မန်စီးတီးပရိသတ်တစ်ဦးဟာကီဗင်ဒီဘရိုင်းရဲ့မွေးရပ်မြေ မြို့ကလပ်မှပရိသတ်များရဲ့တိုက်ခိုက်မှုကြောင့်ဆေးရုံတွင်အသက်လုတိုက်ပွဲဝင်နေရကြောင်းသိရပါတယ်။
အသက်၆၃နှစ်ရှိဘယ်လ်ဂျီယံမှမန်စီးတီးပရိသတ်ဟာဘယ်လ်ဂျီယံဒရွန်ဂန်ရှိ ဓာတ်ဆီဆိုင်တစ်ဆိုင်တွင် တိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။
သူဟာမန်စီးတီးကဘရုဂျက်အား၅-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲကိုကြည့်ရှုပြီးနောက်အိမ်အပြန်တွင်တိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။
ဂူဒိုအမည်ရှိမန်စီးတီးပရိသတ်ဟာ E40 လမ်းမဘေးရှိကားပါကင်တွင်ကားရပ်နားစဉ်ဘရုဂျက်ပရိသတ်တစ်စုသူ့ဆီရောက်လာပြီးနောက်သူ့လည်ပင်းမှ မန်စီးတီးလည်စည်းကိုလုယူခြင်းခံရပါတယ်။
ယင်းနောက်ဘရုဂျက်ပရိသတ်များဟာယင်းလည်စင်းဖြင့် မန်စီးတီးပရိသတ်ရဲ့လည်ပင်းကိုညှစ်ခဲ့တာလည်းဖြစ်ပါတယ်။
သူဟာဘယ်လ်ဂျီယံရှိမန်စီးတီးရဲ့တရားဝင်အမာခံပရိသတ်အဖွဲ့ (Bluemoon Belgium)ပူးတွဲဥက္ကဌဖြစ်ပြီးသူကိုယ်တိုင်မှာလည်းအဖွဲ့ဝင်တစ်ဦးဖြစ်ပါတယ်။
zawgyi
ဘရုဂျက်ပရိသတ်တွေရဲ့ တိုက်ခိုက်မှုကို ခံရပြီးနောက် မန်စီးတီးအမာခံပရိသတ် အသက်လုနေရ