ဘာစီလိုနာနဲ့တွေ့ဆုံမှုမတိုင်ခင် မက်ဆီရဲ့ဖရီးကစ်တွေကို စိုးရိမ်နေတဲ့ လီဂါနက်စ်နည်းပြ

photo-gettyimages

photo-gettyimages

မက္ကဆီကိုနည်းပြဟောင်းဖြစ်တဲ့ ဂျာဗီးယားအဂူရီဟာ အခုနိုဝင်ဘာလအစကမှ လီဂါနက်စ်နည်းပြအဖြစ် ပယ်လီဂရီနိုနေရာ အစားဝင်ခဲ့တာပါ။ သူ့ရဲ့လာလီဂါပွဲထွက်မှာလည်း ဒီရာသီခြေစွာနေပါတယ်ဆိုတဲ့ဆိုစီဒက်ကို ၁-၁ သရေကစားနိုင်ခဲ့တာကြောင့် မဆိုးဘူးလို့ ဆိုရမယ်။ ဒါပေမဲ့ နိုင်ငံတကာကြားဖြတ်အပြီးမှာတော့ အဂူရီအတွက် ပိုခက်ခဲမယ့်စိန်ခေါ်မှုက စောင့်ကြိုနေပါတယ်။

photo-social media

အဲဒါကတော့ အမှတ်ပေးဇယားဦးဆောင်သူဖြစ်တဲ့ လက်ရှိချန်ပီယံဘာစီလိုနာကို အိမ်ကွင်းမှာ ဧည့်ခံကစားရဖို့ ရှိနေတာပါပဲ။ မက်ဆီကို ရင်ဆိုင်ရမယ်လို့ဆိုရင် ပိုမှန်ပါလိ့မ်မယ်။ လီဂါနက်စ်ဟာ လက်ရှိလာလီဂါအမှတ်ပေးဇယားမှာ  အောက်ခြေနေရာရောက်နေတဲ့အသင်းပါ။ ဒီလိုအချိန်မှာ မက်ဆီတို့ကိုဧည့်ခံရတာဖြစ်လို့ အဆိုးဆုံးကိုပဲ မျှော်လင့်ထားရမှာပါ။ မက်ဆီဟာ ဒီရာသီမှာ ဖရီးကစ် ၄ ဂိုးသွင်းထားပြီး အဲဒီထဲမှာ ဆယ်တာဗီဂိုနဲ့နောက်ဆုံးကစားခဲ့တဲ့ပွဲက ဖရီးကစ် ၂ ဂိုးလည်း ပါဝင်ပါတယ်။

photo-gettyimages

ဒီအတွက်လည်း အဂူရီက ”မက်ဆီအတွက်ကတော့ ဖရီးကစ်ဆိုတာ ပင်နယ်တီပါပဲ။ အဲဒီလိုဖြစ်အောင် သူလုပ်ခဲ့တာဟာ မယုံကြည်နိုင်လောက်အောင်ပါပဲ”လို့ ဆိုခဲ့တာပါ။ ဘာစီလိုနာရဲ့တည်ကန်ဘောတွေကို လူတန်းမကာဘဲနဲ့ ကာကွယ်မယ်ဆိုရင် ဘယ်လိုလဲလို့မေးမြန်းတော့ အဂူရီက”အဲဒါကို ကျွန်တော့်ရဲ့နည်းပြအဖွဲ့ဝင်တစ်ယောက်က အကြံပေးပါတယ်။ မက်ဆီကိုသာ ပင်နယ်တီဧရိယာအပြင်ဘက်မှာ ဂိုးသမားတစ်ယောက်တည်းနဲ့ဖရီးကစ်ကန်ခိုင်းမယ်ဆိုရင် ၁၀ လုံးပေးရင် ၁၁ လုံးဝင်မှာဗျ”လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

[Zawgyi]

ဘာစီလိုနာနဲ႔ေတြ႕ဆုံမႈမတိုင္ခင္ မက္ဆီရဲ႕ဖရီးကစ္ေတြကို စုိးရိမ္ေနတဲ့ လီဂါနက္စ္နည္းျပ

မကၠဆီကိုနည္းျပေဟာင္းျဖစ္တဲ့ ဂ်ာဗီးယားအဂူရီဟာ အခုႏို၀င္ဘာလအစကမွ လီဂါနက္စ္နည္းျပအျဖစ္ ပယ္လီဂရီႏိုေနရာ အစား၀င္ခဲ့တာပါ။ သူ႔ရဲ႕လာလီဂါပြဲထြက္မွာလညး္ ဒီရာသီေျခစြာေနပါတယ္ဆုိတဲ့ဆုိစီဒက္ကို ၁-၁ သေရကစားႏိုင္ခဲ့တာေၾကာင့္ မဆုိးဘူးလို႔ ဆိုရမယ္။ ဒါေပမဲ့ ႏုိင္ငံတကာၾကားျဖတ္အၿပီးမွာေတာ့ အဂူရီအတြက္ ပိုခက္ခဲမယ့္စိန္ေခၚမႈက ေစာင့္ႀကိဳေနပါတယ္။

အဲဒါကေတာ့ အမွတ္ေပးဇယားဦးေဆာင္သူျဖစ္တဲ့ လက္ရွိခ်န္ပီယံဘာစီလိုနာကို အိမ္ကြင္းမွာ ဧည့္ခံကစားရဖို႔ ရွိေနတာပါပဲ။ မက္ဆီကုိ ရင္ဆိုင္ရမယ္လုိ႔ဆိုရင္ ပိုမွန္ပါလိ့မ္မယ္။ လီဂါနက္စ္ဟာ လက္ရွိလာလီဂါအမွတ္ေပးဇယားမွာ  ေအာက္ေျခေနရာေရာက္ေနတဲ့အသင္းပါ။ ဒီလုိအခ်ိန္မွာ မက္ဆီတို႔ကိုဧည့္ခံရတာျဖစ္လို႔ အဆိုးဆုံးကုိပဲ ေမွ်ာ္လင့္ထားရမွာပါ။ မက္ဆီဟာ ဒီရာသီမွာ ဖရီးကစ္ ၄ ဂိုးသြင္းထားၿပီး အဲဒီထဲမွာ ဆယ္တာဗီဂိုနဲ႔ေနာက္ဆုံးကစားခဲ့တဲ့ပြဲက ဖရီးကစ္ ၂ ဂိုးလညး္ ပါ၀င္ပါတယ္။

ဒီအတြက္လည္း အဂူရီက ”မက္ဆီအတြက္ကေတာ့ ဖရီးကစ္ဆိုတာ ပင္နယ္တီပါပဲ။ အဲဒီလုိျဖစ္ေအာင္ သူလုပ္ခဲ့တာဟာ မယုံၾကည္ႏိုင္ေလာက္ေအာင္ပါပဲ”လို႔ ဆုိခဲ့တာပါ။ ဘာစီလိုနာရဲ႕တည္ကန္ေဘာေတြကို လူတန္းမကာဘဲနဲ႔ ကာကြယ္မယ္ဆိုရင္ ဘယ္လုိလဲလို႔ေမးျမန္းေတာ့ အဂူရီက”အဲဒါကို ကၽြန္ေတာ့္ရဲ႕နည္းျပအဖြဲ႔၀င္တစ္ေယာက္က အႀကံေပးပါတယ္။ မက္ဆီကိုသာ ပင္နယ္တီဧရိယာအျပင္ဘက္မွာ ဂိုးသမားတစ္ေယာက္တည္းနဲ႔ဖရီးကစ္ကန္ခိုင္းမယ္ဆိုရင္ ၁၀ လုံးေပးရင္ ၁၁ လုံး၀င္မွာဗ်”လို႔ ျပန္လည္ေျဖၾကားခဲ့ပါတယ္။