ယူနိုက်တက်ကို စွန့်ခွာမှ ခြေစွမ်းပိုကောင်းလာတဲ့ လင်ဂတ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်ကနေ ဝက်စ်ဟမ်းကို အငှားနဲ့သွားကစားနေတဲ့ လင်ဂတ်ကတော့ အသင်းသစ်အတွက် ခြေစွမ်းကောင်း တွေ ထပ်ထပ်ပြနေခဲ့ပါတယ်။ လိဒ်ယူနိုက်တက်ကို ဝက်စ်ဟမ်းက ၂-၀ နဲ့ အနိုင်ရရှိခဲ့ရာမှာ လင်ဂတ်က အနိုင်ဂိုးတစ်ဂိုးသွင်းယူပေးခဲ့ပါတယ်။

ပွဲအစ မိနစ် ၂၀ အရောက်မှာပဲ လင်ဂတ်ရဲ့ ထိုးဖောက်မှုကနေ ပင်နယ်တီ ရရှိခဲ့ပြီး အဆိုပါပင်နယ်တီက လင်ဂတ်ကိုယ်တိုင်ပဲ ကန်သွင်းခဲ့ရာမှာ လိဒ်ယူနိုက်တက်ဂိုးသမား ပုတ်ထုတ်နိုင်ခဲ့ပေမယ့် ပြန်ထွက်လာတဲ့ဘောလုံးကို လင်ဂတ်ကပဲ ပိတ်သွင်းနိုင်ခဲ့တာကြောင့် အဖွင့်ဂိုးရသွားခဲ့ပါတယ်။ ၂၈ မိနစ်အရောက်မှာတော့ ဒုတိယဂိုးကို ဒေါ်ဆန်က ခေါင်းတိုက်သွင်းယူနိုင်ခဲ့ပါတယ်။

အဲဒီနိုင်ပွဲကြောင့် ဝက်စ်ဟမ်းအသင်းဟာ အဆင့် ၅ နေရာမှာ ရပ်တည်နိုင်ခဲ့သလို ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် လိဒ်ယူနိုက်တက်ကို ၂ ကျော့လုံးအနိုင်ရခဲ့တာလည်းဖြစ်ပါတယ်။ ဝက်စ်ဟမ်းအတွက် လင်ဂတ်ရဲ့ သွင်းဂိုးက လေးဂိုးအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့တစ်ရာသီလုံးမှာ ယူနိုက်တက်အတွက် ပွဲပေါင်း ၄၀ ကစားပြီးမှ ရရှိခဲ့တဲ့ သွင်းဂိုးအရေအတွက်ကို ဝက်စ်ဟမ်းမှာ ၆ ပွဲသာကစားပြီး လင်ဂတ်က ရရှိခဲ့တာလည်းဖြစ်ပါတယ်။

ဒေးဗစ်မိုယက်စ်လက်ထက်မှာ ရလဒ်ကောင်းတွေဆက်တိုက်ရရှိနေပြီး ချန်ပီယံလိဂ်ဝင်ခွင့်နေရာကိုပါ မျှော်လင့်နေနိုင်တဲ့ ဝက်စ်ဟမ်းအတွက်တော့ လင်ဂတ်ကို ခေါ်ယူခဲ့မှုက မှန်ကန်ခဲ့ပါတယ်။ လင်ဂတ်ဟာ လက်ရှိခြေစွမ်းအတိုင်းသာ ပြသနေမယ်ဆိုရင်တော့ ရာသီကုန်မှာ ဝက်စ်ဟမ်းက အပြီးသတ်ခေါ်ယူဖို့ ကြိုးစားလာနိုင်ပါတယ်။ လင်ဂတ်တစ်ယောက် သရဲနီဘဝကို အပြီးတိုင် စွန့်လွှတ်မှာလားဆိုတာ စောင့်ကြည့်ရအောင်ပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ယူႏိုက္တက္ကို စြန္႔ခြာမွ ​ေျခစြမ္းပို​ေကာင္းလာတဲ့ လင္ဂတ္

ယူႏိုက္တက္ကေန ဝက္စ္ဟမ္းကို အငွားနဲ႔သြားကစားေနတဲ့ လင္ဂတ္ကေတာ့ အသင္းသစ္အတြက္ ေျခစြမ္းေကာင္း ေတြ ထပ္ထပ္ျပေနခဲ့ပါတယ္။ လိဒ္ယူႏိုက္တက္ကို ဝက္စ္ဟမ္းက ၂-၀ နဲ႔ အႏိုင္ရရွိခဲ့ရာမွာ လင္ဂတ္က အႏိုင္ဂိုးတစ္ဂိုးသြင္းယူေပးခဲ့ပါတယ္။ ပြဲအစ မိနစ္ ၂၀ အေရာက္မွာပဲ လင္ဂတ္ရဲ႕ ထိုးေဖာက္မႈကေန ပင္နယ္တီ ရရွိခဲ့ၿပီး အဆိုပါပင္နယ္တီက လင္ဂတ္ကိုယ္တိုင္ပဲ ကန္သြင္းခဲ့ရာမွာ လိဒ္ယူႏိုက္တက္ဂိုးသမား ပုတ္ထုတ္ႏိုင္ခဲ့ေပမယ့္ ျပန္ထြက္လာတဲ့ေဘာလုံးကို လင္ဂတ္ကပဲ ပိတ္သြင္းႏိုင္ခဲ့တာေၾကာင့္ အဖြင့္ဂိုးရသြားခဲ့ပါတယ္။

၂၈ မိနစ္အေရာက္မွာေတာ့ ဒုတိယဂိုးကို ေဒၚဆန္က ေခါင္းတိုက္သြင္းယူႏိုင္ခဲ့ပါတယ္။ အဲဒီႏိုင္ပြဲေၾကာင့္ ဝက္စ္ဟမ္းအသင္းဟာ အဆင့္ ၅ ေနရာမွာ ရပ္တည္ႏိုင္ခဲ့သလို ပရီးမီးယားလိဂ္သမိုင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္အျဖစ္ လိဒ္ယူႏိုက္တက္ကို ၂ ေက်ာ့လုံးအႏိုင္ရခဲ့တာလည္းျဖစ္ပါတယ္။

ဝက္စ္ဟမ္းအတြက္ လင္ဂတ္ရဲ႕ သြင္းဂိုးက ေလးဂိုးအထိ ရွိလာခဲ့ၿပီျဖစ္ပါတယ္။ ဒါဟာ ၿပီးခဲ့တဲ့တစ္ရာသီလုံးမွာ ယူႏိုက္တက္အတြက္ ပြဲေပါင္း ၄၀ ကစားၿပီးမွ ရရွိခဲ့တဲ့ သြင္းဂိုးအေရအတြက္ကို ဝက္စ္ဟမ္းမွာ ၆ ပြဲသာကစားၿပီး လင္ဂတ္က ရရွိခဲ့တာလည္းျဖစ္ပါတယ္။ ေဒးဗစ္မိုယက္စ္လက္ထက္မွာ ရလဒ္ေကာင္းေတြဆက္တိုက္ရရွိေနၿပီး ခ်န္ပီယံလိဂ္ဝင္ခြင့္ေနရာကိုပါ ေမွ်ာ္လင့္ေနႏိုင္တဲ့ ဝက္စ္ဟမ္းအတြက္ေတာ့ လင္ဂတ္ကို ေခၚယူခဲ့မႈက မွန္ကန္ခဲ့ပါတယ္။

လင္ဂတ္ဟာ လက္ရွိေျခစြမ္းအတိုင္းသာ ျပသေနမယ္ဆိုရင္ေတာ့ ရာသီကုန္မွာ ဝက္စ္ဟမ္းက အၿပီးသတ္ေခၚယူဖို႔ ႀကိဳးစားလာႏိုင္ပါတယ္။ လင္ဂတ္တစ္​ေယာက္ သရဲနီဘ၀ကို အၿပီးတိုင္ စြန္႔လႊတ္​မွာလားဆိုတာ ​ေစာင့္ၾကည့္ရ​ေအာင္ပါ။