ပွဲအပြီး မော်ရင်ဟိုရဲ့တုံ့ပြန်မှုနဲ့ပတ်သက်လို့ ဖွင့်ဟလိုက်တဲ့ ဆိုးလ်ရှား

photo-gettyimages

photo-gettyimages

အိုးလ်ထရက်ဖို့ဒ်က စပါးရဲ့ရှုံးနိမ့်မှုအပြီးမှာ မော်ရင်ဟိုဟာ စိတ်ပျက်လက်ပျက်ဖြစ်နေကြောင်း မန်ယူနည်းပြဆိုးလ်ရှားက ဖွင့်ဟပြောကြားလိုက်ပါတယ်။ မန်ယူဟာ အိမ်ကွင်းမှာ စပါးကို ရက်ရှ်ဖို့ဒ်ရဲ့သွင်းဂိုး ၂ ဂိုးနဲ့အတူ ၂-၁ ဂိုးနဲ့ ထိုက်တန်စွာအနိုင်ရခဲ့ပါတယ်။ အဲဒီပွဲမှာ ဆိုးလ်ရှားရဲ့အသင်းဟာ စပါးထက်ကို ပိုပြီးထက်သန်ပြင်းပြစွာနဲ့ကစားနိုင်ခဲ့ပြီး မော်ရင်ဟိုကတော့ သူ့အသင်းရဲ့အားထုတ်မှုနဲ့ပတ်သက်လို့ ကျေနပ်ခြင်းမရှိခဲ့ကာ သူ့ရဲ့ပထမဆုံးအကြိမ် အိုးလ်ထရက်ဖို့ဒ် အပြန်ခရီးဟာ အရှုံးနဲ့သာ အဆုံးသတ်ခဲ့ရတာပါ။

photo-gettyimages

မော်ရင်ဟိုကလည်း ပထမပိုင်းခြေစွမ်းအရ ဆိုးလ်ရှားရဲ့အသင်းဟာ အနိုင်နဲ့ထိုက်တန်တယ်လို့ ဝန်ခံသွားခဲ့ပါတယ်။ ပွဲပြီးတော့ လက်ရှိမန်ယူနည်းပြနဲ့ အရင်မန်ယူနည်းပြဟောင်းတို့ တစ်ယောက်နဲ့တစ်ယောက် စကားအနည်းပြောခဲ့ကြတာကို ရုပ်သံကနေ တွေ့မြင်လိုက်ကြရမှာပါ။

photo-gettyimages

ပွဲသိမ်းခရာမှုတ်ပြီးတဲ့နောက် သူတို့စကားပြောကြချိန် မော်ရင်ဟိုဘယ်လိုတုံ့ပြန်ခဲ့သလဲဆိုတာ မေးမြန်းတော့ ဆိုးလ်ရှားက”ဘယ်သူမှတော့ ရှုံးချင်ကြမှာ မဟုတ်ပါဘူး။ ကျွန်တေ်ာတို့အားလုံးအတူတူပါပဲ။ ကျွန်တော်တို့အားလုံး ပွဲတွေနိုင်ချင်ကြတာပါ”လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် လာမယ့်စနေကစားမယ့် မန်ချက်စတာဒါဘီပွဲမတိုင်ခင် ဆိုးလ်ရှားအပေါ်ကျရောက်နေတဲ့ ဖိအားတွေ သက်သာလျော့ပါးသွားစေမှာပါ။ ”စနေဆိုရင် မန်စီးတီးနဲ့ကစားရမှာပါ။ နှစ်ရက်လောက်နားပြီးတာနဲ့ ကျွန်တော်တို့ကစားရဦးမယ်။ ရသလောက်တော့ အမှတ်တွေယူထားမှာပါ။ ကျွန်တော်တို့ ဘာလုပ်နိုင်တယ်ဆိုတာ သက်သေပြဖို့ အခွင့်အလမ်းကောင်းပဲဆိုတာ ဒီပွဲမတိုင်ခင်ကတည်းက ကျွန်တော်ပြောထားပြီးသားပါ”လို့ ဆိုးလ်ရှားက ဆက်လက်ပြောကြားခဲ့ပါတယ်။

[Zawgyi]

ပြဲအၿပီး ေမာ္ရင္ဟိုရဲ႕တုံ႔ျပန္မႈနဲ႔ပတ္သက္လို႔ ဖြင့္ဟလိုက္တဲ့ ဆိုးလ္ရွား

အုိးလ္ထရက္ဖို႔ဒ္က စပါးရဲ႕ရႈံးနိမ့္မႈအၿပီးမွာ ေမာ္ရင္ဟိုဟာ စိတ္ပ်က္လက္ပ်က္ျဖစ္ေနေၾကာင္း မန္ယူနည္းျပဆုိးလ္ရွားက ဖြင့္ဟေျပာၾကားလိုက္ပါတယ္။ မန္ယူဟာ အိမ္ကြင္းမွာ စပါးကို ရက္ရွ္ဖို႔ဒ္ရဲ႕သြင္းဂိုး ၂ ဂိုးနဲ႔အတူ ၂-၁ ဂုိးနဲ႔ ထိုက္တန္စြာအႏိုင္ရခဲ့ပါတယ္။ အဲဒီပြဲမွာ ဆိုးလ္ရွားရဲ႕အသင္းဟာ စပါးထက္ကို ပုိၿပီးထက္သန္ျပင္းျပစြာနဲ႔ကစားႏိုင္ခဲ့ၿပီး ေမာ္ရင္ဟိုကေတာ့ သူ႔အသင္းရဲ႕အားထုတ္မႈနဲ႔ပတ္သက္လို႔ ေက်နပ္ျခင္းမရွိခဲ့ကာ သူ႔ရဲ႕ပထမဆုံးအႀကိမ္ အုိးလ္ထရက္ဖို႔ဒ္ အျပန္ခရီးဟာ အရႈံးနဲ႔သာ အဆုံးသတ္ခဲ့ရတာပါ။

ေမာ္ရင္ဟိုကလည္း ပထမပိုင္းေျခစြမး္အရ ဆုိးလ္ရွားရဲဲ႕အသင္းဟာ အႏိုင္နဲ႔ထိုက္တန္တယ္လို႔ ၀န္ခံသြားခဲ့ပါတယ္။ ပြဲၿပီးေတာ့ လက္ရွိမန္ယူနည္းျပနဲ႔ အရင္မန္ယူနည္းျပေဟာင္းတို႔ တစ္ေယာက္နဲ႔တစ္ေယာက္ စကားအနည္းေျပာခဲ့ၾကတာကို ရုပ္သံကေန ေတြ႕ျမင္လိုက္ၾကရမွာပါ။

ပြဲသိမ္းခရာမႈတ္ၿပီးတဲ့ေနာက္ သူတုိ႔စကားေျပာၾကခ်ိန္ ေမာ္ရင္ဟိုဘယ္လိုတုံ႔ျပန္ခဲ့သလဲဆုိတာ ေမးျမန္းေတာ့ ဆုိးလ္ရွားက”ဘယ္သူမွေတာ့ ရႈံးခ်င္ၾကမွာ မဟုတ္ပါဘူး။ ကၽြန္ေတ္ာတို႔အားလုံးအတူတူပါပဲ။ ကၽြန္ေတာ္တုိ႔အားလုံး ပြဲေတြႏိုင္ခ်င္ၾကတာပါ”လို႔ ျပန္လည္ေျဖၾကားခဲ့ပါတယ္။ ဒီႏိုင္ပြဲေၾကာင့္ လာမယ့္စေနကစားမယ့္ မန္ခ်က္စတာဒါဘီပြဲမတိုင္ခင္ ဆိုးလ္ရွားအေပၚက်ေရာက္ေနတဲ့ ဖိအားေတြ သက္သာေလ်ာ့ပါးသြားေစမွာပါ။ ”စေနဆိုရင္ မန္စီးတီးန႔ဲကစားရမွာပါ။ ႏွစ္ရက္ေလာက္နားၿပီးတာနဲ႔ ကၽြန္ေတာ္တုိ႔ကစားရဦးမယ္။ ရသေလာက္ေတာ့ အမွတ္ေတြယူထားမွာပါ။ ကၽြန္ေတာ္တုိ႔ ဘာလုပ္ႏုိင္တယ္ဆုိတာ သက္ေသျပဖို႔ အခြင့္အလမ္းေကာင္းပဲဆုိတာ ဒီပြဲမတိုင္ခင္ကတည္းက ကၽြန္ေတာ္ေျပာထားၿပီးသားပါ”လို႔ ဆုိးလ္ရွားက ဆက္လက္ေျပာၾကားခဲ့ပါတယ္။