ပွဲကြီးပွဲကောင်းတွေဆိုရင် ကွင်းထဲလာမကြည့်ဖို့ သူ့မိခင်ကို ရော်နယ်ဒို တားမြစ်ထား

Viber No => 09 969 710 910

#SHWECASINO #ONLINEGAMES #SHAN_KOE_MEE #POKER #LIVE_GAMES #SLOTS_GAMES #ROULETTE_GAMES #PremierLeague #Laliga #SerieA #Bundesliga #LigueOne

တကယ့်ပွဲကြီးပွဲကောင်းတွေဆိုရင် သူ့မိခင်ကို ကွင်းထဲထိ လာရောက်အားပေးတာမျိုး မလုပ်ဖို့ တားမြစ်ထားတဲ့ အကြောင်းကို ခရစ္စတီယာနိုရော်နယ်ဒိုက ပြန်လည်ပြောပြခဲ့ပါတယ်။

ရော်နယ်ဒိုရဲ့ မိခင် ဒိုလိုရက်စ်ဟာ အသက် ၆၆နှစ်အရွယ်ရှိပြီဖြစ်ပြီး အရင်ကတော့ သူ့သား ပါဝင်ကစားတဲ့ပွဲတွေကို ကိုယ်တိုင်ကိုယ်ကျ ကွင်းထဲထိ လာရောက်အားပေးလေ့ရှိပါတယ်။

ဒါပေမယ့် ရော်နယ်ဒိုရဲ့ ပြောစကားတွေအရ စက်တင်ဘာလ ၁၁ရက်နေ့ နယူးကာဆယ်နဲ့ပွဲမှာတော့ ဒိုလိုရက်စ်ကို အိုးလ်ထရက်ဖို့ဒ်ကွင်းရဲ့ပွဲကြည့်စင်ပေါ်မှာ မြင်ရဖွယ်မရှိပါဘူး။

သူ့သားကိုယ်တိုင်က ဘောလုံးပွဲကွင်းထဲ သိပ်မလာဖို့ တားမြစ်ထားလို့ပါ။

ဒိုလိုရက်စ်ဟာ မိခင်တစ်ဦးပီပီ ဘောလုံးကစားရင်း ရော်နယ်ဒို ထိခိုက်ဒဏ်ရာရမှာတွေ၊ ဂိုးကန်တာ လွှဲချော်သွားမှာတွေကို အရမ်းစိုးရိမ်တတ်ပါတယ်။

စိုးရိမ်စိတ်လွန်ကဲပြီး မူးလဲတာတွေလည်းရှိပါတယ်။ ဒီအကြောင်းတွေကို ပီယာ့စ်မော်ဂန်နဲ့ အင်တာဗျူးမှာ ရော်နယ်ဒိုက ပြန်ပြောပြထားပါတယ်။

“ပွဲကြီးပွဲကောင်းပွဲတွေကိုဆိုရင် အမေကို မကြည့်ခိုင်းတော့ပါဘူး။ ကျွန်တော် အမေ့ကို ပြောပြပါတယ်။

‘အမေ….သား စကားကို နားထောင်ပါ၊ သားမှာ အဖေ မရှိတော့တာကြောင့် အမေ့ကို ထပ်ပြီး အဆုံးရှုံးမခံနိုင်ဘူး။

ဒါကြောင့် ကွာတားဖိုင်နယ်တွေ၊ ဆီးမီးဖိုင်နယ်တွေနဲ့ ဖိုင်နယ်ပွဲတွေကို လာမကြည့်ပါနဲ့’လို့ ပြောထားရတယ်။

အမေက အရမ်း ထိတ်လန့်တတ်ပါတယ်။ ဘာကြောင့်လဲဆိုတာတော့ ကျွန်တော် မသိဘူး။

အခုတော့ ပွဲကြီးတွေဆိုရင် အမေ့ကို ကြည့်ခွင့်မပေးတော့ပါဘူး”လို့ပြောပါတယ်။

ရော်နယ်ဒိုရဲ့မိခင်ဟာ အရင်က ကွင်းထဲမှာ ၂ကြိမ်တိုင် မူးမေ့လဲခဲ့ဖူးပြီး တစ်ကြိမ်ဆိုရင် မျက်နှာနဲ့ ပြုတ်ကျတဲ့အတွက် သွားကျိုးတဲ့အထိ ဖြစ်ခဲ့ပါတယ်။

မနှစ်ကလည်း လေးဖြန်းသွားလို့ အရေးပေါ်ဆေးကုသမှုခံယူခဲ့ရတာကြောင့်လည်း ရော်နယ်ဒိုဟာ သူ့မိခင်ရဲ့ ကျန်းမာရေးကို တော်တော်လေး ဂရုစိုက်နေပါတယ်။

ဆက်လက်ပြီး သူ့မိခင်နဲ့သူ့အကြား အပြန်အလှန် ချစ်ခင်လေးစားမှုတွေကိုလည်း ရော်နယ်ဒိုက ပြောပြပါတယ်။

” မိသားစုထဲမှာ အမေက အခရာပါ။ သား၊ သမီးတွေအားလုံးအတွက် သူ အရမ်းကြိုးစားပေးခဲ့ပါတယ်။

အထူးသဖြင့် အငယ်ဆုံး သား၊ ကျွန်တော့်အတွက်ပေါ့။

ကျွန်တော် မှတ်မိပါသေးတယ်။

ကျွန်တော့်အသက် ၁၂နှစ်လောက်က စပို့တင်းလစ္စဘွန်းရဲ့လူငယ်အကယ်ဒီမှာ ကစားချင်တယ်လို့ ပြောတော့ လစ္စဘွန်းမြို့ကို မလွှတ်ချင်၊ လွှတ်ချင်နဲ့သူ ခွင့်ပြုခဲ့ရတယ်။

အငယ်ဆုံးသားတစ်ယောက်ကို လူလားမမြောက်ခင် ရပ်ဝေးဆီ မသွားစေချင်ပေမယ့် နောက်ဆုံးတော့ ‘ မင်းအိပ်မက်တွေကို မင်းအကောင်အထည်ဖော်ပါ သားရေ’လို့ သူ ခွင့်ပြုခဲ့ပါတယ်။

ကျွန်တော့်မိခင်ရဲ့အထောက်အပံ့သာမပါရင် ကျွန်တော် ဒီနေ့လို ဖြစ်မလာပါဘူး”လို့ ရော်နယ်ဒိုက ပြောပြပါတယ်။

Viber No => 09 969 710 910

#SHWECASINO #ONLINEGAMES #SHAN_KOE_MEE #POKER #LIVE_GAMES #SLOTS_GAMES #ROULETTE_GAMES #PremierLeague #Laliga #SerieA #Bundesliga #LigueOne

zawgyi

ပြဲႀကီးပြဲေကာင္းေတြဆိုရင္ ကြင္းထဲလာမၾကည့္ဖို႔ သူ႔မိခင္ကို ေရာ္နယ္ဒို တားျမစ္ထား

တကယ့္ပြဲႀကီးပြဲေကာင္းေတြဆိုရင္ သူ႔မိခင္ကို ကြင္းထဲထိ လာေရာက္အားေပးတာမ်ိဳး မလုပ္ဖို႔ တားျမစ္ထားတဲ့ အေၾကာင္းကို ခရစၥတီယာႏိုေရာ္နယ္ဒိုက ျပန္လည္ေျပာျပခဲ့ပါတယ္။

ေရာ္နယ္ဒိုရဲ႕ မိခင္ ဒိုလိုရက္စ္ဟာ အသက္ ၆၆ႏွစ္အ႐ြယ္ရွိၿပီျဖစ္ၿပီး အရင္ကေတာ့ သူ႔သား ပါဝင္ကစားတဲ့ပြဲေတြကို ကိုယ္တိုင္ကိုယ္က် ကြင္းထဲထိ လာေရာက္အားေပးေလ့ရွိပါတယ္။ ဒါေပမယ့္ ေရာ္နယ္ဒိုရဲ႕ ေျပာစကားေတြအရ စက္တင္ဘာလ ၁၁ရက္ေန႔ နယူးကာဆယ္နဲ႔ပြဲမွာေတာ့ ဒိုလိုရက္စ္ကို အိုးလ္ထရက္ဖို႔ဒ္ကြင္းရဲ႕ပြဲၾကည့္စင္ေပၚမွာ ျမင္ရဖြယ္မရွိပါဘူး။

သူ႔သားကိုယ္တိုင္က ေဘာလုံးပြဲကြင္းထဲ သိပ္မလာဖို႔ တားျမစ္ထားလို႔ပါ။ ဒိုလိုရက္စ္ဟာ မိခင္တစ္ဦးပီပီ ေဘာလုံးကစားရင္း ေရာ္နယ္ဒို ထိခိုက္ဒဏ္ရာရမွာေတြ၊ ဂိုးကန္တာ လႊဲေခ်ာ္သြားမွာေတြကို အရမ္းစိုးရိမ္တတ္ပါတယ္။ စိုးရိမ္စိတ္လြန္ကဲၿပီး မူးလဲတာေတြလည္းရွိပါတယ္။ ဒီအေၾကာင္းေတြကို ပီယာ့စ္ေမာ္ဂန္နဲ႔ အင္တာဗ်ဴးမွာ ေရာ္နယ္ဒိုက ျပန္ေျပာျပထားပါတယ္။

“ပြဲႀကီးပြဲေကာင္းပြဲေတြကိုဆိုရင္ အေမကို မၾကည့္ခိုင္းေတာ့ပါဘူး။ ကြၽန္ေတာ္ အေမ့ကို ေျပာျပပါတယ္။ ‘အေမ….သား စကားကို နားေထာင္ပါ၊ သားမွာ အေဖ မရွိေတာ့တာေၾကာင့္ အေမ့ကို ထပ္ၿပီး အဆုံးရႈံးမခံႏိုင္ဘူး။ ဒါေၾကာင့္ ကြာတားဖိုင္နယ္ေတြ၊ ဆီးမီးဖိုင္နယ္ေတြနဲ႔ ဖိုင္နယ္ပြဲေတြကို လာမၾကည့္ပါနဲ႔’လို႔ ေျပာထားရတယ္။ အေမက အရမ္း ထိတ္လန႔္တတ္ပါတယ္။ ဘာေၾကာင့္လဲဆိုတာေတာ့ ကြၽန္ေတာ္ မသိဘူး။ အခုေတာ့ ပြဲႀကီးေတြဆိုရင္ အေမ့ကို ၾကည့္ခြင့္မေပးေတာ့ပါဘူး”လို႔ေျပာပါတယ္။

ေရာ္နယ္ဒိုရဲ႕မိခင္ဟာ အရင္က ကြင္းထဲမွာ ၂ႀကိမ္တိုင္ မူးေမ့လဲခဲ့ဖူးၿပီး တစ္ႀကိမ္ဆိုရင္ မ်က္ႏွာနဲ႔ ျပဳတ္က်တဲ့အတြက္ သြားက်ိဳးတဲ့အထိ ျဖစ္ခဲ့ပါတယ္။ မႏွစ္ကလည္း ေလးျဖန္းသြားလို႔ အေရးေပၚေဆးကုသမႈခံယူခဲ့ရတာေၾကာင့္လည္း ေရာ္နယ္ဒိုဟာ သူ႔မိခင္ရဲ႕ က်န္းမာေရးကို ေတာ္ေတာ္ေလး ဂ႐ုစိုက္ေနပါတယ္။ ဆက္လက္ၿပီး သူ႔မိခင္နဲ႔သူ႔အၾကား အျပန္အလွန္ ခ်စ္ခင္ေလးစားမႈေတြကိုလည္း ေရာ္နယ္ဒိုက ေျပာျပပါတယ္။

” မိသားစုထဲမွာ အေမက အခရာပါ။ သား၊ သမီးေတြအားလုံးအတြက္ သူ အရမ္းႀကိဳးစားေပးခဲ့ပါတယ္။ အထူးသျဖင့္ အငယ္ဆုံး သား၊ ကြၽန္ေတာ့္အတြက္ေပါ့။ ကြၽန္ေတာ္ မွတ္မိပါေသးတယ္။ ကြၽန္ေတာ့္အသက္ ၁၂ႏွစ္ေလာက္က စပို႔တင္းလစၥဘြန္းရဲ႕လူငယ္အကယ္ဒီမွာ ကစားခ်င္တယ္လို႔ ေျပာေတာ့ လစၥဘြန္းၿမိဳ႕ကို မလႊတ္ခ်င္၊ လႊတ္ခ်င္နဲ႔သူ ခြင့္ျပဳခဲ့ရတယ္။ အငယ္ဆုံးသားတစ္ေယာက္ကို လူလားမေျမာက္ခင္ ရပ္ေဝးဆီ မသြားေစခ်င္ေပမယ့္ ေနာက္ဆုံးေတာ့ ‘ မင္းအိပ္မက္ေတြကို မင္းအေကာင္အထည္ေဖာ္ပါ သားေရ’လို႔ သူ ခြင့္ျပဳခဲ့ပါတယ္။ ကြၽန္ေတာ့္မိခင္ရဲ႕အေထာက္အပံ့သာမပါရင္ ကြၽန္ေတာ္ ဒီေန႔လို ျဖစ္မလာပါဘူး”လို႔ ေရာ္နယ္ဒိုက ေျပာျပပါတယ္။