မန်ယူအမျိုးသမီးအသင်းသူ တစ်ယောက်လောက်တောင် အိုးလ်ထရက်ဖို့ဒ်မှာ ကစားချိန်မရတဲ့ ဗန်ဒီဘိခ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ယူအမျိုးသမီးအသင်းက ကစားသမားတစ်ယောက်က အေဂျက်ဇ်အသင်းကနေ မန်ယူအသင်းကို ပေါင် ၃၅သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ကွင်းလယ်ကစားသမား ဗန်ဒီဘိခ်ထက်

အိုးလ်ထရက်ဖို့ဒ်မြက်ခင်းပြင်ပေါ်မှာ ဘောလုံးကစားရခွင့်ရတဲ့ အချိန်ပိုများနေတာ မယုံနိုင်စရာပါပဲ။

ဟုတ်ပါတယ်။ မန်ယူအမျိုးသမီးအသင်းက ဂျက်ကီဂရိုနီဟာ ဗန်ဒီဘိခ်ထက် အိုးလ်ထရက်ဖို့ဒ်မှာ ပွဲကစားချိန်ပိုကြာခဲ့ပါတယ်။

၈ျက်ကီဟာ ပြီးခဲ့တဲ့ အမျိုးသမီးစူပါလိဂ်ပွဲစဉ်အဖြစ် ဝက်စ်ဟမ်းအမျိုးသမီးအသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ ပွဲချိန်ပြည့်ပါဝင်ကစားသွားခဲ့ပြီး အိုးလ်ထရက်ဖို့ဒ်မှာ ဗန်ဒီဘိခ်ထက် အချိန်ပိုကြာပြီး ကစားခွင့်ရခဲ့တာပါ။

အသက် ၂၄နှစ်အရွယ်ရှိ ဂျက်ကီဟာ ဗန်ဒီဘိခ်တစ်ယောက် ၂၀၂၀-၂၁ ဘောလုံးရာသီတစ်ခုလုံး မန်ယူကိုယ်စားပြုပြီး ပါဝင်ကစားခွင့်၇တဲ့ အချိန်ထက် ၁နာရီပဲ နည်းပါတယ်။

အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ် တစ်ခုတည်းမှာ ကစားရတဲ့ အချိန်ပမာဏချင်းယှဉ်ကြည့်ရင် မိနစ် ၉၀အပြည့်ကစားခွင့်ရခဲ့တဲ့ ဂျက်ကီက ဗန်ဒီဘိခ်ထက် ပိုကစားခွင့်ရထားပါတယ်။

မန်ယူအမျိုးသမီးအသင်းဟာ ပြီးခဲ့တဲ့ အမျိုးသမီးစူပါလိ၈်ပွဲစဉ်ကို အိုးလ်ထရက်ဖို့ဒ်မှာ ပထမဆုံးအကြိမ် ကစားခွင့်ရရှိခဲ့တာပါ။

 

ဒီကိစ္စနဲပပတ်သတ်ပြီး ၈ျက်ကီက ဗန်ဒီဘိခ်ကို စနောက်တဲ့ ပို့စ်တစ်ခုကို သူမရဲ့ ဆိုရှယ်မီဒီယာမှာ တင်ထားခဲ့ပြီး ဗန်ဒီဘိခ်နဲ့လည်း အမြဲစကားပြောဖြစ်တယ်လို့ သိရပါတယ်။

ဗန်ဒီဘိခ်ဟာ ဒီရာသီ မန်ယူအသင်းရဲ့ အိမ်ကွင်းအဖွင့်ပွဲစဉ်ဖြစ်တဲ့ ပဲလေ့စ်နဲ့ပွဲမှာ လူစားဝင် ကစားခွင့်ရခဲ့ပြီး တစ်ဂိုးသွင်းနိုင်ခဲ့တာကြောင့် အဖွင့်ကောင်းခဲ့ပေမယ့် နောက်ပိုင်းမှာ တောက်လျှောက်နေရာမရတော့တာ စိတ်မကောင်းစရာပါပဲ။

အခုလည်း အမျိုးသမီးအသင်းက ကစားသမားတစ်ယောက်လောက်တောင် အိုးထရက်ဖို့ဒ်ကွင်းထဲမှာ ကစားချိန်မကြာတဲ့ ဗန်ဒီဘိခ်တစ်ယောက် အသင်းမှာ နေရာရဖို့ တောက်လျှောက် ကြိုးစားနေတာပါ။

ဗန်ဒီဘိခ်ဟာ နည်းပြဆိုးလ်ရှားလက်အောက်မှာ ၂၀၂၁ခုနှစ်အတွင်း ပရီးမီးယားလိ၈်ပွဲထွက် တစ်ပွဲမှ မကစားရသေးပါဘူး။ ပြီးခဲ့တဲ့ ဒီဇင်ဘာလကစပြီး ပရီးမီးယားလိဂ်ပွဲစဉ်အတွက် မိနစ် ၂၀ပဲ ကစားခွင့် ရခဲ့ပါသေးတယ်။

သူနဲ့ပတ်သတ်ပြီး နိုင်ငံအသင်းနည်းပြ ဖရန့်ဒီဘိုးဝါးက ” ပုံမှန်အနေနဲ့ပြောရမယ်ဆိုရင် ဘောလုံးသမားတစ်ယောက်ဟာ ပွဲကစားခွင့်မရဘူးဆိုရင် အသင်းပြောင်းရမှာဖြစ်ပြီး ဗန်ဒီဘိခ်ကတော့ အဲ့လို မဟုတ်ပါဘူး။

သူဟာ မန်ယူမှာ နေရာရဖို့ တိုက်ပွဲဝင်ချင်တာပါ။ အေဂျက်ဇ်ကနေ မန်ယူကိုပြောင်းသွားတုန်းက အခုလို အနေအထားမျိုး သူမျှော်လင့်ထားတာ မဟုတ်ပါဘူး။

ပွဲသိပ်မကစားရာကွဲပြီး အသင်းက သူ့အပေါ် ကောင်းကောင်းဆက်ဆံသလို သူကလည်း မန်ယူကို ချစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ထွက်ဖို့မပြောဘဲ နေရာရဖို့ပဲ ကြိုးစားနေတာပါ” လို့ ပြောကြားသွားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

မန္ယူအမ်ိဳးသမီးအသင္းသူ တစ္ေယာက္ေလာက္ေတာင္ အိုးလ္ထရက္ဖို႔ဒ္မွာ ကစားခ်ိန္မရတဲ့ ဗန္ဒီဘိခ္

မန္ယူအမ်ိဳးသမီးအသင္းက ကစားသမားတစ္ေယာက္က ေအဂ်က္ဇ္အသင္းကေန မန္ယူအသင္းကို ေပါင္ ၃၅သန္းနဲ႔ ေျပာင္းေ႐ႊ႕လာခဲ့တဲ့ ကြင္းလယ္ကစားသမား ဗန္ဒီဘိခ္ထက္

အိုးလ္ထရက္ဖို႔ဒ္ျမက္ခင္းျပင္ေပၚမွာ ေဘာလုံးကစားရခြင့္ရတဲ့ အခ်ိန္ပိုမ်ားေနတာ မယုံႏိုင္စရာပါပဲ။ ဟုတ္ပါတယ္။

မန္ယူအမ်ိဳးသမီးအသင္းက ဂ်က္ကီဂ႐ိုနီဟာ ဗန္ဒီဘိခ္ထက္ အိုးလ္ထရက္ဖို႔ဒ္မွာ ပြဲကစားခ်ိန္ပိုၾကာခဲ့ပါတယ္။

၈်က္ကီဟာ ၿပီးခဲ့တဲ့ အမ်ိဳးသမီးစူပါလိဂ္ပြဲစဥ္အျဖစ္ ဝက္စ္ဟမ္းအမ်ိဳးသမီးအသင္းနဲ႔ ကစားခဲ့တဲ့ပြဲမွာ ပြဲခ်ိန္ျပည့္ပါဝင္ကစားသြားခဲ့ၿပီး အိုးလ္ထရက္ဖို႔ဒ္မွာ ဗန္ဒီဘိခ္ထက္ အခ်ိန္ပိုၾကာၿပီး ကစားခြင့္ရခဲ့တာပါ။

အသက္ ၂၄ႏွစ္အ႐ြယ္ရွိ ဂ်က္ကီဟာ ဗန္ဒီဘိခ္တစ္ေယာက္ ၂၀၂၀-၂၁ ေဘာလုံးရာသီတစ္ခုလုံး မန္ယူကိုယ္စားျပဳၿပီး ပါဝင္ကစားခြင့္၇တဲ့ အခ်ိန္ထက္ ၁နာရီပဲ နည္းပါတယ္။

အိမ္ကြင္းအိုးလ္ထရက္ဖို႔ဒ္ တစ္ခုတည္းမွာ ကစားရတဲ့ အခ်ိန္ပမာဏခ်င္းယွဥ္ၾကည့္ရင္ မိနစ္ ၉၀အျပည့္ကစားခြင့္ရခဲ့တဲ့ ဂ်က္ကီက ဗန္ဒီဘိခ္ထက္ ပိုကစားခြင့္ရထားပါတယ္။

မန္ယူအမ်ိဳးသမီးအသင္းဟာ ၿပီးခဲ့တဲ့ အမ်ိဳးသမီးစူပါလိ၈္ပြဲစဥ္ကို အိုးလ္ထရက္ဖို႔ဒ္မွာ ပထမဆုံးအႀကိမ္ ကစားခြင့္ရရွိခဲ့တာပါ။

ဒီကိစၥနဲပပတ္သတ္ၿပီး ၈်က္ကီက ဗန္ဒီဘိခ္ကို စေနာက္တဲ့ ပို႔စ္တစ္ခုကို သူမရဲ႕ ဆိုရွယ္မီဒီယာမွာ တင္ထားခဲ့ၿပီး ဗန္ဒီဘိခ္နဲ႔လည္း အၿမဲစကားေျပာျဖစ္တယ္လို႔ သိရပါတယ္။

ဗန္ဒီဘိခ္ဟာ ဒီရာသီ မန္ယူအသင္းရဲ႕ အိမ္ကြင္းအဖြင့္ပြဲစဥ္ျဖစ္တဲ့ ပဲေလ့စ္နဲ႔ပြဲမွာ လူစားဝင္ ကစားခြင့္ရခဲ့ၿပီး တစ္ဂိုးသြင္းႏိုင္ခဲ့တာေၾကာင့္ အဖြင့္ေကာင္းခဲ့ေပမယ့္ ေနာက္ပိုင္းမွာ ေတာက္ေလွ်ာက္ေနရာမရေတာ့တာ စိတ္မေကာင္းစရာပါပဲ။

အခုလည္း အမ်ိဳးသမီးအသင္းက ကစားသမားတစ္ေယာက္ေလာက္ေတာင္ အိုးထရက္ဖို႔ဒ္ကြင္းထဲမွာ ကစားခ်ိန္မၾကာတဲ့ ဗန္ဒီဘိခ္တစ္ေယာက္ အသင္းမွာ ေနရာရဖို႔ ေတာက္ေလွ်ာက္ ႀကိဳးစားေနတာပါ။

ဗန္ဒီဘိခ္ဟာ နည္းျပဆိုးလ္ရွားလက္ေအာက္မွာ ၂၀၂၁ခုႏွစ္အတြင္း ပရီးမီးယားလိ၈္ပြဲထြက္ တစ္ပြဲမွ မကစားရေသးပါဘူး။ ၿပီးခဲ့တဲ့ ဒီဇင္ဘာလကစၿပီး ပရီးမီးယားလိဂ္ပြဲစဥ္အတြက္ မိနစ္ ၂၀ပဲ ကစားခြင့္ရခဲ့ပါေသးတယ္။

သူနဲ႔ပတ္သတ္ၿပီး ႏိုင္ငံအသင္းနည္းျပ ဖရန႔္ဒီဘိုးဝါးက ” ပုံမွန္အေနနဲ႔ေျပာရမယ္ဆိုရင္ ေဘာလုံးသမားတစ္ေယာက္ဟာ ပြဲကစားခြင့္မရဘူးဆိုရင္ အသင္းေျပာင္းရမွာျဖစ္ၿပီး ဗန္ဒီဘိခ္ကေတာ့ အဲ့လို မဟုတ္ပါဘူး။

သူဟာ မန္ယူမွာ ေနရာရဖို႔ တိုက္ပြဲဝင္ခ်င္တာပါ။ ေအဂ်က္ဇ္ကေန မန္ယူကိုေျပာင္းသြားတုန္းက အခုလို အေနအထားမ်ိဳး သူေမွ်ာ္လင့္ထားတာ မဟုတ္ပါဘူး။

ပြဲသိပ္မကစားရာကြဲၿပီး အသင္းက သူ႔အေပၚ ေကာင္းေကာင္းဆက္ဆံသလို သူကလည္း မန္ယူကို ခ်စ္ပါတယ္။ အဲ့ဒါေၾကာင့္လည္း ထြက္ဖို႔မေျပာဘဲ ေနရာရဖို႔ပဲ ႀကိဳးစားေနတာပါ” လို႔ ေျပာၾကားသြားပါတယ္။