မိုဒရစ်ကို ခေါ်ယူဖို့ ဒေးဗစ်ဘက်ခမ်း ဆန္ဒပြင်းထန်နေ

Photo- Internet

အင်တာမိုင်ယာမီ အသင်းပိုင်ရှင်တစ်ဦးဖြစ်တဲ့ ဒေးဗစ်ဘက်ခမ်းဟာ ၂၀၂၀ မေဂျာလိဂ်မှာ သူ့အသင်းစတင်ဝင်ပြိုင်တော့မယ့်အတူ ရီးရဲလ်မက်ဒရစ် ကွင်းလယ်ဖန်တီးရှင် လူကာမိုဒရစ်ကိုခေါ်ယူဖို့ အပြင်းအထန်စိတ်ဝင်စားနေ တယ်လို့သိရပါတယ်။

မေဂျာလိဂ်မှာ အသင်းသစ်ဖြစ်လာမယ့် အင်တာမိုင်ယာမီအတွက် နာမည်ကျော်ပြီး စွမ်းဆောင်ရည်လည်းကောင်းမွန်တဲ့ ကစားသမားတွေကို ခေါ်ယူဖို့ ဘက်ခမ်းကအလိုရှိနေပြီး ခရိုအေးရှားလက်ရွေးစင်ဖြစ်တဲ့ မိုဒရစ်ကိုခေါ်ယူဖို့ ဦးစားပေးအဖြစ်သတ်မှတ်ထားတယ်လို့လည်း စပိန်သတင်းတစ်ရပ်မှာဖော်ပြသွားပါတယ်။

Photo- Internet

အင်္ဂလိပ်မီဒီယာ အချို့ကလည်း ဘက်ခမ်းဟာ လက်ရှိမှာ ဥရောပမှာ ကစားသမားဘဝကုန်ဆုံးဖို့ နီးစပ်လာတဲ့ နာမည်ကျော်တွေကို ဖုန်းနဲ့အဆက်မပြတ်ဆက်သွယ်ကာ သူ့အသင်းကို အကူအညီပေးကြဖို့ တောင်းဆိုနေတယ်လို့လည်း ဖော်ပြနေကြပါတယ်။ အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ မိုဒရစ်ဟာ ရီးရဲလ်နဲ့ စာချုပ်သက်တမ်း ၂ နှစ်ကျန်နေသေးတာပါ။

Photo- Internet

မိုဒရစ်ဟာ သူ့ကစားသမားအဆုံးသတ်ချိန်ကို အမေရိကန်ဆီသွားပြီး ကစားဖို့ရည်မှန်းထားပေမယ့် ရီးရဲလ်က သူ့ကို မေဂျာလိဂ်ရာသီသစ် အမီလက်လွှတ်ဖို့မသေချာဘူးလို့လည်း သိရပါတယ်။ မေဂျာလိဂ်ရာသီသစ်ဟာ ၂၀၂၀ မတ်လမှာစတင်မှာဖြစ်ပြီး ဘက်ခမ်းအနေနဲ့ မိုဒရစ်ကိုခေါ်ယူခြင်တယ်ဆိုရင် လာမယ့်ဆောင်းရာသီဈေးကွက်ထဲမှာ ရအောင်ကြိုးစားရမှာ ဖြစ်ပါတယ်။

Photo- Internet

ဘက်ခမ်းဟာ ဥရောပနာမည်ကျော်တွေကို ခေါ်ယူဖို့ကြိုးစားနေရာမှာ ကာဗာနီ၊ လူးဝစ်ဆွာရက်ဇ်နဲ့ ဂျိမ်းရိုဒရီဂွက်ဇ်တို့အပြင် ဘာစီလိုနာတိုက်စစ်မှူ း မက်ဆီကိုပါပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။ အင်တာမိုင်ယာမီအသင်းဟာ မေဂျာလိဂ် ရာသီသစ်မှာ ဘက်ခမ်းရဲ့အသင်းဟောင်းဖြစ်တဲ့ ဂလက်ဆီနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

Photo- Internet

Zawgyi

မိုဒရစ္ကို ေခၚယူဖို႔ ေဒးဗစ္ဘက္ခမ္း ဆႏၵျပင္းထန္ေန

အင္တာမိုင္ယာမီ အသင္းပိုင္ရွင္တစ္ဦးျဖစ္တဲ႔ ေဒးဗစ္ဘက္ခမ္းဟာ ၂၀၂၀ ေမဂ်ာလိဂ္မွာ သူ႔အသင္းစတင္၀င္ၿပိဳင္ေတာ႔မယ္႔အတူ ရီးရဲလ္မက္ဒရစ္ ကြင္းလယ္ဖန္တီးရွင္ လူကာမိုဒရစ္ကိုေခၚယူဖို႔ အျပင္းအထန္စိတ္၀င္စားေန တယ္လို႔သိရပါတယ္။

ေမဂ်ာလိဂ္မွာ အသင္းသစ္ျဖစ္လာမယ္႔ အင္တာမိုင္ယာမီအတြက္ နာမည္ေက်ာ္ၿပီး စြမ္းေဆာင္ရည္လည္းေကာင္းမြန္တဲ႔ ကစားသမားေတြကို ေခၚယူဖို႔ ဘက္ခမ္းကအလိုရွိေနၿပီး ခရိုေအးရွားလက္ေရြးစင္ျဖစ္တဲ႔ မိုဒရစ္ကိုေခၚယူဖို႔ ဦးစားေပးအျဖစ္သတ္မွတ္ထားတယ္လို႔လည္း စပိန္သတင္းတစ္ရပ္မွာေဖာ္ျပသြားပါတယ္။

အဂၤလိပ္မီဒီယာ အခ်ဳိ႕ကလည္း ဘက္ခမ္းဟာ လက္ရွိမွာ ဥေရာပမွာ ကစားသမားဘ၀ကုန္ဆံုးဖို႔ နီးစပ္လာတဲ႔ နာမည္ေက်ာ္ေတြကို ဖုန္းနဲ႔အဆက္မျပတ္ဆက္သြယ္ကာ သူ႔အသင္းကို အကူအညီေပးၾကဖို႔ ေတာင္းဆိုေနတယ္လို႔လည္း ေဖာ္ျပေနၾကပါတယ္။ အသက္ ၃၄ ႏွစ္ရွိၿပီျဖစ္တဲ႔ မိုဒရစ္ဟာ ရီးရဲလ္နဲ႔ စာခ်ဳပ္သက္တမ္း ၂ ႏွစ္က်န္ေနေသးတာပါ။

မိုဒရစ္ဟာ သူ႔ကစားသမားအဆုံးသတ္ခ်ိန္ကို အေမရိကန္ဆီသြားၿပီး ကစားဖို႔ရည္မွန္းထားေပမယ္႔ ရီးရဲလ္က သူ႔ကို ေမဂ်ာလိဂ္ရာသီသစ္ အမီလက္လႊတ္ဖို႔မေသခ်ာဘူးလို႔လည္း သိရပါတယ္။ ေမဂ်ာလိဂ္ရာသီသစ္ဟာ ၂၀၂၀ မတ္လမွာစတင္မွာျဖစ္ၿပီး ဘက္ခမ္းအေနနဲ႔ မိုဒရစ္ကိုေခၚယူျခင္တယ္ဆိုရင္ လာမယ္႔ေဆာင္းရာသီေစ်းကြက္ထဲမွာ ရေအာင္ႀကိဳးစားရမွာ ျဖစ္ပါတယ္။

ဘက္ခမ္းဟာ ဥေရာပနာမည္ေက်ာ္ေတြကို ေခၚယူဖို႔ႀကိဳးစားေနရာမွာ ကာဗာနီ၊ လူး၀စ္ဆြာရက္ဇ္နဲ႔ ဂ်ိမ္းရိုဒရီဂြက္ဇ္တို႔အျပင္ ဘာစီလိုနာတိုက္စစ္မွဴ း မက္ဆီကိုပါပစ္မွတ္ထားေနတယ္လို႔ သိရပါတယ္။ အင္တာမိုင္ယာမီအသင္းဟာ ေမဂ်ာလိဂ္ ရာသီသစ္မွာ ဘက္ခမ္းရဲ႕အသင္းေဟာင္းျဖစ္တဲ႔ ဂလက္ဆီနဲ႔ ေတြ႔ဆုံမွာ ျဖစ္ပါတယ္။