မန်ယူရဲ့တစ်လတာအကောင်းဆုံးဆု ကိုတွမ်မီနေးရခဲ့လို့ ပရိသတ်တွေမကျေမနပ်ဖြစ်နေ

Photo- Internet
Photo- Internet

မန်ယူအသင်းရဲ့ စက်တင်ဘာလအတွက် တစ်လတာအကောင်းဆုံး ဆုကိုကွင်းလယ်လူ တွမ်မီနေး ဆွတ်ခူးခဲ့ပေမယ့် ပရိသတ်အချို့က သူရတာကို မကျေမနပ်ဖြစ်နေတယ်လို့ သိရပါတယ်။ ဒီဆုအတွက် မန်ယူရဲ့ Official App ကနေတစ်ဆင့် ဆန္ဒမဲတောင်းခံခဲ့တာဖြစ်ပြီး ပရိသတ်တွေကဘဲ ရွေးချယ်ပေးရတဲ့ ဆုဖြစ်ပါတယ်။

မဲပေးမှုမှာ ဂရင်းဝုဒ်နဲ့ ဒန်နီရယ်ဂျိမ်းစ်တို့ကို ကျော်ဖြတ်ပြီး တွမ်မီနေးက မဲအရေအတွက် ၄၈%နဲ့ အကောင်းဆုံးအဖြစ်ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။ ဒန်နီရယ်ဂျိမ်းစ်ဟာ ပြီးခဲ့တဲ့ သြဂုတ်လအတွက်အကောင်ဆုံးဆုကို ရရှိခဲ့သူဖြစ်ပါတယ်။ အသက် ၂၂ နှစ်သာရှိသေးတဲ့ တွမ်မီနေးဟာ လက်စတာကိုနိုင်ခဲ့တဲ့ ပွဲနဲ့ အာဆင်နယ်ကို တစ်ဂိုးစီသရေကျတဲ့ ပွဲတွေမှာခြေစွမ်းပြနိုင်ခဲ့လို့ အဲဒီပွဲတွေရဲ့အကောင်းဆုံး ဆုကိုလည်းရရှိခဲ့သေးသူဖြစ်ပါတယ်။

Photo- Internet

ဒါပေမယ့် တွမ်မီနေး အကောင်းဆုံးဆုရတာကို မကျေနပ်တဲ့သူတွေရှိနေပြီး ဒါဟာဖာဂူဆန်ခေတ်လွန်ကာလ နောက်ပိုင်း မန်ယူဘယ်လောက်အထိအဆင့်ကျသွားသလဲဆိုတာကို ပြသနေတာဘဲလို့ ဆိုကြပါတယ်။ သူတို့ဟာ တွမ်မီနေးထက်စာရင် အရင်ပွဲအချို့မှာဂိုးသွင်းယူပြီး ခြေစွမ်းပြခဲ့တဲ့ လူငယ်တိုက်စစ်မှူ း မာဆန်ဂရင်းဝုဒ်ကိုဘဲ ဆုရရှိစေခြင်ကြတာဖြစ်ပါတယ်။ တွမ်မီနေးဟာ ပြီးခဲ့တဲ့ ဧပြီလကလည်း ဒီဆုကိုရရှိခဲ့သေးလို့ ဒါဟာသူ့အတွက် ဒုတိယအကြိမ်မြောက်ဖြစ်ခဲ့ပါတယ်။

Photo- Internet

အွန်လိုင်းပေါ်ကနေ ပရိသတ်တွေက ဝေဖန်ရာမှာ “မန်ယူကွင်းလယ် သာမန်လောက်သာရှိတော့တာကို လက်ခံရမယ့် ဝမ်းနည်းဖွယ်ရာကောင်းတဲ့ ရိုက်ခတ်မှု”၊ “တွမ်မီနေးရတာကိုကြည့်ရင် မန်ယူရဲ့အဆင့်အတန်း ဘယ်လောက်ကျနေသလဲဆိုတာကို တွေ့မြင်နိုင်တယ်”၊ “နည်းစနစ်အရည်အသွေား မရှိဘဲ ကွင်းထဲမှာတရစပ်ပြေးနေရုံနဲ့ အကောင်းဆုံး ဆုရခဲ့လို့ ငါတို့ဘယ်လောက်ကျဆင်းသွားသလဲဆိုတာကိုတွေ့မြင်ရ” အစရှိသဖြင့် ဆိုခဲ့ကြပါတယ်။

Photo- Internet

မန်ယူနည်းပြ ဆိုးလ်ရှားဟာ ဒီရာသီမှာ တွမ်မီနေးကိုပုံမှန်အသုံးပြုနေပေမယ့် ပရိသတ်တွေကတော့ သူ့ထက်စာရင် ဝါလည်းပိုရင့်ပြီး နည်းစနစ်ပိုင်းပိုကောင်းတဲ့ မာတစ်ကိုသာအသုံးပြုစေလိုနေကြတာပါ။ ဒါ့အပြင် ဂရင်းဝုဒ် ဆုမရခဲ့တဲ့အတွက်လည်း မကျေမနပ်ဖြစ်နေကြပြီး ဒီလူငယ်လေး အလိမ်ခံလိုက်ရပြီလို့လည်း စွပ်စွဲသူတွေရှိနေပါတယ်။

Photo- Internet

Zawgyi

မန္ယူရဲ႕တစ္လတာအေကာင္းဆုံးဆု ကိုတြမ္မီေနးရခဲ့လို႔ ပရိသတ္ေတြမေက်မနပ္ျဖစ္ေန

မန္ယူအသင္းရဲ႕ စက္တင္ဘာလအတြက္ တစ္လတာအေကာင္းဆုံး ဆုကိုကြင္းလယ္လူ တြမ္မီေနး ဆြတ္ခူးခဲ့ေပမယ္႔ ပရိသတ္အခ်ဳိ႕က သူရတာကို မေက်မနပ္ျဖစ္ေနတယ္လို႔ သိရပါတယ္။ ဒီဆုအတြက္ မန္ယူရဲ႕ Official App ကေနတစ္ဆင့္ ဆႏၵမဲေတာင္းခံခဲ့တာျဖစ္ၿပီး ပရိသတ္ေတြကဘဲ ေရြးခ်ယ္ေပးရတဲ႔ ဆုျဖစ္ပါတယ္။

မဲေပးမႈမွာ ဂရင္း၀ုဒ္နဲ႔ ဒန္နီရယ္ဂ်ိမ္းစ္တို႔ကို ေက်ာ္ျဖတ္ၿပီး တြမ္မီေနးက မဲအေရအတြက္ ၄၈%နဲ႔ အေကာင္းဆုံးအျဖစ္ေရြးခ်ယ္ခံခဲ့ရတာျဖစ္ပါတယ္။ ဒန္နီရယ္ဂ်ိမ္းစ္ဟာ ၿပီးခဲ့တဲ႔ ၾသဂုတ္လအတြက္အေကာင္ဆုံးဆုကို ရရွိခဲ့သူျဖစ္ပါတယ္။ အသက္ ၂၂ ႏွစ္သာရွိေသးတဲ႔ တြမ္မီေနးဟာ လက္စတာကိုႏိုင္ခဲ့တဲ႔ ပြဲနဲ႔ အာဆင္နယ္ကို တစ္ဂိုးစီသေရက်တဲ႔ ပြဲေတြမွာေျခစြမ္းျပႏိုင္ခဲ့လို႔ အဲဒီပြဲေတြရဲ႕အေကာင္းဆုံး ဆုကိုလည္းရရွိခဲ့ေသးသူျဖစ္ပါတယ္။

ဒါေပမယ္႔ တြမ္မီေနး အေကာင္းဆုံးဆုရတာကို မေက်နပ္တဲ႔သူေတြရွိေနၿပီး ဒါဟာဖာဂူဆန္ေခတ္လြန္ကာလ ေနာက္ပိုင္း မန္ယူဘယ္ေလာက္အထိအဆင့္က်သြားသလဲဆိုတာကို ျပသေနတာဘဲလို႔ ဆိုၾကပါတယ္။ သူတို႔ဟာ တြမ္မီေနးထက္စာရင္ အရင္ပြဲအခ်ဳိ႕မွာဂိုးသြင္းယူၿပီး ေျခစြမ္းျပခဲ့တဲ႔ လူငယ္တိုက္စစ္မွဴ း မာဆန္ဂရင္း၀ုဒ္ကိုဘဲ ဆုရရွိေစျခင္ၾကတာျဖစ္ပါတယ္။ တြမ္မီေနးဟာ ၿပီးခဲ့တဲ႔ ဧၿပီလကလည္း ဒီဆုကိုရရွိခဲ့ေသးလို႔ ဒါဟာသူ႔အတြက္ ဒုတိယအႀကိမ္ေျမာက္ျဖစ္ခဲ့ပါတယ္။

အြန္လိုင္းေပၚကေန ပရိသတ္ေတြက ေ၀ဖန္ရာမွာ “မန္ယူကြင္းလယ္ သာမန္ေလာက္သာရွိေတာ႔တာကို လက္ခံရမယ္႔ ၀မ္းနည္းဖြယ္ရာေကာင္းတဲ႔ ရိုက္ခတ္မႈ”၊ “တြမ္မီေနးရတာကိုၾကည့္ရင္ မန္ယူရဲ႕အဆင့္အတန္း ဘယ္ေလာက္က်ေနသလဲဆိုတာကို ေတြ႔ျမင္ႏိုင္တယ္”၊ “နည္းစနစ္အရည္အေသြား မရွိဘဲ ကြင္းထဲမွာတရစပ္ေျပးေနရုံနဲ႔ အေကာင္းဆုံး ဆုရခဲ့လို႔ ငါတို႔ဘယ္ေလာက္က်ဆင္းသြားသလဲဆိုတာကိုေတြ႔ျမင္ရ” အစရွိသျဖင့္ ဆိုခဲ့ၾကပါတယ္။

မန္ယူနည္းျပ ဆိုးလ္ရွားဟာ ဒီရာသီမွာ တြမ္မီေနးကိုပုံမွန္အသုံးျပဳေနေပမယ္႔ ပရိသတ္ေတြကေတာ႔ သူ႔ထက္စာရင္ ၀ါလည္းပိုရင့္ၿပီး နည္းစနစ္ပိုင္းပိုေကာင္းတဲ႔ မာတစ္ကိုသာအသုံးျပဳေစလိုေနၾကတာပါ။ ဒါ့အျပင္ ဂရင္း၀ုဒ္ ဆုမရခဲ့တဲ႔အတြက္လည္း မေက်မနပ္ျဖစ္ေနၾကၿပီး ဒီလူငယ္ေလး အလိမ္ခံလိုက္ရၿပီလို႔လည္း စြပ္စြဲသူေတြရွိေနပါတယ္။