မန်ဇူကစ်နဲ့ ၃နှစ်ကြာ စကားမပြောတဲ့ ဇာတ်ကြောင်းကို ဖွင့်ဟတဲ့ မိုဒရစ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လူကာမိုဒရစ်ကဟိုတယ်တစ်ခုရဲ့ဓာတ်လှေကားတွင်ခရိုအေးရှားကစားဖော်မာရီယိုမန်ဇူကစ်နဲ့အချင်းများပြီးနောက်သုံးနှစ်တိုင်တိုင်စကားပြောအဆက်အသွယ်မလုပ်ခဲ့ကြောင်းဖွင့်ဟလာပါတယ်။

ဘိုင်ယန်မြူးနစ်နဲ့ဂျူဗင်တပ်စ်အသင်းတွေမှာ အမှတ်ပေးဖလားတွေ ရယူပေးနိုင်ခဲ့သူ တိုက်စစ်မှူး မန်ဇူကစ်ဟာ ပြီးခဲ့တဲ့အပတ်က ကစားသမားဘဝကနေ အနားယူကြောင်း ကြေညာခဲ့တာ ဖြစ်ပါတယ်။

ခရိုအေးရှားလက်ရွေးစင် ကစားသမားဟောင်းဟာ ၂၀၁၈ ကမ္ဘာ့ဖလားဖိုင်နယ်တက်ရောက်ရာတွင် အဓိကအခန်းကဏ္ဍကနေ ခြေစွမ်းပြခဲ့သူ ဖြစ်ပြီး အင်္ဂလန်ကို ဆီမီးဖိုင်နယ်မှာ အနိုင်ကစားခဲ့ပေမယ့် ဗိုလ်လုပွဲမှာ ပြင်သစ်ကို ရှုံးနိမ့်ခဲ့ပါတယ်။

အသင်းဖော်ဟောင်း မန်ဇူကစ် အနားယူသွားကြောင်း သိရတဲ့နောက် မိုဒရစ်က သူနဲ့မန်ဇူကစ်အကြား ဟိုတယ်မှာ နားလည်မှု လွဲသွားရာကနေ ၃နှစ်ခန့်စကားမပြောခဲ့ဘူးလို့ထုတ်ဖော်ပြောပါတယ်။

ဒါပေမယ့် ၂၀၁၈ ကမ္ဘာ့ဖလား မတိုင်မီ အချင်းချင်း နားလည်မှုပြန်ရပြီး ရင်းနှီးတဲ့ သူငယ်ချင်း ပြန်ဖြစ်ခဲ့တယ်လို့မိုဒရစ်က ဆိုပါတယ်။

“မာရီယိုကစပါယ်ရှယ်တစ်ဦးပါ။တစ်ခါတလေသူကစိတ်တိုနေသလိုပါ။

သူ့အကြောင်းသိပ်မသိတဲ့သူတွေကတော့သူ့ကိုအမြဲတမ်းမျက်နှာရှစ်ခေါက်ချိုးနဲ့နေတတ်တဲ့သူလို့ထင်ကြပါတယ်။

ကျွန်တော်သိတဲ့မာရီယိုကနူးညံ့တဲ့နှလုံးသားပိုင်ရှင်လူကောင်းတစ်ဦးပါ။

သူနဲ့စသိတဲ့နေ့ကတည်းကသူ့ကိုခင်မင်လာခဲ့တာပါ။ဒါတောင်သူ့အကြောင်းသိဖို့အချိန်အများကြီးပေးခဲ့ရတာပါ။

လက်ရွေးစင်အသင်းမှာကျွန်တော်တို့အတူတူအကြာကြီးအတူနေခဲ့ကြဖူးပါတယ်။

တစ်ခါတုန်းကအိုက်စလန်ခရီးထွက်ခဲ့ရပါတယ်။ဘရာဇီးကမ္ဘာ့ဖလားခြေစစ်ပွဲအောင်ဖို့ကြိုးစားနေတုန်းကပါ။

အဲဒီတုန်းကကျွန်တော်ဟာဟိုတယ်ဓာတ်လှေကားရှေ့မှာမန်ဇူကစ်ဆီပြေးသွားတယ်။

’လုပ်ထား၊မာရီယို၊ငါတို့ဒီနေ့ပိုကြိုးစားကြမယ်’လို့ပြောခဲ့တယ်။

လေ့ကျင့်ရေးအစီအစဉ်ဒါမှမဟုတ် ပွဲမတိုင်ခင်မှာကစားသမားအများစုလုပ်သလိုတစ်ယောက်နဲ့တစ်ယောက်စိတ်အားတက်အောင်လုပ်လိုက်တာမျိုးပါ။

ဒါပေမယ့်သူ့တုံ့ပြန်မှုကြောင့်အံ့အားသင့်ခဲ့ရပါတယ်။

‘မင်းကိုမင်းလည်းကြည့်ဦး၊ငါ့ဘာသာငါနေပါရစေ’လို့ပြန်ပြောတယ်။

ဒါကကျွန်တော့်အတွက်အံ့ဩသင့်စရာပါပဲ။

မာရီယိုနဲ့အမြဲတမ်းကောင်းမွန်တဲ့ဆက်ဆံမှုရှိခဲ့တာပါ။

အဲဒီအထိအမြဲတမ်းအဆက်အသွယ်ရှိခဲ့တယ်။

အဲဒီနောက်ပိုင်းမှာတော့ဆက်ဆံရေးအေးစက်သွားခဲ့တယ်”

“နောက်ပိုင်း ၃နှစ်တာလောက် နှစ်ဦးကြား ဆက်ဆံရေး အေးခဲသွားခဲ့တာ ဘာကြောင့်လဲလို့စဉ်းစားနေခဲ့တယ်။

ကျွန်တော်တို့နှစ်ယောက် ပွင့်ပွင့်လင်းလင်းပြောဆိုပြီးနောက်မှာ ပြဿနာအဖြေရှာတွေ့သွားခဲ့တယ်။

ငါမင်းကို စိတ်မဆိုးခဲ့ပါဘူး မင်းငါ့ကို စိတ်ကောက်နေတယ်လို့ငါထင်ခဲ့တာပါ လို့သူက ကျွန်တော့်ကို ပြောတယ်။”

“ကျွန်တော်လည်း ဒီအတိုင်း ထင်ကြောင်း ပြောပြခဲ့တယ် နောက်တော့ နှစ်ယောက်ကြား ပြန်ပြေလည်သွားတယ်

အမှန်တော့ ကျွန်တော်တို့နှစ်ယောက်လုံးက သီးခြားစီနေ တတ်ကြတဲ့သူတွေ ဖြစ်ပြီး စိတ်ခံစားချက်ကို ဖွင့်ထုတ်မပြတတ်၊ အလျော့မပေးဘဲ ခေါင်းမာတတ်တဲ့ သူတွေ ဖြစ်တယ်။

ဒါပေမယ့် သူက ကျွန်တော်အတူတူ တိုက်ပွဲဝင်ချင်တဲ့ သူငယ်ချင်းတစ်ယောက်ဖြစ်တယ်

နှစ်ယောက်ကြား တင်းမာမှု ဘယ်လောက်ပဲရှိပါစေ ကွင်းထဲမှာ အရာအားလုံး ပေးဆပ်မယ် ဘယ်တော့မှ သစ္စာမဖောက်တဲ့ သူတစ်ယောက်ဆိုတာ ကျွန်တော်သိပါတယ်” လို့ မိုဒရစ်က ပြောကြားသွားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

မန္ဇူကစ္နဲ႔ ၃ႏွစ္ၾကာ စကားမေျပာတဲ့ ဇာတ္ေၾကာင္းကို ဖြင့္ဟတဲ့ မိုဒရစ္

လူကာမိုဒရစ္ကဟိုတယ္တစ္ခုရဲ႕ဓာတ္ေလွကားတြင္ခ႐ိုေအးရွားကစားေဖာ္မာရီယိုမန္ဇူကစ္နဲ႔အခ်င္းမ်ားၿပီးေနာက္သုံးႏွစ္တိုင္တိုင္စကားေျပာအဆက္အသြယ္မလုပ္ခဲ့ေၾကာင္းဖြင့္ဟလာပါတယ္။

ဘိုင္ယန္ျမဴးနစ္နဲ႔ဂ်ဴဗင္တပ္စ္အသင္းေတြမွာ အမွတ္ေပးဖလားေတြ ရယူေပးႏိုင္ခဲ့သူ တိုက္စစ္မႉး မန္ဇူကစ္ဟာ ၿပီးခဲ့တဲ့အပတ္က ကစားသမားဘဝကေန အနားယူေၾကာင္း ေၾကညာခဲ့တာ ျဖစ္ပါတယ္။

ခ႐ိုေအးရွားလက္ေ႐ြးစင္ ကစားသမားေဟာင္းဟာ ၂၀၁၈ ကမာၻ႔ဖလားဖိုင္နယ္တက္ေရာက္ရာတြင္ အဓိကအခန္းက႑ကေန ေျခစြမ္းျပခဲ့သူ ျဖစ္ၿပီး အဂၤလန္ကို ဆီမီးဖိုင္နယ္မွာ အႏိုင္ကစားခဲ့ေပမယ့္ ဗိုလ္လုပြဲမွာ ျပင္သစ္ကို ရႈံးနိမ့္ခဲ့ပါတယ္။ အသင္းေဖာ္ေဟာင္း မန္ဇူကစ္ အနားယူသြားေၾကာင္း သိရတဲ့ေနာက္ မိုဒရစ္က သူနဲ႔မန္ဇူကစ္အၾကား ဟိုတယ္မွာ နားလည္မႈ လြဲသြားရာကေန ၃ႏွစ္ခန႔္စကားမေျပာခဲ့ဘူးလို႔ထုတ္ေဖာ္ေျပာပါတယ္။

ဒါေပမယ့္ ၂၀၁၈ ကမာၻ႔ဖလား မတိုင္မီ အခ်င္းခ်င္း နားလည္မႈျပန္ရၿပီး ရင္းႏွီးတဲ့ သူငယ္ခ်င္း ျပန္ျဖစ္ခဲ့တယ္လို႔မိုဒရစ္က ဆိုပါတယ္။“မာရီယိုကစပါယ္ရွယ္တစ္ဦးပါ။တစ္ခါတေလသူကစိတ္တိုေနသလိုပါ။သူ႔အေၾကာင္းသိပ္မသိတဲ့သူေတြကေတာ့သူ႔ကိုအၿမဲတမ္းမ်က္ႏွာရွစ္ေခါက္ခ်ိဳးနဲ႔ေနတတ္တဲ့သူလို႔ထင္ၾကပါတယ္။ကြၽန္ေတာ္သိတဲ့မာရီယိုကႏူးညံ့တဲ့ႏွလုံးသားပိုင္ရွင္လူေကာင္းတစ္ဦးပါ။သူနဲ႔စသိတဲ့ေန႔ကတည္းကသူ႔ကိုခင္မင္လာခဲ့တာပါ။ဒါေတာင္သူ႔အေၾကာင္းသိဖို႔အခ်ိန္အမ်ားႀကီးေပးခဲ့ရတာပါ။လက္ေ႐ြးစင္အသင္းမွာကြၽန္ေတာ္တို႔အတူတူအၾကာႀကီးအတူေနခဲ့ၾကဖူးပါတယ္။

တစ္ခါတုန္းကအိုက္စလန္ခရီးထြက္ခဲ့ရပါတယ္။ဘရာဇီးကမာၻ႔ဖလားေျခစစ္ပြဲေအာင္ဖို႔ႀကိဳးစားေနတုန္းကပါ။အဲဒီတုန္းကကြၽန္ေတာ္ဟာဟိုတယ္ဓာတ္ေလွကားေရွ႕မွာမန္ဇူကစ္ဆီေျပးသြားတယ္။’လုပ္ထား၊မာရီယို၊ငါတို႔ဒီေန႔ပိုႀကိဳးစားၾကမယ္’လို႔ေျပာခဲ့တယ္။ေလ့က်င့္ေရးအစီအစဥ္ဒါမွမဟုတ္ ပြဲမတိုင္ခင္မွာကစားသမားအမ်ားစုလုပ္သလိုတစ္ေယာက္နဲ႔တစ္ေယာက္စိတ္အားတက္ေအာင္လုပ္လိုက္တာမ်ိဳးပါ။ဒါေပမယ့္သူ႔တုံ႔ျပန္မႈေၾကာင့္အံ့အားသင့္ခဲ့ရပါတယ္။ ‘မင္းကိုမင္းလည္းၾကည့္ဦး၊ငါ့ဘာသာငါေနပါရေစ’လို႔ျပန္ေျပာတယ္။ဒါကကြၽန္ေတာ့္အတြက္အံ့ဩသင့္စရာပါပဲ။မာရီယိုနဲ႔အၿမဲတမ္းေကာင္းမြန္တဲ့ဆက္ဆံမႈရွိခဲ့တာပါ။အဲဒီအထိအၿမဲတမ္းအဆက္အသြယ္ရွိခဲ့တယ္။အဲဒီေနာက္ပိုင္းမွာေတာ့ဆက္ဆံေရးေအးစက္သြားခဲ့တယ္”

“ေနာက္ပိုင္း ၃ႏွစ္တာေလာက္ ႏွစ္ဦးၾကား ဆက္ဆံေရး ေအးခဲသြားခဲ့တာ ဘာေၾကာင့္လဲလို႔စဥ္းစားေနခဲ့တယ္။ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ ပြင့္ပြင့္လင္းလင္းေျပာဆိုၿပီးေနာက္မွာ ျပႆနာအေျဖရွာေတြ႕သြားခဲ့တယ္။ ငါမင္းကို စိတ္မဆိုးခဲ့ပါဘူး မင္းငါ့ကို စိတ္ေကာက္ေနတယ္လို႔ငါထင္ခဲ့တာပါ လို႔သူက ကြၽန္ေတာ့္ကို ေျပာတယ္။”

“ကြၽန္ေတာ္လည္း ဒီအတိုင္း ထင္ေၾကာင္း ေျပာျပခဲ့တယ္ ေနာက္ေတာ့ ႏွစ္ေယာက္ၾကား ျပန္ေျပလည္သြားတယ္ အမွန္ေတာ့ ကြၽန္ေတာ္တို႔ႏွစ္ေယာက္လုံးက သီးျခားစီေန တတ္ၾကတဲ့သူေတြ ျဖစ္ၿပီး စိတ္ခံစားခ်က္ကို ဖြင့္ထုတ္မျပတတ္၊ အေလ်ာ့မေပးဘဲ ေခါင္းမာတတ္တဲ့ သူေတြ ျဖစ္တယ္။ ဒါေပမယ့္ သူက ကြၽန္ေတာ္အတူတူ တိုက္ပြဲဝင္ခ်င္တဲ့ သူငယ္ခ်င္းတစ္ေယာက္ျဖစ္တယ္ ႏွစ္ေယာက္ၾကား တင္းမာမႈ ဘယ္ေလာက္ပဲရွိပါေစ ကြင္းထဲမွာ အရာအားလုံး ေပးဆပ္မယ္ ဘယ္ေတာ့မွ သစၥာမေဖာက္တဲ့ သူတစ္ေယာက္ဆိုတာ ကြၽန္ေတာ္သိပါတယ္” လို႔ မိုဒရစ္က ေျပာၾကားသြားခဲ့ပါတယ္။