မန်စီးတီးရဲ့နိုင်ပွဲအပြီး ဆိုရှယ်မီဒီယာပေါ်မှာ မန်ယူပြိုင်ဘက်ဖီးလ်ဂျုံးစ်ကို ရယ်စရာလုပ်ခဲ့တဲ့ စတာလင်း

photo-gettyimages

photo-social media

မန်စီးတီးတောင်ပံကစားသမားစတာလင်းဟာ ဒိုင်နမိုဇာဂရက်နဲ့ချန်ပီယံလိဂ်ပွဲမှာ ပြိုင်ဘက်မန်ယူအသင်းက နောက်ခံလူဖီးလ်ဂျုံးစ်ဂုဏ်ယူရလောက်မယ့်မျက်နှာမျိုးလုပ်ခဲ့ပြီး အဲဒါကို ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Twitter ပေါ်တင်ပြီး အားလုံးသိစေခဲ့ပါတယ်။ စတာလင်းဟာ သူ့ကိုယ်သူမျက်နှာပြောင်တဲ့ ကစားသမားတစ်ယောက်အဖြစ် လူသိများပြီး ဒီတစ်ကြိမ်တော့ မန်ယူနောက်ခံလူဖီးလ်ဂျုံးစ်ကိုပါ ရယ်စရာလုပ်ခဲ့တာပါ။

photo-social media

မန်ယူနောက်ခံလူဖီးလ်ဂျုံးစ်ဟာ ပွဲစဉ်တွေမှာ ရယ်စရာကောင်းတဲ့ မျက်နှာပုံစံအမျိုးမျိုးရှိခဲ့ပါတယ်။ ဒါကြောင့်လည်း ဖီးလ်ဂျုံးစ်ရဲ့ပွဲစဉ်တစ်ပွဲအတွင်းက မျက်နှာပုံစံအမျိုးမျိုးဟာ ဆိုရှယ်မီဒီယာပေါ်မှာ ဟာသလုပ်ခံနေရတာ အတော်ကြာနေပါပြီ။ စတာလင်းကလည်း ဒိုင်နမိုဇာဂရက်နဲ့ပွဲမှာ အဲဒီလိုပုံစံဖြစ်သွားခဲ့ပြီး အဲဒီပုံကို zoom ဆွဲကာ Twitter ပေါ်တင်ခဲ့တာပါ။ ”ဖီးလ်ဂျုံးစ်ကတော့ ဂုဏ်ယူလိမ့်မယ်”ဆိုပြီး caption လည်းထိုးခဲ့ပါတယ်။

photo-social media

မန်စီးတီးဟာ နောက်တစ်ဆင့်တက်ပြီးသားဖြစ်နေလို့ ဒိုင်နမိုဇာဂရက်နဲ့ပွဲမှာ လူစာရင်းအပြောင်းအလဲများစွာရှိခဲ့ပြီး သာသာယာယာနဲ့ပဲ ကစားသွားခဲ့တာပါ။ စတာလင်းဆို ပွဲပြီးခါနီ ၁၅ မိနစ်အလိုမှ လူစားဝင်လာခဲ့တာပါ။ ဒါပေမဲ့ အဲဒီအချိန်လေးအတွင်းမှာ ဖီးလ်ဂျုံးစ်ဂုဏ်ယူရလောက်မယ့်မျက်နှာမျိုးလုပ်ခဲ့ပါတယ်။ မကြာသေးခင်ရက်ပိုင်းကမှ မန်ချက်စတာဒါဘီပွဲရှုံးထားတာဆိုတော့ ဖီးလ်ဂျုံးစ်ကိုရယ်စရာလုပ်ဖို့ စတာလင်းအတွက် အချိန်ကောင်းတော့ မဟုတ်လောက်ပါဘူး။

[Zawgyi]

မန်စီးတီးရဲ့နိုင်ပွဲအပြီး ဆိုရှယ်မီဒီယာပေါ်မှာ မန်ယူပြိုင်ဘက်ဖီးလ်ဂျုံးစ်ကို ရယ်စရာလုပ်ခဲ့တဲ့ စတာလင်း

မန္စီးတီးေတာင္ပံကစားသမားစတာလင္းဟာ ဒုိင္နမိုဇာဂရက္နဲ႔ခ်န္ပီယံလိဂ္ပြဲမွာ ၿပိဳင္ဘက္မန္ယူအသင္းက ေနာက္ခံလူဖီးလ္ဂ်ဳံးစ္ဂုဏ္ယူရေလာက္မယ့္မ်က္ႏွာမ်ိဳးလုပ္ခဲ့ၿပီး အဲဒါကို ဆုိရွယ္မီဒီယာတစ္ခုျဖစ္တဲ့ Twitter ေပၚတင္ၿပီး အားလုံးသိေစခဲ့ပါတယ္။ စတာလင္းဟာ သူ႔ကိုယ္သူမ်က္ႏွာေျပာင္တဲ့ ကစားသမားတစ္ေယာက္အျဖစ္ လူသိမ်ားၿပီး ဒီတစ္ႀကိမ္ေတာ့ မန္ယူေနာက္ခံလူဖီးလ္ဂ်ဳံးစ္ကိုပါ ရယ္စရာလုပ္ခဲ့တာပါ။

မန္ယူေနာက္ခံလူဖီးလ္ဂ်ဳံးစ္ဟာ ပြဲစဥ္ေတြမွာ ရယ္စရာေကာင္းတဲ့ မ်က္ႏွာပုံစံအမ်ိဳးမ်ိဳးရွိခဲ့ပါတယ္။ ဒါေၾကာင့္လည္း ဖီးလ္ဂ်ဳံးစ္ရဲ႕ပြဲစဥ္တစ္ပြဲအတြင္းက မ်က္ႏွာပုံစံအမ်ိဳးမ်ိဳးဟာ ဆုိရွယ္မီဒီယာေပၚမွာ ဟာသလုပ္ခံေနရတာ အေတာ္ၾကာေနပါၿပီ။ စတာလင္းကလည္း ဒုိုင္နမိုဇာဂရက္နဲ႔ပြဲမွာ အဲဒီလုိပုံစံျဖစ္သြားခဲ့ၿပီး အဲဒီပုံကို zoom ဆြဲကာ Twitter ေပၚတင္ခဲ့တာပါ။ ”ဖီးလ္ဂ်ဳံးစ္ကေတာ့ ဂုဏ္ယူလိမ့္မယ္”ဆိုၿပီး caption လည္းထုိးခဲ့ပါတယ္။

မန္စီးတီးဟာ ေနာက္တစ္ဆင့္တက္ၿပီးသားျဖစ္ေနလို႔ ဒိုင္နမိုဇာဂရက္နဲ႔ပြဲမွာ လူစာရင္းအေျပာင္းအလဲမ်ားစြာရွိခဲ့ၿပီး သာသာယာယာနဲ႔ပဲ ကစားသြားခဲ့တာပါ။ စတာလင္းဆုိ ပြဲၿပီးခါနီ ၁၅ မိနစ္အလိုမွ လူစား၀င္လာခဲ့တာပါ။ ဒါေပမဲ့ အဲဒီအခ်ိန္ေလးအတြင္းမွာ ဖီးလ္ဂ်ံဳးစ္ဂုဏ္ယူရေလာက္မယ့္မ်က္ႏွာမ်ိဳးလုပ္ခဲ့ပါတယ္။ မၾကာေသးခင္ရက္ပိုင္းကမွ မန္ခ်က္စတာဒါဘီပြဲရႈံးထားတာဆိုေတာ့ ဖီးလ္ဂ်ဳံးစ္ကိုရယ္စရာလုပ္ဖို႔ စတာလင္းအတြက္ အခ်ိန္ေကာင္းေတာ့ မဟုတ္ေလာက္ပါဘူး။