မန်ယူမှာ ဖာနန်ဒက်စ်အောင်မြင်မှာဖြစ်ပေမယ့် အမြန်ဆုံးအသားကျဖို့လိုတယ်လို့ ပေါ်တူဂီဂန္ထဝင် ဖီဂိုသတိပေး

Photo- Internet
Photo- Internet

ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ဟာ မန်ယူအတွက်ဝယ်ယူမှုကောင်းတစ်ခုဖြစ်ပြီး ခြေစွမ်းပြနိုင်မယ်လို့လည်းယုံကြည်ပေ မယ့် အမြန်ဆုံးအသားကျဖို့တော့လိုနေတယ်လို့ ပေါ်တူဂီဂန္ထဝင် ဖီဂိုက သတိပေးလိုက်ပါတယ်။ ဖီဂိုဟာ သူတို့လက်ထက်တုန်းကအကောင်းဆုံး ကွင်းလယ်လူတွေထဲက တစ်ဦးဖြစ်ပါတယ်။

မန်ယူဟာပြီးခဲ့တဲ့ ဇန်နဝါရီဈေးကွက်တုန်းက ဖာနန်ဒက်စ်ကို စပို့တင်းလစ္စဘွန်းကနေပေါင် ၆၈ သန်းနဲ့ခေါ်ယူခဲ့တာဖြစ်ပါတယ်။ အသက် ၂၅ နှစ်ရှိတဲ့ ဖာနန်ဒက်စ်ဟာ သူ့ရဲ့ပထမဆုံးပွဲဦးထွက်အဖြစ် ဝုဗ်နဲ့ဂိုးမရှိသရေကျခဲ့တဲ့ ပွဲမှာပါဝင်ကစားခဲ့ပြီး အလားအလာကောင်းအချို့ကိုပြသသွားနိုင်ခဲ့သူဖြစ်ပါတယ်။

Photo- Internet

ဒါပေမယ့်သူ့အနေနဲ့ မန်ယူကိုချက်ခြင်းအပြောင်းအလဲဖြစ်အောင်လုပ်ပေးနိုင်မှာ မဟုတ်ပေမယ့် အိုးလ်ထရက်ဖို့ဒ်မှာအောင်မြင်မှုတွေရလိမ့်မယ်လို့ ဖီဂိုကဆိုခဲ့ပါတယ်။ ဖီဂိုဟာ ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်နဲ့ အင်တာမီလန်တို့ရဲ့ ကစားသမားဟောင်းလည်းဖြစ်ပါတယ်။

Photo- Internet

သူက”ဖာနန်ဒက်စ်ဟာ ပေါ်တူဂီရဲ့အကောင်းဆုံးဘောလုံးသမားတွေထဲကတစ်ဦးဖြစ်ပါတယ်။ သူဟပေါ်တူဂီလက်ရွေးစင်လည်းဖြစ်ပြီး ဂိုးသွင်းနိုင်တဲ့ ကွင်းလယ်လူတစ်ဦးပါ။ ဂိုးဧရိယာထဲမှာလည်း ဂိုးသွင်းယူနိုင်တဲ့အရည်အသွေးကောင်းတွေ ပိုင်ဆိုင်ထားတဲ့သူလည်းဖြစ်ပါတယ်။

Photo- Internet

သူဟာမန်ယူအတွက် ဝယ်ယူမှုကောင်းတစ်ခုလည်းဖြစ်လာမှာပါ။ မတူညီတဲ့ လိဂ်တစ်ခုမှာအတတ်နိုင်ဆုံးအမြန်အသားကျ မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်။ သူ့လိုထူးခြားတဲ့အရည်အသွေးပိုင်ဆိုင်ထားသူမျိုးကို ဈေးကွက်ထဲမှာရှာဖို့ သိပ်မလွယ်ပါဘူး ” လို့ပြောသွားပါတယ်။ ဖီဂိုဟာ ပေါ်တူဂီအသင်းအတွက် ၁၂၇ ပွဲကစားခဲ့သူဖြစ်ပြီး ၂၀၀၀ ပြည့်နှစ်မှာ Ballon d’Or ဆုကိုဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။

Photo- Internet

Zawgyi

မန္ယူမွာ ဖာနန္ဒက္စ္ေအာင္ျမင္မွာျဖစ္ေပမယ္႔ အျမန္ဆုံးအသားက်ဖို႔လိုတယ္လို႔ ေပၚတူဂီဂႏၳ၀င္ ဖီဂိုသတိေပး

ကြင္းလယ္လူ ဘရူႏိုဖာနန္ဒက္စ္ဟာ မန္ယူအတြက္၀ယ္ယူမႈေကာင္းတစ္ခုျဖစ္ၿပီး ေျခစြမ္းျပႏိုင္မယ္လို႔လည္းယုံၾကည္ေပ မယ္႔ အျမန္ဆုံးအသားက်ဖို႔ေတာ႔လိုေနတယ္လို႔ ေပၚတူဂီဂႏၳ၀င္ ဖီဂိုက သတိေပးလိုက္ပါတယ္။ ဖီိဂိုဟာ သူတို႔လက္ထက္တုန္းကအေကာင္းဆုံး ကြင္းလယ္လူေတြထဲက တစ္ဦးျဖစ္ပါတယ္။

မန္ယူဟာၿပီးခဲ့တဲ႔ ဇန္န၀ါရီေစ်းကြက္တုန္းက ဖာနန္ဒက္စ္ကို စပို႔တင္းလစၥဘြန္းကေနေပါင္ ၆၈ သန္းနဲ႔ေခၚယူခဲ့တာျဖစ္ပါတယ္။ အသက္ ၂၅ ႏွစ္ရွိတဲ႔ ဖာနန္ဒက္စ္ဟာ သူ႔ရဲ႕ပထမဆုံးပြဲဦးထြက္အျဖစ္ ၀ုဗ္နဲ႔ဂိုးမရွိသေရက်ခဲ့တဲ႔ ပြဲမွာပါ၀င္ကစားခဲ့ၿပီး အလားအလာေကာင္းအခ်ဳိ႕ကိုျပသသြားႏိုင္ခဲ့သူျဖစ္ပါတယ္။

ဒါေပမယ္႔သူ႔အေနနဲ႔ မန္ယူကိုခ်က္ျခင္းအေျပာင္းအလဲျဖစ္ေအာင္လုပ္ေပးႏိုင္မွာ မဟုတ္ေပမယ္႔ အိုးလ္ထရက္ဖို႔ဒ္မွာေအာင္ျမင္မႈေတြရလိမ့္မယ္လို႔ ဖီဂိုကဆိုခဲ့ပါတယ္။ ဖီဂိုဟာ ဘာစီလိုနာ၊ ရီးရဲလ္မက္ဒရစ္နဲ႔ အင္တာမီလန္တို႔ရဲ႕ ကစားသမားေဟာင္းလည္းျဖစ္ပါတယ္။

သူက”ဖာနန္ဒက္စ္ဟာ ေပၚတူဂီရဲ႕အေကာင္းဆုံးေဘာလုံးသမားေတြထဲကတစ္ဦးျဖစ္ပါတယ္။ သူဟေပၚတူဂီလက္ေရြးစင္လည္းျဖစ္ၿပီး ဂိုးသြင္းႏိုင္တဲ႔ ကြင္းလယ္လူတစ္ဦးပါ။ ဂိုးဧရိယာထဲမွာလည္း ဂိုးသြင္းယူႏိုင္တဲ႔အရည္အေသြးေကာင္းေတြ ပိုင္ဆိုင္ထားတဲ႔သူလည္းျဖစ္ပါတယ္။

သူဟာမန္ယူအတြက္ ၀ယ္ယူမႈေကာင္းတစ္ခုလည္းျဖစ္လာမွာပါ။ မတူညီတဲ႔ လိဂ္တစ္ခုမွာအတတ္ႏိုင္ဆုံးအျမန္အသားက် မယ္လို႔လည္းက်ြန္ေတာ္ေမွ်ာ္လင့္ပါတယ္။ သူ႔လိုထူးျခားတဲ႔အရည္အေသြးပိုင္ဆိုင္ထားသူမ်ဳိးကို ေစ်းကြက္ထဲမွာရွာဖို႔ သိပ္မလြယ္ပါဘူး ” လို႔ေျပာသြားပါတယ္။ ဖီဂိုဟာ ေပၚတူဂီအသင္းအတြက္ ၁၂၇ ပြဲကစားခဲ့သူျဖစ္ၿပီး ၂၀၀၀ ျပည့္ႏွစ္မွာ Ballon d’Or ဆုကိုဆြတ္ခူးႏိုင္ခဲ့သူျဖစ္ပါတယ္။