မီလန်ကြောင့် နောက်ဆုံးပွဲစဉ်မှာ ချန်ပီယံလိ၈်ဝင်ခွင့်အတွက် ဂျူဗင်တပ်နဲ့ နာပိုလီတို့ ၃ ပွင့်ဆိုင် အပြိုင်နွှဲရတော့မယ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

စီးရီးအေမှာ ချန်ပီယံလိ၈်ဝင်ခွင့်နေရာ၂နေရာအတွက်က ၃သင်း အပြိုင်ဖြစ်နေပါတယ်။

အဆင့် ၃ နေရာက နာပိုလီနဲ့ အဆင့် ၅ နေရာက ဂျူဗင်တပ်အကြားမှာ ၁မှတ်ပဲ ကွားပြီး နောက်ဆုံးပွဲစဉ် ၃၈ ဟာ ၃သင်းစလုံးအတွက် Do or Die ပါပဲ။

တကယ်တော့ နာပိုလီ၊ အေစီမီလန်ဲ့ ဂျူဗင်တပ်တို့ ၃သင်းမှာ ဂျူဗင်တပ်က အခွင့်အရေးအနည်းဆုံးဖြစ်နေပေမယ့် အေစီမီလန်အသင်းဟာ ကာဂလီယာရီ အသင်းနဲ့ ဂိုးမရှိသရေကျသွားတာကြောင့်

၁ပွဲ ပဲ ကျန်ရှိတော့တဲ့အချိန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက် ရုန်းကန်ရတော့မှာဖြစ်ပြီး အဆင့် (၅)နေရာက ဂျုဗင်တပ်အသင်းအတွက် မျှော်လင့်ချက်ရှင်သန်လာခဲ့တာဖြစ်ပါတယ်။

အေစီမီလန်အသင်းဟာ ဒီသရေပွဲကြောင့် ၇၆မှတ်နဲ့အဆင့်၃ နေရာမှာ ရပ်တည်နေရတာဖြစ်ပြီး အနိုင်ရခဲ့မယ်ဆိုရင် ၇၈မှတ် နဲ့ နာပိုလီရဲ့အထက် အဆင့် ၃ အထိ ရောက်နေခဲ့မှာပါ။

ပြီးခဲ့တဲ့ပွဲမှာ တိုရီနို အသင်းကို (၇)ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ အေစီမီလန်အသင်းဟာ ဂိုးရဖို့ ကာဂလီယာရီ အသင်းဘက်ကို တိုက်စစ်ဆင်ခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။ အေစီမီလန်အသင်းဟာ ဒီပွဲမှာ ဂိုးပေါက်ကန်သွင်းမှု ၂၁ ကြိမ်အထိ ရှိခဲ့ပေမယ့် ၂ ကြိမ်သာ ဂိုးပေါက်တည့်ခဲ့တာပါ။

စီးရီးအေ နောက်ဆုံးပွဲစဉ်မှာတော့ အဆင့် ၃နေရာက အေစီမီလန် နဲ့ အဆင့်၄ နေရာက နာပိုလီ အသင်းတို့သာ အနိုင်ရခဲ့မယ်ဆိုရင် ဂျုဗင်တပ် အသင်းဟာ ၂၀၁၁-၁၂ ရာသီနောက်ပိုင်း ၉နှစ်အတွင်းမှာ ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်မှာလည်းဖြစ်ပါတယ်။

ဒါပေမယ့် သူတို့ ၂သင်း ထဲက တစ်သင်း ခြေချော် အရေးနိမ့်သွားပြီး ဂျုဗင်တပ်အသင်းက အနိုင်ရခဲ့မယ်ဆိုရင် ချန်ပီယံလိဂ်ဝင်ခွင့်ရမှာဖြစ်ပါတယ်။

ဒါပေမယ့် အေစီမီလန်အသင်းဟာ နောက်‌ဆုံးကစားရမယ့် ပွဲစဉ် ၃၈မှာ ဒုတိယနေရာက အမှတ်မလိုတဲ့ အတ္တလန်တာအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်တာကြောင့် သိပ်ပြသနာမရှိနိုင်ပါဘူး။

စီးရီးအေ နောက်ဆုံးပွဲစဉ်အဖြစ် ဂျုဗင်တပ် အသင်းက ဘိုလော့ဂ်နာ နဲ့ ကစားရမှာဖြစ်ပြီး နာပိုလီအသင်းက ဗီရိုနာအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဂျူဗင်တပ်အသင်းဟာ တကယ်လို့ စီရီးအေကနေ ချန်ပီယံလိ၈်ဝင်ခွင့်ရခဲ့မယ်ဆိုရင်တောင် ဥရောပစးပါလိဂ်ကိစ္စကြောင့် ယူအီအက်ဖ်အေက ပြိုင်ပွဲကနေ ထုတ်ပယ်ပြစ်ဒဏ်ချမှတ်ခံရမယ့် အရေးလည်း ရှိနေပါသေးတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

မီလန္ေၾကာင့္ ေနာက္ဆုံးပြဲစဥ္မွာ ခ်န္ပီယံလိ၈္ဝင္ခြင့္အတြက္ ဂ်ဴဗင္တပ္နဲ႔ နာပိုလီတို႔ ၃ ပြင့္ဆိုင္ အၿပိဳင္ႏႊဲရေတာ့မယ္

စီးရီးေအမွာ ခ်န္ပီယံလိ၈္ဝင္ခြင့္ေနရာ၂ေနရာအတြက္က ၃သင္း အၿပိဳင္ျဖစ္ေနပါတယ္။ အဆင့္ ၃ ေနရာက နာပိုလီနဲ႔ အဆင့္ ၅ ေနရာက ဂ်ဴဗင္တပ္အၾကားမွာ ၁မွတ္ပဲ ကြားၿပီး ေနာက္ဆုံးပြဲစဥ္ ၃၈ ဟာ ၃သင္းစလုံးအတြက္ Do or Die ပါပဲ။

တကယ္ေတာ့ နာပိုလီ၊ ေအစီမီလန္ဲ့ ဂ်ဴဗင္တပ္တို႔ ၃သင္းမွာ ဂ်ဴဗင္တပ္က အခြင့္အေရးအနည္းဆုံးျဖစ္ေနေပမယ့္ ေအစီမီလန္အသင္းဟာ ကာဂလီယာရီ အသင္းနဲ႔ ဂိုးမရွိသေရက်သြားတာေၾကာင့္ ၁ပြဲ ပဲ က်န္ရွိေတာ့တဲ့အခ်ိန္မွာ ခ်န္ပီယံလိဂ္ဝင္ခြင့္ရဖို႔အတြက္ ႐ုန္းကန္ရေတာ့မွာျဖစ္ၿပီး အဆင့္ (၅)ေနရာက ဂ်ဳဗင္တပ္အသင္းအတြက္ ေမွ်ာ္လင့္ခ်က္ရွင္သန္လာခဲ့တာျဖစ္ပါတယ္။

ေအစီမီလန္အသင္းဟာ ဒီသေရပြဲေၾကာင့္ ၇၆မွတ္နဲ႔အဆင့္၃ ေနရာမွာ ရပ္တည္ေနရတာျဖစ္ၿပီး အႏိုင္ရခဲ့မယ္ဆိုရင္ ၇၈မွတ္ နဲ႔ နာပိုလီရဲ႕အထက္ အဆင့္ ၃ အထိ ေရာက္ေနခဲ့မွာပါ။ ၿပီးခဲ့တဲ့ပြဲမွာ တိုရီႏို အသင္းကို (၇)ဂိုးျပတ္နဲ႔ အႏိုင္ရခဲ့တဲ့ ေအစီမီလန္အသင္းဟာ ဂိုးရဖို႔ ကာဂလီယာရီ အသင္းဘက္ကို တိုက္စစ္ဆင္ခဲ့ေပမယ့္ ဂိုးမသြင္းႏိုင္ခဲ့တာျဖစ္ပါတယ္။ ေအစီမီလန္အသင္းဟာ ဒီပြဲမွာ ဂိုးေပါက္ကန္သြင္းမႈ ၂၁ ႀကိမ္အထိ ရွိခဲ့ေပမယ့္ ၂ ႀကိမ္သာ ဂိုးေပါက္တည့္ခဲ့တာပါ။

စီးရီးေအ ေနာက္ဆုံးပြဲစဥ္မွာေတာ့ အဆင့္ ၃ေနရာက ေအစီမီလန္ နဲ႔ အဆင့္၄ ေနရာက နာပိုလီ အသင္းတို႔သာ အႏိုင္ရခဲ့မယ္ဆိုရင္ ဂ်ဳဗင္တပ္ အသင္းဟာ ၂၀၁၁-၁၂ ရာသီေနာက္ပိုင္း ၉ႏွစ္အတြင္းမွာ ပထမဆုံးအႀကိမ္ ခ်န္ပီယံလိဂ္ဝင္ခြင့္နဲ႔ လြဲေခ်ာ္မွာလည္းျဖစ္ပါတယ္။

ဒါေပမယ့္ သူတို႔ ၂သင္း ထဲက တစ္သင္း ေျခေခ်ာ္ အေရးနိမ့္သြားၿပီး ဂ်ဳဗင္တပ္အသင္းက အႏိုင္ရခဲ့မယ္ဆိုရင္ ခ်န္ပီယံလိဂ္ဝင္ခြင့္ရမွာျဖစ္ပါတယ္။

ဒါေပမယ့္ ေအစီမီလန္အသင္းဟာ ေနာက္‌ဆုံးကစားရမယ့္ ပြဲစဥ္ ၃၈မွာ ဒုတိယေနရာက အမွတ္မလိုတဲ့ အတၱလန္တာအသင္းနဲ႔ ယွဥ္ၿပိဳင္ရမွာျဖစ္တာေၾကာင့္ သိပ္ျပသနာမရွိႏိုင္ပါဘူး။ စီးရီးေအ ေနာက္ဆုံးပြဲစဥ္အျဖစ္ ဂ်ဳဗင္တပ္ အသင္းက ဘိုေလာ့ဂ္နာ နဲ႔ ကစားရမွာျဖစ္ၿပီး နာပိုလီအသင္းက ဗီ႐ိုနာအသင္းနဲ႔ ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။ ဂ်ဴဗင္တပ္အသင္းဟာ တကယ္လို႔ စီရီးေအကေန ခ်န္ပီယံလိ၈္ဝင္ခြင့္ရခဲ့မယ္ဆိုရင္ေတာင္ ဥေရာပစးပါလိဂ္ကိစၥေၾကာင့္ ယူအီအက္ဖ္ေအက ၿပိဳင္ပြဲကေန ထုတ္ပယ္ျပစ္ဒဏ္ခ်မွတ္ခံရမယ့္ အေရးလည္း ရွိေနပါေသးတယ္။