ပွဲဦးထွက်မှာ ၂ ဂိုးသွင်းခဲ့တဲ့ လင်ဂတ်ကို ဖာနန်ဒက်စ်နဲ့ ရပ်ရှ်ဖို့ဒ် ချီးကျူး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာယူနိုက်တက် ကစားသမားတွေဖြစ်တဲ့ ဘရူနိုဖာနန်ဒက်စ်နဲ့ တိုက်စစ်မှူးရပ်ရှ်ဖို့ဒ်တို့ဟာ ဝက်စ်ဟမ်းအသင်းအတွက် ပွဲဦးထွက်မှာပဲ ၂ ဂိုးသွင်းခဲ့တဲ့ အသင်းဖော်ဟောင်း လင်ဂတ်ကို ချီးကျူးစကားဆိုခဲ့ပါတယ်။ အသက် ၂၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လင်ဂတ်ဟာ ယူနိုက်တက်အသင်းမှာ ပုံမှန်ကစားခွင့်ပျောက်ဆုံးနေလို့ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း ဝက်စ်ဟမ်းအသင်းဆီ အငှားနဲ့ပြောင်းရွှေ့ခဲ့သူပါ။

ဝက်စ်ဟမ်းအသင်းဟာ မနေ့က ကစားခဲ့တဲ့ အက်စတွန်ဗီလာနဲ့ပွဲမှာ ၃-၁ ဂိုးနဲ့အနိုင်ရခဲ့ပြီး အသင်းသစ်အတွက် ပထမဆုံးပွဲဦးထွက်ခဲ့တဲ့ လင်ဂတ်ကလည်း ၅၆ မိနစ်၊ ၈၃ မိနစ်တွေမှာ ဂိုးတွေသွင်းယူခဲ့တာဖြစ်ပါတယ်။ အဲဒီပွဲဟာ ဒီရာသီမှာ လင်ဂတ်အတွက် ပထမဆုံးကစားခွင့်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲဖြစ်ပြီး အခုပွဲမတိုင်ခင် သူဟာ ယူနိုက်တက်အသင်းနဲ့ ပရီးမီးယားလိဂ်တစ်ပွဲမှ ကစားခွင့်မရခဲ့ပါဘူး။

ဗီလာနဲ့ပွဲအပြီး လင်ဂတ်က သူ့ရဲ့ Instagram မှာ ‘Perfect Start 2 Goals 3 Points’ ဆိုတဲ့ စာသားနဲ့အတူ ဂိုးသွင်းအပြီးအောင်ပွဲခံနေတဲ့ပုံကို Post တင်ခဲ့ပြီး အဲဒီ Post အောက်မှာ ရပ်ရှ်ဖိုဒ်က ”ဂုဏ်ယူပါတယ်. Bro” လို့ရေးသားခဲ့သလို ဘရူနိုဖာနန်ဒက်စ်ကလည်း Fire Emoji ကို comment ပေးခဲ့ပါတယ်။ ဒါ့အပြင် လုခ်ရှော၊ မက်ဂွိုင်းယားနဲ့ ယူနိုက်တက်ကစားသမားဟောင်းတွေဖြစ်တဲ့ ဒါလော့တ်၊ ဖိုဆူမန်ဆာ၊ တာဟစ်ချောင်တို့ကလည်း စာရေးသားဂုဏ်ပြုခဲ့ကြပါတယ်။

ဗီလာနဲ့ကစားခဲ့တဲ့ပွဲကို လက်ရွေးစင်အသင်းနည်းပြ ဆောက်ဂိတ်လည်း လာရောက်ကြည့်ရှုခဲ့ပြီး တကယ်လို့ လင်ဂတ်အနေနဲ့ ယူနိုက်တက်အသင်းမှာ လက်တွဲခဲ့ဖူးတဲ့ ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မွိုက်စ်ရဲ့ ကူညီပေးမှုနဲ့ အခုလိုမျိုး ဆက်လက်ခြေစွမ်းပြနိုင်မယ်ဆိုရင် ယူရို-၂၀၂၀ ပြိုင်ပွဲအတွက် နိုင်ငံအသင်းမှာ အရွေးချယ်ခံရဖို့ မျှော်လင့်ချက်ရှိနေပါပြီ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ပြဲဦးထြက္မွာ ၂ ဂိုးသြင္းခဲ့တဲ့ လင္ဂတ္ကို ဖာနန္ဒက္စ္နဲ႔ ရပ္ရွ္ဖို႔ဒ္ ခ်ီးက်ဴး

မန္ခ်က္စတာယူႏိုက္တက္ ကစားသမားေတြျဖစ္တဲ့ ဘ႐ူႏိုဖာနန္ဒက္စ္နဲ႔ တိုက္စစ္မႉးရပ္ရွ္ဖို႔ဒ္တို႔ဟာ ဝက္စ္ဟမ္းအသင္းအတြက္ ပြဲဦးထြက္မွာပဲ ၂ ဂိုးသြင္းခဲ့တဲ့ အသင္းေဖာ္ေဟာင္း လင္ဂတ္ကို ခ်ီးက်ဴးစကားဆိုခဲ့ပါတယ္။ အသက္ ၂၈ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ လင္ဂတ္ဟာ ယူႏိုက္တက္အသင္းမွာ ပုံမွန္ကစားခြင့္ေပ်ာက္ဆုံးေနလို႔ ၿပီးခဲ့တဲ့ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလအတြင္း ဝက္စ္ဟမ္းအသင္းဆီ အငွားနဲ႔ေျပာင္းေ႐ႊ႕ခဲ့သူပါ။ ဝက္စ္ဟမ္းအသင္းဟာ မေန႔က ကစားခဲ့တဲ့ အက္စတြန္ဗီလာနဲ႔ပြဲမွာ ၃-၁ ဂိုးနဲ႔အႏိုင္ရခဲ့ၿပီး အသင္းသစ္အတြက္ ပထမဆုံးပြဲဦးထြက္ခဲ့တဲ့ လင္ဂတ္ကလည္း ၅၆ မိနစ္၊ ၈၃ မိနစ္ေတြမွာ ဂိုးေတြသြင္းယူခဲ့တာျဖစ္ပါတယ္။

အဲဒီပြဲဟာ ဒီရာသီမွာ လင္ဂတ္အတြက္ ပထမဆုံးကစားခြင့္ရခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲျဖစ္ၿပီး အခုပြဲမတိုင္ခင္ သူဟာ ယူႏိုက္တက္အသင္းနဲ႔ ပရီးမီးယားလိဂ္တစ္ပြဲမွ ကစားခြင့္မရခဲ့ပါဘူး။ ဗီလာနဲ႔ပြဲအၿပီး လင္ဂတ္က သူ႔ရဲ႕ Instagram မွာ ‘Perfect Start 2 Goals 3 Points’ ဆိုတဲ့ စာသားနဲ႔အတူ ဂိုးသြင္းအၿပီးေအာင္ပြဲခံေနတဲ့ပုံကို Post တင္ခဲ့ၿပီး အဲဒီ Post ေအာက္မွာ ရပ္ရွ္ဖိုဒ္က ”ဂုဏ္ယူပါတယ္. Bro” လို႔ေရးသားခဲ့သလို ဘ႐ူႏိုဖာနန္ဒက္စ္ကလည္း Fire Emoji ကို comment ေပးခဲ့ပါတယ္။ ဒါ့အျပင္ လုခ္ေရွာ၊ မက္ဂြိဳင္းယားနဲ႔ ယူႏိုက္တက္ကစားသမားေဟာင္းေတြျဖစ္တဲ့ ဒါေလာ့တ္၊ ဖိုဆူမန္ဆာ၊ တာဟစ္ေခ်ာင္တို႔ကလည္း စာေရးသားဂုဏ္ျပဳခဲ့ၾကပါတယ္။

ဗီလာနဲ႔ကစားခဲ့တဲ့ပြဲကို လက္ေ႐ြးစင္အသင္းနည္းျပ ေဆာက္ဂိတ္လည္း လာေရာက္ၾကည့္ရႈခဲ့ၿပီး တကယ္လို႔ လင္ဂတ္အေနနဲ႔ ယူႏိုက္တက္အသင္းမွာ လက္တြဲခဲ့ဖူးတဲ့ ဝက္စ္ဟမ္းနည္းျပ ေဒးဗစ္မြိဳက္စ္ရဲ႕ ကူညီေပးမႈနဲ႔ အခုလိုမ်ိဳး ဆက္လက္ေျခစြမ္းျပႏိုင္မယ္ဆိုရင္ ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲအတြက္ ႏိုင္ငံအသင္းမွာ အေ႐ြးခ်ယ္ခံရဖို႔ ေမွ်ာ္လင့္ခ်က္ရွိေနပါၿပီ။