မက်ဒီဆန် ၊ ဘားနက် တို့ရဲ့ သွင်းဂိုးတွေနဲ့ အဆင့် ( ၂ ) နေရာကို ရောက်ရှိလာတဲ့ မြေခွေးတပ်သားများ
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
လက်စတာ စီးတီးအသင်းဟာ ဂျိမ်းစ် မက်ဒီဆန်ရဲ့ သွင်းဂိုးနဲ့အတူ အမှတ်ပေးဇယား အဆင့် ( ၂ ) နေရာကို ရောက်ရှိလာပြီး သူ့ရဲ့ ကိုရိုနာဗိုင်းရပ်ကာကွယ်ရေး စည်းမျဉ်းအရ အောင်ပွဲခံခဲ့ပုံတွေကလည်း လူပြောများခဲ့ပါတယ်။
မက်ဆီဆန်က လှပတဲ့ အဆုံးသတ်ချက်နဲ့အတူ ပွဲကြည့်စင်ပေါ်က အင်္ဂလန်လက်ရွေးစင်အသင်း မန်နေဂျာ ဆောက်ဂိတ်ကို ချိန်သားကိုက် အသိပေးနိုင်ခဲ့ပါတယ်။
မက်ဆီဆန်က ဒဏ်ရာပြဿနာတွေကြောင့် ရာသီအစကို လွဲချော်ခဲ့ပြီး အင်္ဂလန်လက်ရွေးစင်အသင်းမှာလည်း ဂျက် ဂရေးလစ် ၊ ဖီးလ် ဖိုဒင် နှင့် မေဆန်မောင့်တို့ရဲ့ နောက်မှာသာ နေရာပေးခြင်းခံခဲ့ရပါတယ်။
ရာဖယ် ဟာဆန်ဟူတယ်ရဲ့ ဆောက်သမ်တန်အသင်းက ဒဏ်ရာပြဿနာတွေ နှင့် ကိုဗစ် ကူးစက်မှုတွေ ရှိနေပေမယ့် လီဗာပူးအသင်းကို အနိုင်ကစားထားပြီး ယခုပွဲစဉ်မှာလည်း လက်စတာကို ဒုက္ခပေးနိုင်ဖို့ အကောင်းဆုံး ကြိုးစားခဲ့တယ်။ဒါပေမယ့် Danny Ings ပါဝင်ကစားနိုင်ခြင်း မရှိခဲ့တဲ့အတွက် သွင်းဂိုးရရှိဖို့ ရုန်းကန်ခဲ့ရပါတယ်။
ပထမပိုင်းမှာ ဆောက်သမ်တန်အသင်းက ခြေစွမ်းပိုင်းပိုကောင်းမွန်ခဲ့ပေမယ့် မက်ဒီဆန်က လက်စတာအတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပြီး ပွဲပြီးခါနီးမှာ ဘားနက်စ်က အနိုင်သေချာစေမယ့် နောက်ထပ်သွင်းဂိုး တစ်ဂိုးရယူပေးခဲ့ပါတယ်။
လက်စတာစီးတီးအသင်းဟာ ယခုနိုင်ပွဲကြောင့် အမှတ်ပေးဇယားထိပ်က ယူနိုက်တက်နဲ့ တစ်မှတ်အကွာအနေအထား ရောက်ရှိလာပြီး အဆင့် ( ၂ ) နေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။ Source : The Sun
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi