မက်ဆီနဲ့စီရော်နယ်ဒိုတို့မရဖူးသေးတဲ့ ရွှေခြေထောက်ဆုကို မိုဒရစ်ဆွတ်ခူး

photo-hns

photo-givemsport

ဘောလုံးလောကရဲ့ဂုဏ်သိက္ခာကြီးမြင့်တဲ့ တစ်ဦးချင်းဆုတွေထဲက တစ်ခုဖြစ်တဲ့ ၂၀၁၉ ရဲ့ ရွှေခြေထောက်ဆုကို ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူလူကာမိုဒရစ် ဆွတ်ခူးသွားပါတယ်။ ရွှေခြေထောက်(Golden Foot)ဆုဆိုတာ အားကစားရေးရာမှာရော ပုဂ္ဂိုလ်ရေးရာမှာပါ ထူးချွန်တဲ့ကစားသမားတွေကို ရွေးချယ်ချီးမြှင့်တာဖြစ်ပြီး ဒီနေရာမှာ လက်ရှိကစားနေသူတွေထဲက အသက် ၂၉ နှစ်နဲ့အထက် ကစားသမားတွေကို ပေးအပ်တာပါ။ အရင်က ဒီဆုကို ရရှိဖူးတဲ့နာမည်ကြီးတွေထဲမှာ ရော်နယ်ဒို၊ရော်နယ်ဒင်ဟို၊တော့တီ၊မိုဗစ်၊ရွိုင်ယန်ဂစ်နဲ့အင်နီယေစတာတို့လိုသူတွေ ပါဝင်ပါတယ်။

photo-hns

ရွှေခြေထောက်ဆုကို ၂၀၀၃ ခုနှစ်ကတည်းက မိုနာကိုမှာ ပေးအပ်ချီးမြှင့်လာခဲ့တာဖြစ်လို့ ဒီနှစ်နဲ့ဆို ၁၇ ကြိမ်မြောက်ဖြစ်ပြီး ဒါကြောင့်မို့လည်း မိုဒရစ်ဟာ အဲဒီဆုကိုရတဲ့ ၁၇ ယောက်မြောက်ကစားသမားဖြစ်လာပါတယ်။ တခြားဆုတွေနဲ့မတူတာက ကစားသမားတစ်ယောက်ဟာ ရွှေခြေထောက်ဆုကို တစ်ကြိမ်သာဆွတ်ခူးနိုင်တာပါပဲ။ လက်ရှိကမ္ဘာ့အကောင်းဆုံးတွေဖြစ်ကြတဲ့ မက်ဆီနဲ့စီရော်နယ်ဒိုတို့တောင် အဲဒီဆုကို မရဖူးသေးပါဘူး။

photo-marca

မိုဒရစ်မတိုင်ခင် အဲဒီဆုကို နောက်ဆုံးရခဲ့သူက ပြီးခဲ့တဲ့နှစ်က ပီအက်စ်ဂျီတိုက်စစ်မှုးကာဗာနီဖြစ်ပါတယ်။ မိုဒရစ်ဟာ ဒီနှစ်ထဲမှာ တစ်ဦးချင်းရော အသင်းလိုက်အရပါ ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမဲ့လည်း သူ့ရဲ့ဆုဖလားမှတ်တမ်းထဲမှာ ဂုဏ်သိက္ခာကြီးမြင့်တဲ့ နောက်ထပ်တစ်ဦးချင်းဆုတစ်ခု ထပ်မံရောက်ရှိလာပါတယ်။

[Zawgyi]

မက္ဆီနဲ႔စီေရာ္နယ္ဒိုတို႔မရဖူးေသးတဲ့ ေရႊေျခေထာက္ဆုကို မုိဒရစ္ဆြတ္ခူး

ေဘာလုံးေလာကရဲ႕ဂုဏ္သိကၡာႀကီးျမင့္တဲ့ တစ္ဦးခ်င္းဆုေတြထဲက တစ္ခုျဖစ္တဲ့ ၂၀၁၉ ရဲ႕ ေရႊေျခေထာက္ဆုကို ရီးရဲလ္မက္ဒရစ္ကြင္းလယ္လူလူကာမိုဒရစ္ ဆြတ္ခူးသြားပါတယ္။ ေရႊေျခေထာက္(Golden Foot)ဆုဆိုတာ အားကစားေရးရာမွာေရာ ပုဂၢိဳလ္ေရးရာမွာပါ ထူးခၽြန္တဲ့ကစားသမားေတြကို ေရြးခ်ယ္ခ်ီးျမွင့္တာျဖစ္ၿပီး ဒီေနရာမွာ လက္ရွိကစားေနသူေတြထဲက အသက္ ၂၉ ႏွစ္နဲ႔အထက္ ကစားသမားေတြကို ေပးအပ္တာပါ။ အရင္က ဒီဆုကို ရရွိဖူးတဲ့နာမည္ႀကီးေတြထဲမွာ ေရာ္နယ္ဒို၊ေရာ္နယ္ဒင္ဟုိ၊ေတာ့တီ၊မိုဗစ္၊ရြိဳင္ယန္ဂစ္နဲ႔အင္နီေယစတာတို႔လိုသူေတြ ပါ၀င္ပါတယ္။

ေရႊေျခေထာက္ဆုကို ၂၀၀၃ ခုႏွစ္ကတည္းက မိုနာကိုမွာ ေပးအပ္ခ်ီးျမွင့္လာခဲ့တာျဖစ္လို႔ ဒီႏွစ္နဲ႔ဆုိ ၁၇ ႀကိမ္ေျမာက္ျဖစ္ၿပီး ဒါေၾကာင့္မို႔လည္း မုိဒရစ္ဟာ အဲဒီဆုကိုရတဲ့ ၁၇ ေယာက္ေျမာက္ကစားသမားျဖစ္လာပါတယ္။ တျခားဆုေတြနဲ႔မတူတာက ကစားသမားတစ္ေယာက္ဟာ ေရႊေျခေထာက္ဆုကို တစ္ႀကိမ္သာဆြတ္ခူးႏိုင္တာပါပဲ။ လက္ရွိကမာၻ႔အေကာင္းဆုံးေတြျဖစ္ၾကတဲ့ မက္ဆီနဲ႔စီေရာ္နယ္ဒိုတို႔ေတာင္ အဲဒီဆုကို မရဖူးေသးပါဘူး။

မိုဒရစ္မတိုင္ခင္ အဲဒီဆုကို ေနာက္ဆုံးရခဲ့သူက ၿပီးခဲ့တဲ့ႏွစ္က ပီအက္စ္ဂ်ီတုိက္စစ္မႈးကာဗာနီျဖစ္ပါတယ္။ မိုဒရစ္ဟာ ဒီႏွစ္ထဲမွာ တစ္ဦးခ်င္းေရာ အသင္းလိုက္အရပါ ရုန္းကန္ခဲ့ရပါတယ္။ ဒါေပမဲ့လည္း သူ႔ရဲ႕ဆုဖလားမွတ္တမ္းထဲမွာ ဂုဏ္သိကၡာႀကီးျမင့္တဲ့ ေနာက္ထပ္တစ္ဦးခ်င္းဆုတစ္ခု ထပ္မံေရာက္ရွိလာပါတယ္။