ပွဲ ၁၀၀၀ ပြည့် နိုင်ပွဲအတွက် ပြေးလွှားအောင်ပွဲခံခဲ့တဲ့ မော်ရင်ဟို

Viber No => 09 969 710 910                                                            Shwe Casino Facebook Page Link => https://bit.ly/3AQZRVp                                                            Shwe Casino App Download Link => https://bit.ly/3k41mc4

မော်ရင်ဟိုဟာ မန်နေဂျာဘ၀ ဖြတ်သန်းခဲ့တဲ့ ကာလ အတွင်း ဥရောပ ထိပ်သီးလိဂ် 5 ခုထဲက ပရီးမီးယားလိဂ် ၊ စီးရီးအေ နဲ့ လာလီဂါ ဖလားတွေ ကို ဆွတ်ခူးနိုင်ခဲ့တဲ့ အပြင် ၊ ချန်ပီယံလိဂ် ဖလားကြီးကိုလည်း ပေါ်တို ၊ အင်တာ မီလန် အသင်းတွေ နဲ့ အတူ ဆွတ်ခူးပြခဲ့ ပါတယ်။

မော်ရင်ဟို အတွက်တော့ ဒီမနက်က ကစားခဲ့တဲ့ ဆက်ဆူအိုလို အသင်းနဲ့ ပွဲဟာ သူ့ရဲ့နည်းပြပွဲ(၁၀၀၀) ပြည့်ပွဲလည်းဖြစ်ခဲ့ပါတယ်။

ဒီပွဲမှာ ရိုးမား အသင်းက (၂)ဂိုး-(၁)ဂိုးနဲ့ အနိုင်ရခဲ့တာပါ။

နာကျင်အချိန်ပို မှာ အယ်လ်ရှာရာဝေးက ရိုးမား အတွက် အနိုင်ဂိုးသွင်းယူခဲ့ရာ မော်ရင်ဟို တစ်ယောက် ပြေးလွှားပြီး ကစားသမားတွေနဲ့ အတူအောင်ပွဲခံခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။

မော်ရင်ဟိုဟာ နည်းပြဘဝပွဲ(၁၀၀၀)ကိုင်တွယ်ခဲ့ရာမှာ (၆၃၈)ပွဲအနိုင်ရခဲ့ပြီး (၂၀၅)ပွဲသရေနဲ့ (၁၅၇)ပွဲရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

ပွဲအပြီး သတင်းထောက်တွေ နဲ့ တွေ့ဆုံချိန်မှာတော့ ပေါ်တူဂီ သားကြီး က “ ကျွန်တော်က လူတိုင်းကို လိမ်ပြောထားခဲ့တာပါ။

ဒီပွဲဟာ ကျွန်တော့်ရဲ့ ပွဲပေါင်း 1000 ပြည့်မြောက်တဲ့ ပွဲဆိုပေမယ့် သိပ်ပြီး အရေးပါတဲ့ ပွဲမျိုး မဟုတ်ဘူးလို့ တစ်သင်းလုံးကို ကြိုပြောထားခဲ့တာလေ။

ဒါပေမယ့် စိတ်ထဲမှာတော့ ဒီပွဲမှာ ရှုံးနိမ့်ရမှာကို အရမ်း စိုးရိမ်နေခဲ့ပါတယ်။”

“ကံကောင်း ထောက်မစွာနဲ့ပဲ နိုင်ပွဲရလိုက်တော့ ကျွန်တော်ဟာ ချာတိတ်တစ်ယောက်လို ပြေးလွှားပြီး အောင်ပွဲခံခဲ့တာပေါ့ဗျာ။

ဘာလို့လဲ ဆိုတော့ ကိုယ့်ကိုယ်ကို 12 နှစ်သားလေးလို့ပဲ မှတ်ယူထားတာလေ ၊ 58 နှစ် မဟုတ်ပါဘူး” လို့ ရင်ဖွင့် သွားခဲ့ပါတယ်။

အဲဒီပွဲ အနိုင်ရလဒ်ကြောင့် ရိုးမား အသင်းဟာ စီးရီးအေ 3 ပွဲ ကစားအပြီး 3 ပွဲ စလုံး အနိုင်ရရှိကာ အမှတ်ပေးဇယား ရဲ့ ထိပ်ဆုံးမှာ ရပ်တည်လျှက် ရှိနေပါတယ်။

မော်ရင်ဟို ဟာ အခုရာသီမှာ ရိုးမား အသင်းကို စတင်ကိုင်တွယ်ခဲ့တာဖြစ်ပြီး စီးရီးအေ (၃)ပွဲအပါအဝင် ပြိုင်ပွဲစုံ(၅)ပွဲလုံးအနိုင်ရအောင် စွမ်းဆောင်ထားတာဖြစ်ပါတယ်။

Viber No => 09 969 710 910                                                            Shwe Casino Facebook Page Link => https://bit.ly/3AQZRVp                                                            Shwe Casino App Download Link => https://bit.ly/3k41mc4

zawgyi

ပြဲ ၁၀၀၀ ျပည့္ ႏိုင္ပြဲအတြက္ ေျပးလႊားေအာင္ပြဲခံခဲ့တဲ့ ေမာ္ရင္ဟို

ေမာ္ရင္ဟိုဟာ မန္ေနဂ်ာဘ၀ ျဖတ္သန္းခဲ့တဲ့ ကာလ အတြင္း ဥေရာပ ထိပ္သီးလိဂ္ 5 ခုထဲက ပရီးမီးယားလိဂ္ ၊ စီးရီးေအ နဲ႔ လာလီဂါ ဖလားေတြ ကို ဆြတ္ခူးႏိုင္ခဲ့တဲ့ အျပင္ ၊ ခ်န္ပီယံလိဂ္ ဖလားႀကီးကိုလည္း ေပၚတို ၊ အင္တာ မီလန္ အသင္းေတြ နဲ႔ အတူ ဆြတ္ခူးျပခဲ့ပါတယ္။

ေမာ္ရင္ဟို အတြက္ေတာ့ ဒီမနက္က ကစားခဲ့တဲ့ ဆက္ဆူအိုလို အသင္းနဲ႔ ပြဲဟာ သူ႔ရဲ႕နည္းျပပြဲ(၁၀၀၀) ျပည့္ပြဲလည္းျဖစ္ခဲ့ပါတယ္။ဒီပြဲမွာ ႐ိုးမား အသင္းက (၂)ဂိုး-(၁)ဂိုးနဲ႔ အႏိုင္ရခဲ့တာပါ။နာက်င္အခ်ိန္ပို မွာ အယ္လ္ရွာရာေဝးက ႐ိုးမား အတြက္ အႏိုင္ဂိုးသြင္းယူခဲ့ရာ ေမာ္ရင္ဟို တစ္ေယာက္ ေျပးလႊားၿပီး ကစားသမားေတြနဲ႔ အတူေအာင္ပြဲခံခဲ့တာကိုလည္း ေတြ႕ခဲ့ရပါတယ္။

ေမာ္ရင္ဟိုဟာ နည္းျပဘဝပြဲ(၁၀၀၀)ကိုင္တြယ္ခဲ့ရာမွာ (၆၃၈)ပြဲအႏိုင္ရခဲ့ၿပီး (၂၀၅)ပြဲသေရနဲ႔ (၁၅၇)ပြဲရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။

ပြဲအၿပီး သတင္းေထာက္ေတြ နဲ႔ ေတြ႕ဆုံခ်ိန္မွာေတာ့ ေပၚတူဂီ သားႀကီး က “ ကြၽန္ေတာ္က လူတိုင္းကို လိမ္ေျပာထားခဲ့တာပါ။ဒီပြဲဟာ ကြၽန္ေတာ့္ရဲ႕ ပြဲေပါင္း 1000 ျပည့္ေျမာက္တဲ့ ပြဲဆိုေပမယ့္ သိပ္ၿပီး အေရးပါတဲ့ ပြဲမ်ိဳး မဟုတ္ဘူးလို႔ တစ္သင္းလုံးကို ႀကိဳေျပာထားခဲ့တာေလ။ ဒါေပမယ့္ စိတ္ထဲမွာေတာ့ ဒီပြဲမွာ ရႈံးနိမ့္ရမွာကို အရမ္း စိုးရိမ္ေနခဲ့ပါတယ္။”

“ကံေကာင္း ေထာက္မစြာနဲ႔ပဲ ႏိုင္ပြဲရလိုက္ေတာ့ ကြၽန္ေတာ္ဟာ ခ်ာတိတ္တစ္ေယာက္လို ေျပးလႊားၿပီး ေအာင္ပြဲခံခဲ့တာေပါ့ဗ်ာ ဘာလို႔လဲ ဆိုေတာ့ ကိုယ့္ကိုယ္ကို 12 ႏွစ္သားေလးလို႔ပဲ မွတ္ယူထားတာေလ ၊ 58 ႏွစ္ မဟုတ္ပါဘူး” လို႔ ရင္ဖြင့္ သြားခဲ့ပါတယ္။

အဲဒီပြဲ အႏိုင္ရလဒ္ေၾကာင့္ ႐ိုးမား အသင္းဟာ စီးရီးေအ 3 ပြဲ ကစားအၿပီး 3 ပြဲ စလုံး အႏိုင္ရရွိကာ အမွတ္ေပးဇယား ရဲ႕ ထိပ္ဆုံးမွာ ရပ္တည္လွ်က္ ရွိေနပါတယ္။ေမာ္ရင္ဟို ဟာ အခုရာသီမွာ ႐ိုးမား အသင္းကို စတင္ကိုင္တြယ္ခဲ့တာျဖစ္ၿပီး စီးရီးေအ (၃)ပြဲအပါအဝင္ ၿပိဳင္ပြဲစုံ(၅)ပြဲလုံးအႏိုင္ရေအာင္ စြမ္းေဆာင္ထားတာျဖစ္ပါတယ္။