ဘာစီလိုနာနဲ့ ချန်ပီယံလိဂ်ဒုတိယအကျော့ပွဲကို ထပ်ပြီးလွဲချော်မယ့် နေမာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

PSG အသင်းရဲ့ ဘရာဇီးလ်နာမည်ကျော်တိုက်စစ်မှူးနေမာဟာ ဒီညမှာ အသင်းဟောင်း ဘာစီလိုနာနဲ့ကစားမယ့် ချန်ပီယံလိဂ်ရှုံးထွက်(၁၆)သင်းအဆင့် ဒုတိယအကျော့ပွဲကို ဒဏ်ရာကြောင့် ထပ်မံလွဲချော်ဦးမှာဖြစ်ပါတယ်။ နေမာဟာ ပေါင်ကြွက်သားဒဏ်ရာကြောင့် ပြီးခဲ့တဲ့လတုန်းက နူးကမ့်မှာ ဘာစီလိုနာအသင်းကို (၄-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲကိုလည်း လွဲချော်ခဲ့သူပါ။

ပြီးခဲ့တဲ့တစ်ပတ်က PSG အသင်းရဲ့ လေ့ကျင့်ခန်းအစီအစဉ်မှာ နေမာ ပြန်လည်ပါဝင်ခဲ့တာကြောင့် ဘာစီလိုနာနဲ့ ကစားမယ့်ဒုတိယအကျော့ပွဲမှာ အရန်ကစားသမားအဖြစ် ပါဝင်နိုင်ဖို့ရှိတယ်လို့ ယူဆခဲ့ပေမယ့် PSG အသင်းက နေမာကို အရဲစွန့်အသုံးပြုသွားမှာမဟုတ်ဘဲ ရာနှုန်းပြည့်ကြံ့ခိုင်မှုရှိလာအောင် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။

နေမာရဲ့ဒဏ်ရာအနေအထားနဲ့ပတ်သက်ပြီး PSG အသင်းက “ပြီးခဲ့တဲ့တစ်ပတ်က နေမာဟာ အသင်းလေ့ကျင့်ခန်းအစီအစဉ်တချို့မှာ ပါဝင်လေ့ကျင့်ခဲ့ပြီး ရာနှုန်းပြည့်ကြံ့ခိုင်မှုရှိလာစေဖို့အတွက် ဆက်လက်လေ့ကျင့်သွားမှာပါ။ သူ့ဒဏ်ရာနဲ့ပတ်သက်တဲ့ Update သတင်းကို မကြာခင်ရက်ပိုင်းအတွင်းထုတ်ပြန်သွားမှာဖြစ်ပါတယ်”လို့ ကြေညာခဲ့ပါတယ်။

နေမာဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ(၁၀)ရက်တုန်းက ပြင်သစ်ဖလားပွဲစဉ်အဖြစ် ကိန်းအသင်းနဲ့ကစားခဲ့တဲ့ပွဲမှာ ပေါင်ကြွက်သားဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ဘာစီလိုနာနဲ့ချန်ပီယံလိဂ်ပထမအကျော့အပါအဝင် အသင်းရဲ့နောက်ဆုံးပွဲစဉ်(၆)ပွဲမှာ ပါဝင်ကစားနိုင်ခြင်း မရှိခဲ့ပါဘူး။

အသင်းဟောင်း ဘာစီလိုနာရဲ့နူးကမ့်ကွင်းကို တစ်ကျော့ပြန်ခြေချခွင့်နဲ့ နေမာလွဲချော်ခဲ့ပေမယ့်လည်း PSG အသင်းဟာ ဘာပေရဲ့ခြေစွမ်းပြဟက်ထရစ်သွင်းယူမှုနဲ့အတူ အဝေးကွင်းမှာ (၄-၁)ဂိုးနဲ့ဂိုးပြတ်နိုင်ပွဲရယူခဲ့ပါတယ်။

ဘာစီလိုနာနဲ့ ချန်ပီယံလိဂ်ဒုတိယအကျော့ပွဲကို နေမာအပြင် ပထမအကျော့တုန်းက ဂိုးသွင်းခဲ့တဲ့ တိုက်စစ်ကစားသမား မွိုက်စ်ကိန်းဟာ ကိုဗစ်ရောဂါကူးစက်ခံနေရတာကြောင့် လွဲချော်မှာဖြစ်ပြီး ဒူးအရွတ်ဒဏ်ရာရနေတဲ့ ဘယ်နောက်ခံလူ ဟွမ်ဘားနက်၊ အရန်ဂိုးသမားဆာဂျီယိုရီကိုက ပုဂ္ဂိုလ်ရေးကိစ္စတွေကြောင့် ဘာစီလိုနာနဲ့ပွဲကို လွဲချော်မှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဘာစီလိုနာနဲ႔ ခ်န္ပီယံလိဂ္ဒုတိယအေက်ာ့ပြဲကို ထပ္ၿပီးလြဲေခ်ာ္မယ့္ ေနမာ

PSG အသင္းရဲ႕ ဘရာဇီးလ္နာမည္ေက်ာ္တိုက္စစ္မႉးေနမာဟာ ဒီညမွာ အသင္းေဟာင္း ဘာစီလိုနာနဲ႔ကစားမယ့္ ခ်န္ပီယံလိဂ္ရႈံးထြက္(၁၆)သင္းအဆင့္ ဒုတိယအေက်ာ့ပြဲကို ဒဏ္ရာေၾကာင့္ ထပ္မံလြဲေခ်ာ္ဦးမွာျဖစ္ပါတယ္။ ေနမာဟာ ေပါင္ႂကြက္သားဒဏ္ရာေၾကာင့္ ၿပီးခဲ့တဲ့လတုန္းက ႏူးကမ့္မွာ ဘာစီလိုနာအသင္းကို (၄-၁)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲကိုလည္း လြဲေခ်ာ္ခဲ့သူပါ။ ၿပီးခဲ့တဲ့တစ္ပတ္က PSG အသင္းရဲ႕ ေလ့က်င့္ခန္းအစီအစဥ္မွာ ေနမာ ျပန္လည္ပါဝင္ခဲ့တာေၾကာင့္ ဘာစီလိုနာနဲ႔ ကစားမယ့္ဒုတိယအေက်ာ့ပြဲမွာ အရန္ကစားသမားအျဖစ္ ပါဝင္ႏိုင္ဖို႔ရွိတယ္လို႔ ယူဆခဲ့ေပမယ့္ PSG အသင္းက ေနမာကို အရဲစြန႔္အသုံးျပဳသြားမွာမဟုတ္ဘဲ ရာႏႈန္းျပည့္ႀကံ့ခိုင္မႈရွိလာေအာင္ ေဆာင္႐ြက္သြားမွာျဖစ္တယ္လို႔ အတည္ျပဳခဲ့ပါတယ္။

ေနမာရဲ႕ဒဏ္ရာအေနအထားနဲ႔ပတ္သက္ၿပီး PSG အသင္းက “ၿပီးခဲ့တဲ့တစ္ပတ္က ေနမာဟာ အသင္းေလ့က်င့္ခန္းအစီအစဥ္တခ်ိဳ႕မွာ ပါဝင္ေလ့က်င့္ခဲ့ၿပီး ရာႏႈန္းျပည့္ႀကံ့ခိုင္မႈရွိလာေစဖို႔အတြက္ ဆက္လက္ေလ့က်င့္သြားမွာပါ။ သူ႔ဒဏ္ရာနဲ႔ပတ္သက္တဲ့ Update သတင္းကို မၾကာခင္ရက္ပိုင္းအတြင္းထုတ္ျပန္သြားမွာျဖစ္ပါတယ္”လို႔ ေၾကညာခဲ့ပါတယ္။ ေနမာဟာ ၿပီးခဲ့တဲ့ေဖေဖာ္ဝါရီလ(၁၀)ရက္တုန္းက ျပင္သစ္ဖလားပြဲစဥ္အျဖစ္ ကိန္းအသင္းနဲ႔ကစားခဲ့တဲ့ပြဲမွာ ေပါင္ႂကြက္သားဒဏ္ရာရရွိခဲ့တာျဖစ္ၿပီး ဘာစီလိုနာနဲ႔ခ်န္ပီယံလိဂ္ပထမအေက်ာ့အပါအဝင္ အသင္းရဲ႕ေနာက္ဆုံးပြဲစဥ္(၆)ပြဲမွာ ပါဝင္ကစားႏိုင္ျခင္း မရွိခဲ့ပါဘူး။ အသင္းေဟာင္း ဘာစီလိုနာရဲ႕ႏူးကမ့္ကြင္းကို တစ္ေက်ာ့ျပန္ေျခခ်ခြင့္နဲ႔ ေနမာလြဲေခ်ာ္ခဲ့ေပမယ့္လည္း PSG အသင္းဟာ ဘာေပရဲ႕ေျခစြမ္းျပဟက္ထရစ္သြင္းယူမႈနဲ႔အတူ အေဝးကြင္းမွာ (၄-၁)ဂိုးနဲ႔ဂိုးျပတ္ႏိုင္ပြဲရယူခဲ့ပါတယ္။

ဘာစီလိုနာနဲ႔ ခ်န္ပီယံလိဂ္ဒုတိယအေက်ာ့ပြဲကို ေနမာအျပင္ ပထမအေက်ာ့တုန္းက ဂိုးသြင္းခဲ့တဲ့ တိုက္စစ္ကစားသမား မြိဳက္စ္ကိန္းဟာ ကိုဗစ္ေရာဂါကူးစက္ခံေနရတာေၾကာင့္ လြဲေခ်ာ္မွာျဖစ္ၿပီး ဒူးအ႐ြတ္ဒဏ္ရာရေနတဲ့ ဘယ္ေနာက္ခံလူ ဟြမ္ဘားနက္၊ အရန္ဂိုးသမားဆာဂ်ီယိုရီကိုက ပုဂၢိဳလ္ေရးကိစၥေတြေၾကာင့္ ဘာစီလိုနာနဲ႔ပြဲကို လြဲေခ်ာ္မွာျဖစ္ပါတယ္။