မန်ချက်စတာဒါဘီပွဲမှာအောင်လံလွှင့်ခဲ့တဲ့ သရဲနီတို့ရဲ့စွမ်းဆောင်ရည်အဆင့်သတ်မှတ်ချက်များ…….
M Cash 24 အကွောငျးသိလိုပါက M Cash 24 ကို နှိပျပါ။
ညက ကစားသွားခဲ့တဲ့ မန်ချက်စတာ ဒါဘီပွဲမှာတော့ ယူနိုက်တက်တို့ဟာ မန်စီးတီးကို အိုးထရက်ဖို့ဒ်ကွင်းကြီး ထဲမှာ(၂)ဂိုးပြတ်နဲ့ အနိုင်ယုူပြီးတော့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အဆင့်(၄)နေရာကချဲလ်ဆီးကို ဆက်လက်ပြီးတော့ ဖိအားပေးထားနိုင်ခဲ့ပါတယ်။ ဒါဟာ ယူနိုက်တက် အသင်း အတွက် တော့ မန်စီးတီး ကို နှစ်ကျော့လုံး အနိုင်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒီပွဲမှာ မာရှယ်နဲ့ မက်တော်မီနေးတို့က ပထမပိုင်းနဲ့ဒုတိယပိုင်းတို့ မှာ ဂိုးတွေသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ အဲဒီနိုင်ပွဲက သရဲနီတို့ရဲ့စွမ်းဆောင်ရည်အဆင့် သတ်မှတ်ချက်တွေကိုတင်ဆက်ပေးလိုက်ပါတယ်။
photo internet
ဒီဂီယာ-8
ဒီလိုအရေးကြီးတဲ့ပွဲစဉ်မှာ ဂိုးပေါက်ကိုအကောင်းဆုံးကာကွယ်ပေးနိုင်ခဲ့ပါတယ်။ အပိုင်ကန်သွင်းချက် ၃ကြိမ်ကို ပုပ်ထုတ်နိုင်ခဲ့သလို၊ Clean Sheet ရယူပေးနိုင်ခဲ့တဲ့ပွဲတစ်ပွဲလည်းဖြစ်ပါတယ်။
ဝမ်ဘစ်ဆာကာ-8
တကယ့်ကို အထင်ကြီးဖွယ် ကောင်းလှတဲ့ ခံစစ် ကစားပုံ နဲ့ အတူ စတာလင်း ၊ မာရက် တို့ကို တစ်လှည့်စီ ထိန်းချုပ် နိုင်ခဲ့ ပါတယ် ။ မန်စီးတီးနည်းပြအကွက်ချထားတဲ့တိုက်စစ်ဆင်ထိုးဖောက်တဲ့ပုံစံတွေကို ဝမ်ဘစ်ဆာကာက အကောင်းဆုံးတားဆီးနိုင်ခဲ့ပါတယ်။
လင်ဒီလောဖ့်-8
မက်ဂွားယား အတွက် အကောင်းဆုံး ခံစစ် ပါတနာ ဖြစ်ကြောင်း တွေ့မြင် ခဲ့ရ ပါတယ်။ အာရုံစူးစိုက်မှု့အားကောင်းတာကိုမြင်တွေ့ခဲ့ရပါတယ်။
photo internet
မက်ဂွိုင်းယား- 7
ခေါင်းတိုက်ခွင့် ရခဲ့ ပေမယ့် လွဲခဲ့ပါတယ် ။ပွဲအစမှာ လိုအပ်ချက်တွေရှိခဲ့ပေမယ့် နောက်ပိုင်းမှာအဆင်ပြေတဲ့ပုံစံရှိခဲ့ပါတယ်။ ညက ပွဲစဉ်မှာ ရှင်းထုတ်နိုင်မှု (၆)ကြိမ်၊ ကြားဖြတ်လုယူမှု(၂)ကြိမ်၊ ဒါ့အပြင် ပထမပိုင်းမှာမန်စီးတီးကို ဂိုးကန်သွင်းမှု (၁)ကြိမ်သာရှိစေခဲ့တဲ့ အထိ ခံစစ်မှူးကြီးက နောက်တန်းမှာစွမ်းဆောင်ပြသွားခဲ့တာဖြစ်ပါတယ်။
လုခ်ရှော-7.5
ခံစစ်ကစားပုံတည်တည်ငြိမ်ငြိမ်ရှိခဲ့ပါတယ်။ အထူးခြေစွမ်းပြသနိုင်တာမျိုးမရှိသလို၊ တိုက်စစ်ပိုင်းလည်း သိပ်မကူနိုင်ခဲ့ပါဘူး။
ဝီလီယမ်-7
အမှားအယွင်းတချို့ရှိပေမယ့် အဲဒီကောင်လေးရဲ့ရဲရင့်မှုကရဲရဲတောက်ပါပဲ။ အသက်အရွယ် နဲ့ မလိုက်အောင် ကစားအား ကောင်းမွန်ခဲ့တဲ့အပြင် တိုက်စစ်ပိုင်းလည်း ကြိုးစားထားတာတွေ့ရပါတယ်။
photo internet
မာတစ်-8
အချို့အချိန်တွေမှာတစ်ဖက်ကတိုက်စစ်တွေကိုမဟန့်တားနိုင်ခဲ့ပါဘူး။ နောက်ပိုင်း မှာတော့ ဂိုးပေါက် ကန်သွင်းမှု ၊ အခွင့်အရေး ဖန်တီးမှု တစ်ကြိမ်စီ လုပ်ဆောင် နိုင်ခဲ့ပါတယ်။ ကြားဖြတ်ဟန့်တားမှု(၃)ကြိမ်၊ ဘောလုံးရှင်းထုတ်နိုင်မှု(၃)ကြိမ် လုပ်ဆောင်နိုင်ခဲ့ပါတယ်။
ဖရက်ဒ်-7.5
ကွင်းလယ်ပိုင်း မှာ ကစားအား ကောင်းမွန် ခဲ့ပြီး တိုက်စစ် နဲ့ ခံစစ် ကို ဟန်ချက် ညီအောင် ကစား ပေးနိုင် ခဲ့ ပါတယ် ။ အဝါကတ်ပြားတော့လက်ဆောင်ရယူသွားခဲ့ပါတယ်။
ဘရူနိုဖာနန်ဒက်စ်-8
ဖာနန်ဒက်စ်ရဲ့မြန်ဆန်တဲ့ ဘောလုံး ပေးပို့မှုတွေက အသင်းအတွက်အများကြီးအထောက်အကူဖြစ်ခဲ့ပါတယ်။ ဒီပွဲမှာလည်း သရဲနီသွေးတွေပြသနိုင်ခဲ့ပါတယ်။ သူရောက်ပြီးကတည်းက ယူနိုက်တက်တို့ရလဒ်ကောင်းတွေ ရနေပါတယ်။
photo internet
ဒယ်နီယယ်ဂျိမ်းစ်-7
ကောင်တာ ပြေးအား တွေနဲ့ ပြိုင်ဖက် နောက်ခံလူ တွေကို ဒုက္ခ ပေးနိုင်ခဲ့ ပါတယ် ။ တစ်ကိုယ်တော်စွမ်းရည်ပိုင်း သိပ်မဆိုးပါဘူး။
မာရှယ်-8
ဒီပွဲမှာတော့ မျက်နှာပန်းလှအောင်လုပ်ဆောင်နိုင်ခဲ့ပါတယ်။ မန်စီးတီးအသင်းက အမုန်းတွေကိုတော့ ရရှိမှာပါ။
လူစားဝင်ကစားသမားတွေဖြစ်တဲ့ တော်မီနေး၊ ဘိုင်လီ၊ အီဟာလိုတို့ကတော့ အဆင့်သတ်မှတ်ချက် 6 ရရှိပါ တယ်။
photo internet
M Cash 24 အကွောငျးသိလိုပါက M Cash 24 ကို နှိပျပါ။
(Zawgyi Version)
ဒီဂီယာ-8
ဝမ်ဘစ်ဆာကာ-8
လင်ဒီလောဖ့်-8
မက်ဂွိုင်းယား- 7
လုခ်ရှော-7.5
ဝီလီယမ်-7
မာတစ်-8
ဖရက်ဒ်-7.5
ဘရူနိုဖာနန်ဒက်စ်-8
ဒယ်နီယယ်ဂျိမ်းစ်-7
မာရှယ်-8