး ဗာရန္းအတြက္ ကနဦးေျပာင္းေ႐ႊ႕ေၾကးအျဖစ္ ေပါင္(၃၄.၂)သန္းေပးေခ်ရမွာျဖစ္သလို ေျခစြမ္းနဲ႔ေအာင္ျမင္မႈအလိုက္ Add-Ons ေၾကးေတြထပ္ေပးရမွာျဖစ္လို႔ ေျပာင္းေ႐ႊ႕ေၾကးက ေပါင္(၄၁)သန္းေက်ာ္ရွိသြားမွာျဖစ္တာေၾကာင့္ ဆိုးလ္ရွားရဲ႕ အသုံးစရိတ္က ေပါင္သန္း(၄၀၀)ေက်ာ္အထိရွိလာမွာပါ။

ဆိုးလ္ရွားဟာ အခုေႏြရာသီအေျပာင္းအေ႐ႊ႕ေစ်းကြက္တစ္ခုတည္းမွာပဲ ဆန္ခ်ိဳ၊ ဗာရန္းတို႔ကိုေခၚယူခဲ့တဲ့အတြက္ ေပါင္သန္း(၁၀၀)အထိသုံးစြဲခဲ့ၿပီး ေနာက္ထပ္ကစားသမားသစ္ေတြ ဆက္လက္ေခၚယူဖို႔ရွိေနပါေသးတယ္။

ဆိုးလ္ရွားေခၚယူခဲ့တဲ့ကစားသမားေတြထဲမွာ ေၾကးအႀကီးဆုံးျဖစ္ခဲ့တာက ေနာက္ခံလူမက္ဂြိဳင္းယားျဖစ္ၿပီး ေပါင္သန္း(၈၀)အထိရွိတာေၾကာင့္ ေနာက္ခံလူေတြထဲမွာ ေျပာင္းေ႐ႊ႕ေၾကးအမ်ားဆုံးကစားသမားအျဖစ္ စံခ်ိန္တင္ခဲ့တာျဖစ္ပါတယ္။ သူၿပီးရင္ေတာ့ ယူႏိုက္တက္ကစားသမားသစ္ဆန္ခ်ိဳက ေပါင္(၇၃)သန္းနဲ႔ ဒုတိယအမ်ားဆုံးျဖစ္ေနၿပီး ဘစ္ဆာကာအတြက္ ေပါင္သန္း(၅၀)၊ ဘ႐ူႏိုဖာနန္ဒက္စ္ကို ေပါင္(၄၇)သန္း၊ နယ္သာလန္ကြင္းလယ္လူဗန္ဒီဘိခ္ကို ေပါင္(၃၉)သန္း၊ လူငယ္ကစားသမားဒီယာလိုအတြက္ ေပါင္(၃၇.၇)သန္းအထိသုံးစြဲခဲ့တာျဖစ္ပါတယ္။

ယူႏိုက္တက္အသင္းဆီ အလြတ္နဲ႔ေရာက္ရွိခဲ့သူေတြက ကာဗာနီနဲ႔ အခုေႏြရာသီကာလအတြင္း အသင္းကို ျပန္လည္ေရာက္ရွိလာတဲ့ဂိုးသမားဟီတန္တို႔ျဖစ္ၿပီး ဆိုးလ္ရွားဟာ ထူးထူးျခားျခားအျဖစ္ ၂၀၂၀၊ ဇန္နဝါရီလတုန္းက ေဆာက္သမ္းယူႏိုက္တက္လူငယ္ဂိုးသမား နာသန္ဘစ္ေရွာ့ကို မေဖာ္ျပတဲ့ေျပာင္းေ႐ႊ႕ေၾကးတစ္ရပ္နဲ႔ ေခၚယူခဲ့ပါေသးတယ္။ ဆိုးလ္ရွား ေခၚယူခဲ့တဲ့ကစားသမားေတြထဲမွာ ဘစ္ဆာကာ၊ မက္ဂြိဳင္းယား၊ ဘ႐ူႏိုဖာနန္ဒက္စ္၊ ကာဗာနီတို႔ကေတာ့ မွန္ကန္တဲ့ေခၚယူမႈေတြျဖစ္ခဲ့ၿပီး ဒန္နီယဲလ္ဂ်ိမ္းစ္၊ တဲလက္စ္၊ ဗန္ဒီဘိခ္တို႔ကေတာ့ ေျပာင္းေ႐ႊ႕ေၾကးတန္ဖိုးနဲ႔ထိုက္တန္တဲ့ေျခစြမ္းမ်ိဳးျပသႏိုင္ေအာင္ ႀကိဳးစားရဦးမွာျဖစ္ပါတယ္။