မန်ယူရဲ့ခြေစွမ်းကို မကျေနပ်လို့ စာချုပ်သက်တမ်းမတိုးတော့ဖို့ Chevrolet စီစဉ်

Photo- Internet
Photo- Internet

မန်ယူအသင်းရဲ့ အကျီၤရင်ဘတ် စပွန်ဆာဖြစ်တဲ့ Chevrolet ဟာ လက်ရှိမန်ယူရဲ့ခြေစွမ်းကို မကျေနပ်တဲ့အတွက် စာချုပ်သက်တမ်းမတိုးတော့ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ Chevrolet ဟာမန်ယူကို စပွန်ဆာပေးဖို့ ၂၀၁၂ ကတည်းက သဘောတူထားတာဖြစ်ပြီး ၂၀၁၄ မှာစာချုပ်အသက်ဝင်ခဲ့ပါတယ်။

လက်ရှိမှာ မန်ယူဟာ Chevrolet ထံကနေတစ်နှစ်ကိုပေါင် ၆၄ သန်းရရှိနေပြီး စာချုပ်သက်တမ်းက လာမယ့် ၂၀၂၁ မှာကုန်ဆုံးမှာဖြစ်ပါတယ်။ မန်ယူနဲ့ စာချုပ်သဘောတူညီချက်ရရှိတုန်းက ဂန္ထဝင်နည်းပြကြီး ဖာဂူဆန် လက်ထက်ဖြစ်ပြီး အဲဒီတုန်းက မန်ယူဟာ ဆုဖလားတွေကို ပုံမှန်စိန်ခေါ်နိုင်တဲ့ အသင်းဖြစ်ခဲ့တာပါ။ ဒါပေမယ့် သူတို့စာချုပ်အသက် ဝင်ချိန်ကစပြီး မန်ယူရုန်းကန်ခဲ့ရတာပါ။

Photo- Internet

လောလောဆယ်မှာလည်း ပရီးမီးယားလိဂ်မှာ ၈ ပွဲကစားပြီး ချိန်အဆင့် ၁၂ ကိုရောက်ရှိနေကာ တန်းဆင်းဇုန်နဲ့လည်း ၂ မှတ်သာကွာဟာနေလို့ နှစ်ေ်ပါင်း ၃၀ အတွင်းအဆိုးဆုံး အခြေအနေနဲ့ကြုံတွေ့ နေရတာဖြစ်ပါတယ်။ ဒါကြောင့် Chevrolet ကမန်ယူရဲ့ခြေစွမ်းကို မကျေမနပ်ဖြစ်နေပြီး စာချုပ်သက်တမ်းကုန်တာနဲ့ လမ်းခွဲဖို့ စီစဉ်ထားလို့ မန်ယူဟာ စပွန်ဆာအသစ်ရှာဖွေရဖို့ ရှိနေပါတယ်။

Photo- Internet

Chevrolet နဲ့မန်ယူရဲ့ စာချုပ်တန်ကြေးဟာ ပေါင်သန်း ၄၁၀ ဖြစ်လို့ လိုတာထက် ပိုပေးခဲ့တယ်ဆိုပြီး အဲဒီအချိန်တုန်းက Chevrolet ရဲ့တာဝန်ရှိသူတွေက မကျေမနပ်ဖြစ်ကာ ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်တာဝန်ခံ ဂျိုရယ်အီဝါနစ်ခ်ကို သဘောတူညီချက်ရပြီး ၄၈ နာရီမပြည့်ခင်မှာ ရာထူးကနေထုတ်ပယ်ခဲ့တယ်လို့လည်း သိရပါတယ်။

Photo- Internet

အဲဒီအရင် မန်ယူရဲ့စပွန်ဆာက Aon ဖြစ်ပြီး မန်ယူဟာ Chevrolet ကိုရင်ဘတ်ပေါ်တင်ပြီးစပွန်ဆာပေးလိုက်ကတည်းက ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ဖို့ အနားမသီနိုင်တော့ဘဲ ဆက်တိုက်ဆိုသလို ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။ Aon ဟာ မန်ယူကို ၂၀၁၀ ကနေ ၂၀၁၄ အထိတစ်နှစ် ပေါင် ၁၉.၆ သန်းနဲ့ စပွန်ဆာပေးခဲ့ပါတယ်။ သူ့အရင်စပွန်ဆာတွေကတော့ Vodafone နဲ့ SHARP တို့ဖြစ်ကြပါတယ်။

Photo- Internet

Zawgyi

မန္ယူရဲ႕ေျခစြမ္းကို မေက်နပ္လို႔ စာခ်ဳပ္သက္တမ္းမတိုးေတာ႔ဖို႔ Chevrolet စီစဥ္

မန္ယူအသင္းရဲ႕ အက်ီၤရင္ဘတ္ စပြန္ဆာျဖစ္တဲ႔ Chevrolet ဟာ လက္ရွိမန္ယူရဲ႕ေျခစြမ္းကို မေက်နပ္တဲ႔အတြက္ စာခ်ဳပ္သက္တမ္းမတိုးေတာ႔ဖို႔ စီစဥ္ေနတယ္လို႔ သိရပါတယ္။ Chevrolet ဟာမန္ယူကို စပြန္ဆာေပးဖို႔ ၂၀၁၂ ကတည္းက သေဘာတူထားတာျဖစ္ၿပီး ၂၀၁၄ မွာစာခ်ဳပ္အသက္၀င္ခဲ့ပါတယ္။

လက္ရွိမွာ မန္ယူဟာ Chevrolet ထံကေနတစ္ႏွစ္ကိုေပါင္ ၆၄ သန္းရရွိေနၿပီး စာခ်ဳပ္သက္တမ္းက လာမယ္႔ ၂၀၂၁ မွာကုန္ဆုံးမွာျဖစ္ပါတယ္။ မန္ယူနဲ႔ စာခ်ဳပ္သေဘာတူညီခ်က္ရရွိတုန္းက ဂႏၳ၀င္နည္းျပႀကီး ဖာဂူဆန္ လက္ထက္ျဖစ္ၿပီး အဲဒီတုန္းက မန္ယူဟာ ဆုဖလားေတြကို ပုံမွန္စိန္ေခၚႏိုင္တဲ႔ အသင္းျဖစ္ခဲ့တာပါ။ ဒါေပမယ္႔ သူတို႔စာခ်ဳပ္အသက္ ၀င္ခ်ိန္ကစၿပီး မန္ယူရုန္းကန္ခဲ့ရတာပါ။

ေလာေလာဆယ္မွာလည္း ပရီးမီးယားလိဂ္မွာ ၈ ပြဲကစားၿပီး ခ်ိန္အဆင့္ ၁၂ ကိုေရာက္ရွိေနကာ တန္းဆင္းဇုန္နဲ႔လည္း ၂ မွတ္သာကြာဟာေနလို႔ ႏွစ္ေ္ပါင္း ၃၀ အတြင္းအဆုိုးဆုံး အေျခအေနနဲ႔ႀကံဳေတြ႔ ေနရတာျဖစ္ပါတယ္။ ဒါေၾကာင့္ Chevrolet ကမန္ယူရဲ႕ေျခစြမ္းကို မေက်မနပ္ျဖစ္ေနၿပီး စာခ်ဳပ္သက္တမ္းကုန္တာနဲ႔ လမ္းခြဲဖို႔ စီစဥ္ထားလို႔ မန္ယူဟာ စပြန္ဆာအသစ္ရွာေဖြရဖို႔ ရွိေနပါတယ္။

Chevrolet နဲ႔မန္ယူရဲ႕ စာခ်ဳပ္တန္ေၾကးဟာ ေပါင္သန္း ၄၁၀ ျဖစ္လို႔ လိုတာထက္ ပိုေပးခဲ့တယ္ဆိုၿပီး အဲဒီအခ်ိန္တုန္းက Chevrolet ရဲ႕တာ၀န္ရွိသူေတြက မေက်မနပ္ျဖစ္ကာ ကမၻာလုံးဆိုင္ရာ ေစ်းကြက္တာ၀န္ခံ ဂ်ဳိရယ္အီ၀ါနစ္ခ္ကို သေဘာတူညီခ်က္ရၿပီး ၄၈ နာရီမျပည့္ခင္မွာ ရာထူးကေနထုတ္ပယ္ခဲ့တယ္လို႔လည္း သိရပါတယ္။

အဲဒီအရင္ မန္ယူရဲ႕စပြန္ဆာက Aon ျဖစ္ၿပီး မန္ယူဟာ Chevrolet ကိုရင္ဘတ္ေပၚတင္ၿပီးစပြန္ဆာေပးလိုက္ကတည္းက ပရီးမီးယားလိဂ္ ခ်န္ပီယံျဖစ္ဖို႔ အနားမသီႏိုင္ေတာ႔ဘဲ ဆက္တိုက္ဆိုသလို ရုန္းကန္ခဲ့ရတာျဖစ္ပါတယ္။ Aon ဟာ မန္ယူကို ၂၀၁၀ ကေန ၂၀၁၄ အထိတစ္ႏွစ္ ေပါင္ ၁၉.၆ သန္းနဲ႔ စပြန္ဆာေပးခဲ့ပါတယ္။ သူ႔အရင္စပြန္ဆာေတြကေတာ႔ Vodafone နဲ႔ SHARP တို႔ျဖစ္ၾကပါတယ္။