မက်ဆီ ကို တောင်းပန်စကားဆိုဖို့ ပျက်ကွက်နေတဲ့ ဗင်နီဇွဲလား နောက်ခံလူ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပြီးခဲ့တဲ့ ရက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာ အာဂျင်တီးနား အသင်းခေါင်းဆောင် မက်ဆီ ဟာ ပြိုင်ဖက် ဗင်နီဇွဲလားအသင်း နောက်ခံလူရဲ့ ကြမ်းတမ်းတဲ့ ဖျက်ထုတ်မှုကို ကြုံခဲ့ရပါတယ်။

ရုပ်သံမြင်ကွင်းတွေအရ အဲ့ဒီဖျက်ထုတ်မှုဟာ အတော်လေး ကြမ်းတမ်းခဲ့ပြီး မက်ဆီ အနေနဲ့ ကစားသမားဘဝကနေ အနားယူသွားရနိုင်တဲ့ အခြေအနေကို ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

အစပိုင်းမှာ ကွင်းလယ်ဒိုင်က ပြစ်ဒဏ်ကျူးလွန်ခဲ့တဲ့ ဗင်နီဇွဲလား နောက်ခံလူ မာတီနက်စ် ကို အဝါကတ်သာ ပြသခဲ့ပေမဲ့ VAR နဲ့ ပြန်ကြည့်ပြီးတဲ့အခါမှာတော့ တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခဲ့ပါတယ်။

ဆိုရှယ်မီဒီယာတွေပေါ်မှာတော့ မက်ဆီ ရဲ့ ပရိသတ်တွေဟာ မာတီနက်စ် ကို အပြစ်တင်ဆဲဆိုနေကြပြီး သူတို့ရဲ့ idol ကို တောင်းပန်စကားဆိုဖို့ ဖိအားပေးခဲ့ကြပါတယ်။

အဲ့ဒီပွဲအပြီးမှာတော့ မာတီနက်စ် က “ ဒီနေ့ပွဲက အဖြစ်အပျက်အတွက် ကျွန်တော့်မှာ ပြောစရာစကားလုံး မရှိပါဘူး။

ကျွန်တော့်ရဲ့ အကြောင်းကို သိတဲ့သူဆိုရင် ကျွန်တော်ဟာ လုပ်ဖော်ကိုင်ဖက်တွေအပေါ် ရုပ်ပိုင်းဆိုင်ရာအရထိခိုက်အောင် ဘယ်တော့မှလုပ်မယ့်သူမဟုတ်တာကို သိကြမှာပါ။

အသင်းဖော်တွေ ၊ နည်းပြတွေ နဲ့ ကျွန်တော်တို့ကို နှလုံးသားထဲကနေ အမြဲအားပေးကြတဲ့ ဗင်နီဇွဲလား ပရိသတ်တွေကို တောင်းပန်စကားဆိုချင်ပါတယ်။

ကျွန်တော့်ရဲ့ နိုင်ငံကို ကျွန်တော် ချစ်ပါတယ်။ ဒီဖြစ်ရပ်အတွက် ကျွန်တော် တာဝန်ယူပါတယ် “ လို့ သူ့ရဲ့ ဆိုရှယ်မီဒီယာပေါ်မှာ ရေးသားခဲ့ပါတယ်။

မာတီနက်စ် ရဲ့ တောင်းပန်စာမှာ ပြစ်ဒဏ်ကျူးလွန်ခံရသူ မက်ဆီ ကို တောင်းပန်တဲ့ စကားတလုံးတလေတောင် မပါခဲ့တာကြောင့် မက်ဆီ ရဲ့ ပရိသတ်တွေကတော့ ဒေါသထွက်နေပြီး အားကစားသမား မပီသတဲ့ မာတီနက်စ် ကို ဝေဖန်နေကြပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

မက္ဆီ ကို ေတာင္းပန္စကားဆိုဖို႔ ပ်က္ကြက္ေနတဲ့ ဗင္နီဇြဲလား ေနာက္ခံလူ

ၿပီးခဲ့တဲ့ ရက္ပိုင္းက ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲစဥ္မွာ အာဂ်င္တီးနား အသင္းေခါင္းေဆာင္ မက္ဆီ ဟာ ၿပိဳင္ဖက္ ဗင္နီဇြဲလားအသင္း ေနာက္ခံလူရဲ႕ ၾကမ္းတမ္းတဲ့ ဖ်က္ထုတ္မႈကို ႀကဳံခဲ့ရပါတယ္။

႐ုပ္သံျမင္ကြင္းေတြအရ အဲ့ဒီဖ်က္ထုတ္မႈဟာ အေတာ္ေလး ၾကမ္းတမ္းခဲ့ၿပီး မက္ဆီ အေနနဲ႔ ကစားသမားဘဝကေန အနားယူသြားရႏိုင္တဲ့ အေျခအေနကို ရင္ဆိုင္ခဲ့ရတာျဖစ္ပါတယ္။ အစပိုင္းမွာ ကြင္းလယ္ဒိုင္က ျပစ္ဒဏ္က်ဴးလြန္ခဲ့တဲ့ ဗင္နီဇြဲလား ေနာက္ခံလူ မာတီနက္စ္ ကို အဝါကတ္သာ ျပသခဲ့ေပမဲ့ VAR နဲ႔ ျပန္ၾကည့္ၿပီးတဲ့အခါမွာေတာ့ တိုက္႐ိုက္အနီကတ္နဲ႔ ထုတ္ပယ္ခဲ့ပါတယ္။

ဆိုရွယ္မီဒီယာေတြေပၚမွာေတာ့ မက္ဆီ ရဲ႕ ပရိသတ္ေတြဟာ မာတီနက္စ္ ကို အျပစ္တင္ဆဲဆိုေနၾကၿပီး သူတို႔ရဲ႕ idol ကို ေတာင္းပန္စကားဆိုဖို႔ ဖိအားေပးခဲ့ၾကပါတယ္။

အဲ့ဒီပြဲအၿပီးမွာေတာ့ မာတီနက္စ္ က “ ဒီေန႔ပြဲက အျဖစ္အပ်က္အတြက္ ကြၽန္ေတာ့္မွာ ေျပာစရာစကားလုံး မရွိပါဘူး။ ကြၽန္ေတာ့္ရဲ႕ အေၾကာင္းကို သိတဲ့သူဆိုရင္ ကြၽန္ေတာ္ဟာ လုပ္ေဖာ္ကိုင္ဖက္ေတြအေပၚ ႐ုပ္ပိုင္းဆိုင္ရာအရထိခိုက္ေအာင္ ဘယ္ေတာ့မွလုပ္မယ့္သူမဟုတ္တာကို သိၾကမွာပါ။ အသင္းေဖာ္ေတြ ၊ နည္းျပေတြ နဲ႔ ကြၽန္ေတာ္တို႔ကို ႏွလုံးသားထဲကေန အၿမဲအားေပးၾကတဲ့ ဗင္နီဇြဲလား ပရိသတ္ေတြကို ေတာင္းပန္စကားဆိုခ်င္ပါတယ္။ ကြၽန္ေတာ့္ရဲ႕ ႏိုင္ငံကို ကြၽန္ေတာ္ ခ်စ္ပါတယ္။ ဒီျဖစ္ရပ္အတြက္ ကြၽန္ေတာ္ တာဝန္ယူပါတယ္ “ လို႔ သူ႔ရဲ႕ ဆိုရွယ္မီဒီယာေပၚမွာ ေရးသားခဲ့ပါတယ္။

မာတီနက္စ္ ရဲ႕ ေတာင္းပန္စာမွာ ျပစ္ဒဏ္က်ဴးလြန္ခံရသူ မက္ဆီ ကို ေတာင္းပန္တဲ့ စကားတလုံးတေလေတာင္ မပါခဲ့တာေၾကာင့္ မက္ဆီ ရဲ႕ ပရိသတ္ေတြကေတာ့ ေဒါသထြက္ေနၿပီး အားကစားသမား မပီသတဲ့ မာတီနက္စ္ ကို ေဝဖန္ေနၾကပါတယ္။