မက်ဆီရောက်လာရင် အသင်းမှာဆက်နေဖို့ ဟင်းချက်တဲ့တာဝန်ယူရလည်း ဖြစ်တဲ့ ဒီမာရီယာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပီအက်စ်ဂျီတောင်ပံကစားသမားဒီမာရီယာက အသင်းကို မက်ဆီရောက်လာခဲ့မယ်ဆိုရင် သူ့အနေနဲ့ ထမင်းဟင်းချက်တဲ့ အလုပ်လုပ်ရမယ်ဆိုရင်တောင်မှ အသင်းမှာ ဆက်ရှိနေချင်ကြောင်း ပြောဆိုလိုက်ပါတယ်။ အာဂျင်တီးနားတောင်ပံကစားသမားဟာ ပြင်သစ်ကလပ်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး လက်ရှိအချိန်ထိ စာချုပ်သစ်အတွက် မဆွေးနွေးရသေးလို့ အနာဂတ်မရေမရာဖြစ်နေပေမယ့် မက်ဆီနဲ့ တွဲဖက်ကစားချင်တယ်လို့ ပြောလာတာပါ။

ရီးရဲလ်မက်ထရစ်နဲ့ ယူနိုက်တက်ကစားသမားဟောင်း ဒီမာရီယာဟာ ပြင်သစ်ကလပ်ရဲ့ အဓိကကစားသမားအဖြစ် နှစ်အတန်ကြာကစားပေးနေခဲ့ပြီးဖြစ်ပါတယ်။ အာဂျင်တီးနားလက်ရွေးစင်အသင်းမှာ အသင်းဖော်တွေအဖြစ်ရှိနေခဲ့ပေမယ့် ဒီမာရီယာနဲ့ မက်ဆီတို့ဟာ ကလပ်အသင်းမှာတော့ ပြိုင်ဘက်တွေအဖြစ်နဲ့သာ ရင်ဆိုင်ခဲ့ဖူးတာလည်းဖြစ်ပါတယ်။

“မက်ဆီနဲ့ ကလပ်အသင်းတစ်သင်းမှာ တွဲကစားဖို့ ကျွန်တော့်မှာအမြဲတမ်းအိပ်မက်ရှိခဲ့ပါတယ်။ အာဂျင်တီးနားလက်ရွေးစင်အသင်းမှာတော့ အသင်းဖော်တွေအဖြစ်ရှိနေခဲ့ပေမယ့် အရမ်းတိုတောင်းလွန်းတဲ့ အချိန်တွေပါ။ သူနဲ့တွဲဖက်ကစားရဖို့ အိပ်မက်က အမြဲတမ်းရှိနေခဲ့ပါတယ်။”

“ဒါပေမယ့်လည်း ကျွန်တော့်စာချုပ်က ကုန်ဆုံးတော့မှာပါ။ ဘယ်လိုဖြစ်လာမလဲဆိုတာ ကျွန်တော်မသိဘူး။ ဒါပေမယ့် ဒီအသင်းကို ကျွန်တော်ချစ်မြတ်နိုးပြီး ဒီမှာလည်းပျော်ရွှင်မိပါတယ်။ ရော်နယ်ဒို၊ နေမာ၊ ဘတ်ပီတို့နဲ့ ကျွန်တော်တွဲဖက်ကစားခွင့်ရခဲ့ပြီးပါပြီ။ လီယိုနဲ့လည်းကစားချင်ပါသေးတယ်။”

“ကျွန်တော့် မိန်းမက လီယိုသာ ဒီကို လာမယ်ဆိုရင် ကျွန်တော် အကင်ကင်နေရတယ်ဆိုရင်တောင်မှ ဒီမှာ ဆက်နေရမယ်လို့ ပြောထားပါတယ်” ဆိုပြီး ဒီမာရီယာက သူ့ရဲ့ဆန္ဒကို ထုတ်ဖော်ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ လက်ရှိမှာ မက်ဆီက ဘာစီလိုနာနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး ပီအက်စ်ဂျီကို ပြောင်းရွှေ့နိုင်တယ်လို့ သတင်းတွေထွက်ထားပါတယ်။

မက်ဆီအနေနဲ့ ပီအက်စ်ဂျီကိုပြောင်းရွှေ့မယ်ဆိုရင်တော့ ပိုချက်တီနို၊ ဒီမာရီယာ၊ ပါရီဒက်စ်တို့လို အာဂျင်တီးနားသားတွေအပြင် သူနဲ့ရင်းနှီးတဲ့ ဘာကာအသင်းဖော်ဟောင်းနေမာနဲ့ လည်းပြန်လည်ဆုံဆည်းရမှာဖြစ်ပါတယ်။ဒါပေမယ့် မန်စီးတီးကလည်း မက်ဆီ ရောက်ရှိဖို့ ရေပန်းစားနေတဲ့ အသင်းဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

မက္ဆီေရာက္လာရင္ အသင္းမွာဆက္ေနဖို႔ ဟင္းခ်က္တဲ့တာဝန္ယူရလည္း ျဖစ္တဲ့ ဒီမာရီယာ

ပီအက္စ္ဂ်ီေတာင္ပံကစားသမားဒီမာရီယာက အသင္းကို မက္ဆီေရာက္လာခဲ့မယ္ဆိုရင္ သူ႔အေနနဲ႔ ထမင္းဟင္းခ်က္တဲ့ အလုပ္လုပ္ရမယ္ဆိုရင္ေတာင္မွ အသင္းမွာ ဆက္ရွိေနခ်င္ေၾကာင္း ေျပာဆိုလိုက္ပါတယ္။ အာဂ်င္တီးနားေတာင္ပံကစားသမားဟာ ျပင္သစ္ကလပ္နဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္ၿပီး လက္ရွိအခ်ိန္ထိ စာခ်ဳပ္သစ္အတြက္ မေဆြးေႏြးရေသးလို႔ အနာဂတ္မေရမရာျဖစ္ေနေပမယ့္ မက္ဆီနဲ႔ တြဲဖက္ကစားခ်င္တယ္လို႔ ေျပာလာတာပါ။

ရီးရဲလ္မက္ထရစ္နဲ႔ ယူႏိုက္တက္ကစားသမားေဟာင္း ဒီမာရီယာဟာ ျပင္သစ္ကလပ္ရဲ႕ အဓိကကစားသမားအျဖစ္ ႏွစ္အတန္ၾကာကစားေပးေနခဲ့ၿပီးျဖစ္ပါတယ္။ အာဂ်င္တီးနားလက္ေ႐ြးစင္အသင္းမွာ အသင္းေဖာ္ေတြအျဖစ္ရွိေနခဲ့ေပမယ့္ ဒီမာရီယာနဲ႔ မက္ဆီတို႔ဟာ ကလပ္အသင္းမွာေတာ့ ၿပိဳင္ဘက္ေတြအျဖစ္နဲ႔သာ ရင္ဆိုင္ခဲ့ဖူးတာလည္းျဖစ္ပါတယ္။

“မက္ဆီနဲ႔ ကလပ္အသင္းတစ္သင္းမွာ တြဲကစားဖို႔ ကြၽန္ေတာ့္မွာအၿမဲတမ္းအိပ္မက္ရွိခဲ့ပါတယ္။ အာဂ်င္တီးနားလက္ေ႐ြးစင္အသင္းမွာေတာ့ အသင္းေဖာ္ေတြအျဖစ္ရွိေနခဲ့ေပမယ့္ အရမ္းတိုေတာင္းလြန္းတဲ့ အခ်ိန္ေတြပါ။ သူနဲ႔တြဲဖက္ကစားရဖို႔ အိပ္မက္က အၿမဲတမ္းရွိေနခဲ့ပါတယ္။” “ဒါေပမယ့္လည္း ကြၽန္ေတာ့္စာခ်ဳပ္က ကုန္ဆုံးေတာ့မွာပါ။ ဘယ္လိုျဖစ္လာမလဲဆိုတာ ကြၽန္ေတာ္မသိဘူး။ ဒါေပမယ့္ ဒီအသင္းကို ကြၽန္ေတာ္ခ်စ္ျမတ္ႏိုးၿပီး ဒီမွာလည္းေပ်ာ္႐ႊင္မိပါတယ္။ ေရာ္နယ္ဒို၊ ေနမာ၊ ဘတ္ပီတို႔နဲ႔ ကြၽန္ေတာ္တြဲဖက္ကစားခြင့္ရခဲ့ၿပီးပါၿပီ။ လီယိုနဲ႔လည္းကစားခ်င္ပါေသးတယ္။”

“ကြၽန္ေတာ့္ မိန္းမက လီယိုသာ ဒီကို လာမယ္ဆိုရင္ ကြၽန္ေတာ္ အကင္ကင္ေနရတယ္ဆိုရင္ေတာင္မွ ဒီမွာ ဆက္ေနရမယ္လို႔ ေျပာထားပါတယ္” ဆိုၿပီး ဒီမာရီယာက သူ႔ရဲ႕ဆႏၵကို ထုတ္ေဖာ္ေျပာဆိုခဲ့တာလည္းျဖစ္ပါတယ္။ လက္ရွိမွာ မက္ဆီက ဘာစီလိုနာနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္ၿပီး ပီအက္စ္ဂ်ီကို ေျပာင္းေ႐ႊ႕ႏိုင္တယ္လို႔ သတင္းေတြထြက္ထားပါတယ္။ မက္ဆီအေနနဲ႔ ပီအက္စ္ဂ်ီကိုေျပာင္းေ႐ႊ႕မယ္ဆိုရင္ေတာ့ ပိုခ်က္တီႏို၊ ဒီမာရီယာ၊ ပါရီဒက္စ္တို႔လို အာဂ်င္တီးနားသားေတြအျပင္ သူနဲ႔ရင္းႏွီးတဲ့ ဘာကာအသင္းေဖာ္ေဟာင္းေနမာနဲ႔ လည္းျပန္လည္ဆုံဆည္းရမွာျဖစ္ပါတယ္။ဒါ​ေပမယ့္ မန္စီးတီးကလည္း မက္ဆီ ေရာက္ရွိဖို႔ ေရပန္းစားေနတဲ့ အသင္းျဖစ္ပါတယ္။