မိနစ် ၁၀၀၀ အကြာမှာ ဂိုးပေါက်ပြန်တွေ့ခဲ့တဲ့ တီမိုဝါနာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ချယ်လ်ဆီး အသင်းဟာ ဒီမနက်က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ နယူးကာဆယ် အသင်းကို အနိုင်ရပြီး အဆင့်(၄)နေရာထိ တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။ချယ်လ်ဆီး အသင်းဟာ ဒီပွဲမှာ နယူးကာဆယ် အသင်းကို (၂)ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး တီမိုဝါနာနဲ့ ဂီရောဒ့် တို့က သွင်းယူခဲ့တာဖြစ်ပါတယ်။ တီမိုဝါနာ အတွက်တော့ ဒီပွဲမှာ (၁)ဂိုးသွင်းဂိုး(၁)ဂိုးဖန်တီးနိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ် ပြိုင်ပွဲ(၁၄)ပွဲဆက် ဂိုးမသွင်းနိုင်ခဲ့တာကို အဆုံးသတ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

တီမိုဝါနာအခုသွင်းလိုက်တဲ့ဂိုးဟာ နောက်ဆုံး ပရီးမီးယားလိဂ်ဂိုးဖြစ်တဲ့ နိုဝင်ဘာလကရှက်ဖီးနဲ့ပွဲမှာ သွင်းခဲ့တဲ့ ဂိုးနဲ့ မိနစ် (၁၀၀၀) အတိအကျ ကွာဝေးခဲ့တာဖြစ်ပါတယ်။ ရက်အနေနဲ့ဆိုရင်တော့ ရက် (၁၀၀) ကြာခဲ့တာဖြစ်ပါတယ်။

အဲဒီကြားကာလမှာ ဝါနာဟာ ဂိုးပေါက်ကန်သွင်းမှု (၃၁) ကြိမ်ထိရှိခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ အခုမှသာ ဂိုးပေါက်ပျောက်နေတာကို ပြန်တွေ့ခဲ့တာဖြစ်ပါတယ်။ ဂျာမန် ကစားသမားအတွက်တော့အခုလို ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ဝေဖန်မှုတွေ အနည်းငယ်လျော့ကျလာခဲ့ပါတယ်။

အသင်းနည်းပြ တူချယ်လ် တစ်ယောက်လည်းကံကောင်းနေပါတယ်။ လမ်းပတ်နေရာမှာ အစားထိုးဝင်ရောက်ပြီးကတည်းက အခုအချိန်ထိ ရှုံးပွဲ မကြုံရသေးတာလည်းဖြစ်ပါတယ်။တူချယ်လ် ဟာ ချယ်လ်ဆီး အသင်းကို (၆)ပွဲကိုင်တွယ်အပြီးမှာ (၅)ပွဲနိုင် (၁)ပွဲသရေရလဒ်ရထားပါတယ်။ဒီ(၆)ပွဲမှာ (၅)ပွဲက ပေးဂိုးမပေးခဲ့ရတာဖြစ်ပါတယ်။

အခုဆို တူချယ်လ်ရဲ့ အသင်းဟာ အဆင့် (၄) နေရာအထိတက်လှမ်းလာခဲ့ပြီဖြစ်သလို အဆင့်(၂) နေရာက ယူနိုက်တက်နဲ့ လေးမှတ်အကွာအနေအထားအထိပါ ရောက်ရှိလာခဲ့ပြီပဲဖြစ်ပါတယ်။ချယ်လ်ဆီး အသင်းဟာ အခုတစ်ပတ်မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဆောက်သမ်တန် အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ကြားရက်မှာတော့ အက်သလက်တီကိုအသင်း နဲ့ ချန်ပီယံလိဂ်ပွဲစဉ်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

မိနစ္ ၁၀၀၀ အၾကာမွာ ဂိုး​ေပါက္ျပန္​ေတြ႕ခဲ့တဲ့ တီမို၀ါနာ

ခ်ယ္လ္ဆီး အသင္းဟာ ဒီမနက္က ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္မွာ နယူးကာဆယ္ အသင္းကို အႏိုင္ရၿပီး အဆင့္(၄)ေနရာထိ တက္လွမ္းႏိုင္ခဲ့ၿပီျဖစ္ပါတယ္။ခ်ယ္လ္ဆီး အသင္းဟာ ဒီပြဲမွာ နယူးကာဆယ္ အသင္းကို (၂)ဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရခဲ့ၿပီး တီမိုဝါနာနဲ႔ ဂီေရာဒ့္ တို႔က သြင္းယူခဲ့တာျဖစ္ပါတယ္။

တီမိုဝါနာ အတြက္ေတာ့ ဒီပြဲမွာ (၁)ဂိုးသြင္းဂိုး(၁)ဂိုးဖန္တီးႏိုင္ခဲ့တာေၾကာင့္ ပရီးမီးယားလိဂ္ ၿပိဳင္ပြဲ(၁၄)ပြဲဆက္ ဂိုးမသြင္းႏိုင္ခဲ့တာကို အဆုံးသတ္ႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။ တီမိုဝါနာအခုသြင္းလိုက္တဲ့ဂိုးဟာ ေနာက္ဆုံး ပရီးမီးယားလိဂ္ဂိုးျဖစ္တဲ့ ႏိုဝင္ဘာလကရွက္ဖီးနဲ႔ပြဲမွာ သြင္းခဲ့တဲ့ ဂိုးနဲ႔ မိနစ္ (၁၀၀၀) အတိအက် ကြာေဝးခဲ့တာျဖစ္ပါတယ္။ ရက္အေနနဲ႔ဆိုရင္ေတာ့ ရက္ (၁၀၀) ၾကာခဲ့တာျဖစ္ပါတယ္။ အဲဒီၾကားကာလမွာ ဝါနာဟာ ဂိုးေပါက္ကန္သြင္းမႈ (၃၁) ႀကိမ္ထိရွိခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ဘဲ အခုမွသာ ဂိုးေပါက္​ေပ်ာက္​ေနတာကို ျပန္ေတြ႕ခဲ့တာျဖစ္ပါတယ္။ ဂ်ာမန္ ကစားသမားအတြက္ေတာ့အခုလို ဂိုးသြင္းယူႏိုင္ခဲ့တာေၾကာင့္ ေဝဖန္မႈေတြ အနည္းငယ္ေလ်ာ့က်လာခဲ့ပါတယ္။

အသင္းနည္းျပ တူခ်ယ္လ္ တစ္​ေယာက္လည္းကံ​ေကာင္း​ေနပါတယ္။ လမ္းပတ္ေနရာမွာ အစားထိုးဝင္ေရာက္ၿပီးကတည္းက အခုအခ်ိန္ထိ ရႈံးပြဲ မႀကဳံရေသးတာလည္းျဖစ္ပါတယ္။တူခ်ယ္လ္ ဟာ ခ်ယ္လ္ဆီး အသင္းကို (၆)ပြဲကိုင္တြယ္အၿပီးမွာ (၅)ပြဲႏိုင္ (၁)ပြဲသေရရလဒ္ရထားပါတယ္။ဒီ(၆)ပြဲမွာ (၅)ပြဲက ေပးဂိုးမေပးခဲ့ရတာျဖစ္ပါတယ္။

အခုဆို တူခ်ယ္လ္ရဲ႕ အသင္းဟာ အဆင့္ (၄) ေနရာအထိတက္လွမ္းလာခဲ့ၿပီျဖစ္သလို အဆင့္(၂) ေနရာက ယူႏိုက္တက္နဲ႔ ေလးမွတ္အကြာအေနအထားအထိပါ ေရာက္ရွိလာခဲ့ၿပီပဲျဖစ္ပါတယ္။ခ်ယ္လ္ဆီး အသင္းဟာ အခုတစ္ပတ္မွာေတာ့ ပရီးမီးယားလိဂ္ ပြဲစဥ္အျဖစ္ ေဆာက္သမ္တန္ အသင္းနဲ႔ ယွဥ္ၿပိဳင္ရမွာျဖစ္ၿပီး ၾကားရက္မွာေတာ့ အက္သလက္တီကိုအသင္း နဲ႔ ခ်န္ပီယံလိဂ္ပြဲစဥ္ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။