မန်စီးတီးကဲ့သို့ အားလပ်ရက် မရခဲ့တာကြောင့် ရုန်းကန်နေရတာလို့ ယာဂန်ကလော့ ပြောကြား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယာဂန်ကလော့က လီဗာပူးအနေနဲ့ လက်ရှိအမှတ်ပေးဇယားထိပ်က မန်းစီးတီးအသင်းကဲ့သို့ အားလပ်ရက် ( ၂ ) ပတ် မရရှိခဲ့တဲ့အတွက် စိတ်ပိုင်းရော ရုပ်ပိုင်းဆိုင်ရာမှာပါ နွမ်းနယ်မှုတွေရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။

လီဗာပူးအနေနဲ့ လာမယ့် တနင်္ဂနွေနေ့မှာ မန်စီးတီးအသင်းကို လက်ခံကစားရဖို့ ရှိနေပြီး ဗုဒ္ဓဟူးနေ့က ကစားခဲ့တဲ့ပွဲမှာ ဘရိုက်တန်အသင်းကို ရှုံးနိမ့်ခဲ့တဲ့အတွက် အမှတ်ပေးဇယားထိပ်က ပက်ဂွာဒီယိုလာအသင်းအောက် ( ၇ ) မှတ် လျော့နည်းလျက်ရှိပါတယ်။

လီဗာပူးအသင်း နည်းပြ ယာဂန်ကလော့က ကစားသမားတွေအနေနဲ့ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုတွေ ရှိနေတာကြောင့် ဂယေဟန် ပေါ်တာရဲ့ အသင်းကို ရှုံးနိမ့်ခဲ့တာလို့ ဆိုခဲ့ပေမယ့် ပက်ဂွာဒီယိုလာရဲ့ အသင်းကတော့ ( ၁၃ ) ပွဲဆက် အနိုင်ရရှိထားပါတယ်။

( ၂ ) သင်းစလုံးက လက်ရှိမှာ ပြိုင်ပွဲစုံ ( ၃၃ ) ပွဲ ကစားထားရပေမယ့် လီဗာပူးအသင်းက သြဂုတ်လ ( ၂၉ ) ရက်နေ့မှာ ရာသီအဖွင့် ပွဲစဥ်အဖြစ် အာဆင်နယ်အသင်းနဲ့ ကွန်မြူနတီဖလားစတင်ကစားခဲ့ရပြီး မန်စီးတီးကတော့ ယခင်နှစ် ချန်ပီယံလိဂ် ပွဲစဥ်တွေကြောင့် စက်တင်ဘာ ( ၂၁ ) မှ စတင် ကစားခဲ့ရပါတယ်။

ဒါ့အပြင် မန်စီးတီးအနေနဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ေရာဂါေကြာင့် ဒီဇင်ဘာ ( ၂၆ ) မှ ဇန်နဝါရီ ( ၃ ) ရက်နေ့ထိ ပွဲကစားမှု ရပ်နားခဲ့ရပြီး ဒီဇင်ဘာလ ( ၂၈ ) ရက်နေ့မှာ ကစားရမယ့် အဲဗာတန်အသင်းနဲ့ ပွဲစဥ်ကိုလည်း ရွေ့ဆိုင်းခဲ့ပါတယ်။ ယာဂန်ကလော့က “ကျွန်တော်တို့ အားလပ်ရက်မရခဲ့ပါဘူး။ မန်စီးတီးက ကိုဗစ်ကြောင့် အားလပ်ရက် ( ၂ ) ပတ်ရခဲ့ပါတယ်။ အတော်လေးခက်ခဲပါတယ်။ အသင်းအများစုအတွက် ခက်ခဲတဲ့ ရာသီတစ်ခုပါ။” လို့ ဆိုခဲ့ပါတယ်။

“ ကျွန်တော်တို့ လန်ဒန်ကို တစ်ပတ်အတွင်း ( ၂ ) ကြိမ်သွားရောက်ပြီး ခက်ခဲတဲ့ အသင်းတွေနဲ့ ယှဥ်ပြိုင်ခဲ့ရပါတယ်။ ကျွန်တော်တို့ဟာ အဆိုပါ ပွဲစဥ်တွေမှာ အင်တိုက်အားတိုက် ကစားနိုင်ခဲ့တယ်လို့ မထင်ပါဘူး။ ကျွန်တော်တို့ အနိုင်ရရုံပဲ ကစားနိုင်ခဲ့တာပါ။ အဲ့ဒီနောက်မှာ တည်ဆောက်ပုံကောင်းတဲ့ ဘရိုက်တန်နဲ့ ရင်ဆိုင်ခဲ့ရတယ်။ ကျွန်တော်တို့အနေနဲ့ အဆိုပါပွဲစဥ်အတွက် အဆင်သင့် ဖြစ်မနေခဲ့ပါဘူး။”

ယာဂန်ကလော့က ပြီးခဲ့တဲ့ ဘရိုက်တန်အသင်းနဲ့ ပွဲစဥ်ကို လွဲခေျာ်ခဲ့တဲ့ အလီဆန် ၊ ‌ဖာဘင်ဟို နှင့် မာနေးတို့ကလည်း လေ့ကျင့်ရေးအစီအစဥ် ပြန်လည်ပြုလုပ်နေပြီဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

မန္စီးတီးကဲ့သို႔ အားလပ္ရက္ မရခဲ့တာေၾကာင့္ ႐ုန္းကန္ေနရတာလို႔ ယာဂန္ကေလာ့ ေျပာၾကား

ယာဂန္ကေလာ့က လီဗာပူးအေနနဲ႔ လက္ရွိအမွတ္ေပးဇယားထိပ္က မန္းစီးတီးအသင္းကဲ့သို႔ အားလပ္ရက္ ( ၂ ) ပတ္ မရရွိခဲ့တဲ့အတြက္ စိတ္ပိုင္းေရာ ႐ုပ္ပိုင္းဆိုင္ရာမွာပါ ႏြမ္းနယ္မႈေတြရွိေနတယ္လို႔ ေျပာၾကားခဲ့ပါတယ္။ လီဗာပူးအေနနဲ႔ လာမယ့္ တနဂၤေႏြေန႔မွာ မန္စီးတီးအသင္းကို လက္ခံကစားရဖို႔ ရွိေနၿပီး ဗုဒၶဟူးေန႔က ကစားခဲ့တဲ့ပြဲမွာ ဘ႐ိုက္တန္အသင္းကို ရႈံးနိမ့္ခဲ့တဲ့အတြက္ အမွတ္ေပးဇယားထိပ္က ပက္ဂြာဒီယိုလာအသင္းေအာက္ ( ၇ ) မွတ္ ေလ်ာ့နည္းလ်က္ရွိပါတယ္။

လီဗာပူးအသင္း နည္းျပ ယာဂန္ကေလာ့က ကစားသမားေတြအေနနဲ႔ စိတ္ပိုင္းဆိုင္ရာ ပင္ပန္းႏြမ္းနယ္မႈေတြ ရွိေနတာေၾကာင့္ ဂေယဟန္ ေပၚတာရဲ႕ အသင္းကို ရႈံးနိမ့္ခဲ့တာလို႔ ဆိုခဲ့ေပမယ့္ ပက္ဂြာဒီယိုလာရဲ႕ အသင္းကေတာ့ ( ၁၃ ) ပြဲဆက္ အႏိုင္ရရွိထားပါတယ္။ ( ၂ ) သင္းစလုံးက လက္ရွိမွာ ၿပိဳင္ပြဲစုံ ( ၃၃ ) ပြဲ ကစားထားရေပမယ့္ လီဗာပူးအသင္းက ၾသဂုတ္လ ( ၂၉ ) ရက္ေန႔မွာ ရာသီအဖြင့္ ပြဲစဥ္အျဖစ္ အာဆင္နယ္အသင္းနဲ႔ ကြန္ျမဴနတီဖလားစတင္ကစားခဲ့ရၿပီး မန္စီးတီးကေတာ့ ယခင္ႏွစ္ ခ်န္ပီယံလိဂ္ ပြဲစဥ္ေတြေၾကာင့္ စက္တင္ဘာ ( ၂၁ ) မွ စတင္ ကစားခဲ့ရပါတယ္။

ဒါ့အျပင္ မန္စီးတီးအေနနဲ႔ ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေရာဂါေၾကာင့္ ဒီဇင္ဘာ ( ၂၆ ) မွ ဇန္နဝါရီ ( ၃ ) ရက္ေန႔ထိ ပြဲကစားမႈ ရပ္နားခဲ့ရၿပီး ဒီဇင္ဘာလ ( ၂၈ ) ရက္ေန႔မွာ ကစားရမယ့္ အဲဗာတန္အသင္းနဲ႔ ပြဲစဥ္ကိုလည္း ေ႐ြ႕ဆိုင္းခဲ့ပါတယ္။ ယာဂန္ကေလာ့က “ ကြၽန္ေတာ္တို႔ အားလပ္ရက္မရခဲ့ပါဘူး။ မန္စီးတီးက ကိုဗစ္ေၾကာင့္ အားလပ္ရက္ ( ၂ ) ပတ္ရခဲ့ပါတယ္။ အေတာ္ေလးခက္ခဲပါတယ္။ အသင္းအမ်ားစုအတြက္ ခက္ခဲတဲ့ ရာသီတစ္ခုပါ။” လို႔ ဆိုခဲ့ပါတယ္။

“ ကြၽန္ေတာ္တို႔ လန္ဒန္ကို တစ္ပတ္အတြင္း ( ၂ ) ႀကိမ္သြားေရာက္ၿပီး ခက္ခဲတဲ့ အသင္းေတြနဲ႔ ယွဥ္ၿပိဳင္ခဲ့ရပါတယ္။ ကြၽန္ေတာ္တို႔ဟာ အဆိုပါ ပြဲစဥ္ေတြမွာ အင္တိုက္အားတိုက္ ကစားႏိုင္ခဲ့တယ္လို႔ မထင္ပါဘူး။ ကြၽန္ေတာ္တို႔ အႏိုင္ရ႐ုံပဲ ကစားႏိုင္ခဲ့တာပါ။ အဲ့ဒီေနာက္မွာ တည္ေဆာက္ပုံေကာင္းတဲ့ ဘ႐ိုက္တန္နဲ႔ ရင္ဆိုင္ခဲ့ရတယ္။ ကြၽန္ေတာ္တို႔အေနနဲ႔ အဆိုပါပြဲစဥ္အတြက္ အဆင္သင့္ ျဖစ္မေနခဲ့ပါဘူး။”

ယာဂန္ကေလာ့က ၿပီးခဲ့တဲ့ ဘ႐ိုက္တန္အသင္းနဲ႔ ပြဲစဥ္ကို လြဲေခ်ာ္ခဲ့တဲ့ အလီဆန္ ၊ ‌ဖာဘင္ဟို ႏွင့္ မာေနးတို႔ကလည္း ေလ့က်င့္ေရးအစီအစဥ္ ျပန္လည္ျပဳလုပ္ေနၿပီျဖစ္ေၾကာင္း အတည္ျပဳေျပာၾကားခဲ့ပါတယ္။