ဖာနန်ဒက်စ်အတွက် ပြောင်းရွှေ့ကြေးတိုးမြှင့်ကမ်းလှမ်းလိုက်ပြီဖြစ်တဲ့ ယူနိုက်တက်

Photo Credit
Photo Credit
ပေါ်တူဂီမှာ ထွက်ပေါ်နေတဲ့သတင်းတွေရဲ့ဖော်ပြချက်အရ ယူနိုက်တက်ဟာ စပို့တင်းလစ္စဘွန်းကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ယူနိုင်ရေးအတွက် ပြောင်းရွှေ့ကြေးကို တိုးမြှင့်ကမ်းလှမ်းလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။
Photo Credit
ယူနိုက်တက်ဟာ ပေါ်တူဂီလက်ရွေးစင် ဖာနန်ဒက်စ်ရဲ့အပြောင်းအရွှေ့အတွက် လွန်ခဲ့တဲ့ ၂ပတ်က လန်ဒန်မှာ စပို့တင်းအသင်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပေမယ့် ဖာနန်ဒက်စ်ရဲ့ပြောင်းရွှေ့ကြေးနဲ့ပတ်သက်လို့ ညှိနှိုင်းမှု အဆင်မပြေဖြစ်ခဲ့ရပါတယ်။
Photo Credit
ယူနိုက်တက်ဟာ ဖာနန်ဒက်စ်အတွက် ပထမဆုံးအကြိမ် ကမ်းလှမ်းမှု ပယ်ချခံခဲ့ရပြီးနောက် ယခုအခါ ပြောင်းရွှေ့ကြေးတိုးမြှင့်ကာ ထပ်မံကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်အသင်းရဲ့ကနဦးကမ်းလှမ်းမှုနဲ့ပတ်သက်လို့ သတင်းတွေ မျိုးစုံထွက်ပေါ်နေပေမယ့် ပေါ်တူဂီသတင်းစာ O Jogo ကတော့ ကနဦးပြောင်းရွှေ့ကြေး ပေါင် ၃၈သန်း၊ အပိုဆုကြေး ပေါင် ၁၂.၇သန်းတို့နဲ့ကမ်းလှမ်းခဲ့တာဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။
Photo Credit
ယခုတစ်ပတ်အစောပိုင်းက အဲဒီသတင်းစာကပဲ ယူနိုက်တက်ဟာ ဖာနန်ဒက်စ်ရဲ့အေးဂျင့်ဖြစ်သူ မီဂွယ်ပင်ညိုနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ပြောင်းရွှေ့ကြေးကို ပေါင် ၄၂သန်းအထိ တိုးမြှင့်လိုက်ကြောင်း သိရပါတယ်။ ဒါပေမဲ့ O Jogo သတင်းစာကပဲ ယူနိုက်တက်ဟာ အခုနောက်ဆုံး ဖာနန်ဒက်စ်အတွက် ပြောင်းရွှေ့ကြေးကို ထပ်မံတိုးမြှင့်ခဲ့ပြီး ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၄၆သန်းနဲ့ အပိုဆုကြေး ပေါင် ၁၂.၇သန်းတို့ဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။
Photo Credit
စပို့တင်းလစ္စဘွန်းအသင်းဥက္ကဋ္ဌ ဗာရန်ဒက်စ်က ကနဦးပြောင်းရွှေ့ကြေးကို ပေါင် ၅၀.၆သန်း အထိ လိုချင်နေဆဲဖြစ်ပေမယ့် လက်ရှိပုံစံအတိုင်းဆိုရင် ဆွေးနွေးမှုတွေ ပြန်လည်ဖြစ်ပေါ်လာနိုင်ပါတယ်။ နောက်ပြီး ယူနိုက်တက်၊ စပို့တင်းနဲ့ ဖာနန်ဒက်စ်တို့အားလုံးကလည်း ဈေးကွက်ပိတ်မယ့် သောကြာနေ့မတိုင်ခင် အပြောင်းအရွှေ့ဖြစ်မြောက်လာလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

Photo Credit

ဖာနန်ဒက်စ်ဟာ ငယ်ရွယ်စဉ်ကတည်းက ပရီးမီးယားလိဂ်မှာ ကစားခွင့်ရဖို့ အိပ်မက်မက်ခဲ့တာဖြစ်ပြီး ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပါတယ်။ သူဟာ ဒီရာသီမှာ အသင်းအတွက် ပြိုင်ပွဲစုံ ၁၅ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁၄ကြိမ်ပြုလုပ်ပေးထားနိုင်ပါတယ်။

Photo Credit

Zawgyi

ဖာနန္ဒက္စ္အတြက္ ေျပာင္းေရႊ႕ေၾကးတုိးျမႇင့္ကမ္းလွမ္းလုိက္ၿပီျဖစ္တဲ့ ယူႏိုက္တက္

ေပၚတူဂီမွာ ထြက္ေပၚေနတဲ့သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ယူႏုိက္တက္ဟာ စပို႔တင္းလစၥဘြန္းကြင္းလယ္လူ ဘ႐ူႏိုဖာနန္ဒက္စ္ကို ေခၚယူႏုိင္ေရးအတြက္ ေျပာင္းေရႊ႕ေၾကးကို တုိးျမႇင့္ကမ္းလွမ္းလုိက္ၿပီျဖစ္ေၾကာင္း သိရပါတယ္။
ယူႏုိက္တက္ဟာ ေပၚတူဂီလက္ေရြးစင္ ဖာနန္ဒက္စ္ရဲ႕အေျပာင္းအေရႊ႕အတြက္ လြန္ခဲ့တဲ့ ၂ပတ္က လန္ဒန္မွာ စပို႔တင္းအသင္းတာ၀န္ရွိသူေတြနဲ႔ ေတြ႕ဆုံေဆြးေႏြးခဲ့ေပမယ့္ ဖာနန္ဒက္စ္ရဲ႕ေျပာင္းေရႊ႕ေၾကးနဲ႔ပတ္သက္လုိ႔ ညႇိႏိႈင္းမႈ အဆင္မေျပျဖစ္ခဲ့ရပါတယ္။
ယူႏိုက္တက္ဟာ ဖာနန္ဒက္စ္အတြက္ ပထမဆုံးအႀကိမ္ ကမ္းလွမ္းမႈ ပယ္ခ်ခံခဲ့ရၿပီးေနာက္ ယခုအခါ ေျပာင္းေရႊ႕ေၾကးတုိးျမႇင့္ကာ ထပ္မံကမ္းလွမ္းခဲ့တာျဖစ္ပါတယ္။ ယူႏုိက္တက္အသင္းရဲ႕ကနဦးကမ္းလွမ္းမႈနဲ႔ပတ္သက္လုိ႔ သတင္းေတြ မ်ိဳးစုံထြက္ေပၚေနေပမယ့္ ေပၚတူဂီသတင္းစာ O Jogo ကေတာ့ ကနဦးေျပာင္းေရႊ႕ေၾကး ေပါင္ ၃၈သန္း၊ အပိုဆုေၾကး ေပါင္ ၁၂.၇သန္းတုိ႔နဲ႔ကမ္းလွမ္းခဲ့တာျဖစ္ေၾကာင္း ေဖာ္ျပခဲ့ပါတယ္။
ယခုတစ္ပတ္အေစာပိုင္းက အဲဒီသတင္းစာကပဲ ယူႏိုက္တက္ဟာ ဖာနန္ဒက္စ္ရဲ႕ေအးဂ်င့္ျဖစ္သူ မီဂြယ္ပင္ညိဳနဲ႔ ေတြ႕ဆုံေဆြးေႏြးခဲ့ၿပီးေနာက္ ေျပာင္းေရႊ႕ေၾကးကို ေပါင္ ၄၂သန္းအထိ တုိးျမႇင့္လုိက္ေၾကာင္း သိရပါတယ္။ ဒါေပမ့ဲ O Jogo သတင္းစာကပဲ ယူႏိုက္တက္ဟာ အခုေနာက္ဆုံး ဖာနန္ဒက္စ္အတြက္ ေျပာငး္ေရႊ႕ေၾကးကို ထပ္မံတိုးျမႇင့္ခဲ့ၿပီး ကနဦး ေျပာင္းေရႊ႕ေၾကး ေပါင္ ၄၆သန္းနဲ႔ အပိုဆုေၾကး ေပါင္ ၁၂.၇သန္းတုိ႔ျဖစ္ေၾကာင္း ေဖာ္ျပခဲ့ပါတယ္။
စပုိ႔တင္းလစၥဘြန္းအသင္းဥကၠ႒ ဗာရန္ဒက္စ္က ကနဦးေျပာင္းေရႊ႕ေၾကးကို ေပါင္ ၅၀.၆သန္း အထိ လိုခ်င္ေနဆဲျဖစ္ေပမယ့္ လက္ရွိပုံစံအတုိင္းဆုိရင္ ေဆြးေႏြးမႈေတြ ျပန္လည္ျဖစ္ေပၚလာႏိုင္ပါတယ္။ ေနာက္ၿပီး ယူႏုိက္တက္၊ စပို႔တင္းနဲ႔ ဖာနန္ဒက္စ္တုိ႔အားလုံးကလည္း ေစ်းကြက္ပိတ္မယ့္ ေသာၾကာေန႔မတိုင္ခင္ အေျပာင္းအေရႊ႕ျဖစ္ေျမာက္လာလိမ့္မယ္လုိ႔ ယုံၾကည္ေနပါတယ္။
ဖာနန္ဒက္စ္ဟာ ငယ္ရြယ္စဥ္ကတည္းက ပရီးမီးယားလိဂ္မွာ ကစားခြင့္ရဖို႔ အိပ္မက္မက္ခဲ့တာျဖစ္ၿပီး ယူႏုိက္တက္ကို ေျပာင္းေရႊ႕ဖုိ႔ စိတ္အားထက္သန္ေနပါတယ္။ သူဟာ ဒီရာသီမွာ အသင္းအတြက္ ၿပိဳင္ပြဲစုံ ၁၅ဂိုးသြင္းယူကာ ဂိုးဖန္တီးမႈ ၁၄ႀကိမ္ျပဳလုပ္ေပးထားႏုိင္ပါတယ္။