ပြိုင်ဘက်ကို ဘောလုံးနဲ့အတူ ရော်နယ်ဒို မကျောြ်ဖတ်နိုင်တာ ၃ နှစ်ရှိနေပြီလို့ ကာပယ်လို ထောက်ပြဝေဖန်

Photo Credit

Photo Credit

တနင်္ဂနွေညက အေစီမီလန်ကို ၁-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်ဒိုတစ်ယောက် တစ်ပတ်အတွင်း ၂ပွဲဆက်အဖြစ် လူစားလဲခံခဲ့ရပြီးနောက် ဂျူဗင်တပ်စ်နည်းပြဟောင်း ဖေဘီယိုကာပယ်လိုက ပေါ်တူဂီအသင်းခေါင်းဆောင်အနေနဲ့ ပြိုင်ဘက်တွေကို ဘောလုံးနဲ့အတူ မကျော်ဖြတ်နိုင်တာ ၃နှစ်ရှိနေပြီလို့ မေးခွန်းထုတ်ဝေဖန်သွားပါတယ်။

Photo Credit

အသက် ၃၄နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ အေစီမီလန်နဲ့ပွဲမှာ ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်ခဲ့ရပြီးနောက် ပွဲချိန် ၅၅မိနစ်အရောက်မှာပဲ တိုက်စစ်မှူး ဒီဘားလားနဲ့ လူစားလဲခံခဲ့ရပြီး အာဂျင်တီးနားလက်ရွေးစင် ဒီဘားလားက ပွဲချိန် ၇၇မိနစ်မှာ တစ်လုံးတည်းသောအနိုင်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit

အဲဒီလိုလူစားလဲခံခဲ့ရပြီးနောက် ရော်နယ်ဒိုဟာ အရန်ခုံတန်းမှာ မထိုင်ဘဲ ဥမင်လိုဏ်ခေါင်းထဲ တန်းဝင်သွားပြီး သတင်းတွေရဲ့ဖော်ပြချက်အရ ပွဲမပြီးခင်မှာပဲ ကွင်းကနေ ပြန်သွားခဲ့တယ်လို့ သိရပါတယ်။

Photo Credit

ဂျူဗင်တပ်စ်ကစားသမားဟောင်းလည်းဖြစ်တဲ့ ကာပယ်လိုက လူစားလဲခံခဲ့ရပြီးနောက် ပြုမူခဲ့တဲ့ ရော်နယ်ဒိုရဲ့တုံ့ပြန်ပုံနဲ့ပတ်သက်လု့ိ မပျော်မရွှင်ဖြစ်နေပြီး ဘောလုံးလက်ခံရရှိချိန် သူ့ရဲ့အရည်အသွေးကိုလည်း မေးခွန်းထုတ်သွားပါတယ်။

Photo Credit

”ကျွန်တော်ကတော့ ဒီအပြုအမူကို မကြိုက်ပါဘူး။ ကောင်းတဲ့အပြုအမူမှမဟုတ်တာ။ သူ့အနေနဲ့ ကွင်းထဲကနေ ထွက်ခွာချိန်မှာတောင်မှ ချန်ပီယံတစ်ယောက်လိုပြုမူရမယ်လေ။ အမှန်တရားတစ်ခုလည်း ပြောပါဦးမယ်။ ရော်နယ်ဒိုဟာ နောက်ဆုံး ၃နှစ်အတွင်း ပြိုင်ဘက်ကို ဘောလုံးနဲ့အတူ တစ်ခါမှမကျော်ဖြတ်နိုင်ခဲ့တဲ့အကြောင်းပါ”

Photo Credit

”လာလီဂါမှာတော့ အဲဒီလိုလုပ်နိုင်ခဲ့ပါတယ်။ သူက စူပါချန်ပီယံဖြစ်သလို အကောင်းဆုံးတွေပိုင်ဆိုင်ထားတာမှန်ပေမယ့် အခုတော့ အံ့အားသင့်ဖွယ်ဂိုးတွေသွင်းယူနိုင်ခဲ့တဲ့ ဒီဘားလားနဲ့ ဒေါက်ဂလပ်ကော်စတာတို့အလှည့်ပါ။ ဒီဘားလားက အရာအားလုံး ကွဲပြားခြားနားသွားအောင် လုပ်ဆောင်နိုင်စွမ်းရှိသလို ကော်စတာလည်း အဲဒီအတိုင်းပါပဲ”

Photo Credit

”ရော်နယ်ဒိုမပါဘဲအနိုင်ရခဲ့တဲ့ပွဲတွေပါပဲ။ ဂျူဗင်တပ်စ်က တကယ့်ကစားသမားကောင်းတွေပိုင်ဆိုင်ထားတာတောင် ရော်နယ်ဒိုကို အားကိုးလွန်းနေတာဖြစ်ပြီး အသင်းရှိတဲ့အသင်းသားတွေရဲ့အရည်အသွေးက အသင်းကို ဘယ်လိုနည်းလမ်းနဲ့မဆို ကူညီနိုင်ပါတယ်။ ရော်နယ်ဒိုကို လူစားလဲခဲ့တဲ့ ဆာရီရဲ့သတ္တိကိုလည်း လေးစားပါတယ်”

Photo Credit

”ရော်နယ်ဒိုက အရာအားလုံးကို ကွဲပြားခြားနားစေတဲ့ကစားသမားအဖြစ် အချိန်အတော်ကြာရပ်တည်ခဲ့ပေမယ့် အခုတော့ မဟုတ်ပါဘူး။ သူ့အနေနဲ့ မဖြစ်မနေပြန်နိုးထရမှာဖြစ်ပြီး အထူးသဖြင့် ရုပ်ပိုင်းဆိုင်ရာပေါ့။ သူ့မှာ အရင်ကပြသခဲ့တဲ့ လျင်မြန်မှုမျိုးမရှိတော့ပါဘူး”လို့ ကာပယ်လိုက ဝေဖန်သွားပါတယ်။

Photo Credit

Zawgyi

ၿပိဳင္ဘက္ကို ေဘာလုံးနဲ႔အတူ ေရာ္နယ္ဒို မေက်ာျ္ဖတ္ႏိုင္တာ ၃ ႏွစ္ရွိေနၿပီလုိ႔ ကာပယ္လုိ ေထာက္ျပေ၀ဖန္

တနဂၤေႏြညက ေအစီမီလန္ကို ၁-၀ ဂိုးနဲ႔အႏိုင္ရခဲ့တ့ဲပြဲမွာ ဂ်ဴဗင္တပ္စ္တုိက္စစ္မွဴး ေရာ္နယ္ဒိုတစ္ေယာက္ တစ္ပတ္အတြင္း ၂ပဲြဆက္အျဖစ္ လူစားလဲခံခဲ့ရၿပီးေနာက္ ဂ်ဴဗင္တပ္စ္နည္းျပေဟာင္း ေဖဘီယိုကာပယ္လုိက ေပၚတူဂီအသင္းေခါင္းေဆာင္အေနနဲ႔ ၿပိဳင္ဘက္ေတြကို ေဘာလုံးနဲ႔အတူ မေက်ာ္ျဖတ္ႏိုင္တာ ၃ႏွစ္ရွိေနၿပီလုိ႔ ေမးခြန္းထုတ္ေ၀ဖန္သြားပါတယ္။
အသက္ ၃၄ႏွစ္အရြယ္ရွိ ေရာ္နယ္ဒိုဟာ ေအစီမီလန္နဲ႔ပြဲမွာ ပုံမွန္ေျခစြမ္းရဖုိ႔ ႐ုန္းကန္ခဲ့ရၿပီးေနာက္ ပဲြခ်ိန္ ၅၅မိနစ္အေရာက္မွာပဲ တုိက္စစ္မွဴး ဒီဘားလားနဲ႔ လူစားလဲခံခဲ့ရၿပီး အာဂ်င္တီးနားလက္ေရြးစင္ ဒီဘားလားက ပဲြခ်ိန္ ၇၇မိနစ္မွာ တစ္လုံးတည္းေသာအႏိုင္ဂိုးသြင္းယူႏုိင္ခဲ့ပါတယ္။
အဲဒီလိုလူစားလဲခံခဲ့ရၿပီးေနာက္ ေရာ္နယ္ဒိုဟာ အရန္ခုံတန္းမွာ မထုိင္ဘဲ ဥမင္လိုဏ္ေခါင္းထဲ တန္း၀င္သြားၿပီး သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ပြဲမၿပီးခင္မွာပဲ ကြင္းကေန ျပန္သြားခဲ့တယ္လုိ႔ သိရပါတယ္။
ဂ်ဴဗင္တပ္စ္ကစားသမားေဟာင္းလည္းျဖစ္တဲ့ ကာပယ္လုိက လူစားလဲခံခဲ့ရၿပီးေနာက္ ျပဳမူခဲ့တ့ဲ ေရာ္နယ္ဒိုရဲ႕တုံ႔ျပန္ပုံနဲ႔ပတ္သက္လု႔ိ မေပ်ာ္မရႊင္ျဖစ္ေနၿပီး ေဘာလံုးလက္ခံရရွိခ်ိန္ သူ႕ရဲ႕အရည္အေသြးကိုလည္း ေမးခြန္းထုတ္သြားပါတယ္။
”ကၽြန္ေတာ္ကေတာ့ ဒီအျပဳအမူကို မႀကိဳက္ပါဘူး။ ေကာင္းတဲ့အျပဳအမူမွမဟုတ္တာ။ သူ႕အေနနဲ႔ ကြင္းထဲကေန ထြက္ခြာခ်ိန္မွာေတာင္မွ ခ်န္ပီယံတစ္ေယာက္လုိျပဳမူရမယ္ေလ။ အမွန္တရားတစ္ခုလည္း ေျပာပါဦးမယ္။ ေရာ္နယ္ဒိုဟာ ေနာက္ဆုံး ၃ႏွစ္အတြင္း ၿပိဳင္ဘက္ကို ေဘာလုံးနဲ႔အတူ တစ္ခါမွမေက်ာ္ျဖတ္ႏိုင္ခဲ့တ့ဲအေၾကာင္းပါ”
”လာလီဂါမွာေတာ့ အဲဒီလုိလုပ္ႏုိင္ခဲ့ပါတယ္။ သူက စူပါခ်န္ပီယံျဖစ္သလုိ အေကာင္းဆုံးေတြပိုင္ဆုိင္ထားတာမွန္ေပမယ့္ အခုေတာ့ အံ့အားသင့္ဖြယ္ဂိုးေတြသြင္းယူႏုိင္ခဲ့တ့ဲ ဒီဘားလားနဲ႔ ေဒါက္ဂလပ္ေကာ္စတာတုိ႔အလွည့္ပါ။ ဒီဘားလားက အရာအားလုံး ကြဲျပားျခားနားသြားေအာင္ လုပ္ေဆာင္ႏိုင္စြမ္းရွိသလုိ ေကာ္စတာလည္း အဲဒီအတုိင္းပါပဲ”
”ေရာ္နယ္ဒိုမပါဘဲအႏုိင္ရခဲ့တဲ့ပဲြေတြပါပဲ။ ဂ်ဴဗင္တပ္စ္က တကယ့္ကစားသမားေကာင္းေတြပိုင္ဆုိင္ထားတာေတာင္ ေရာ္နယ္ဒိုကို အားကိုးလြန္းေနတာျဖစ္ၿပီး အသင္းရွိတ့ဲအသင္းသားေတြရဲ႕အရည္အေသြးက အသင္းကုိ ဘယ္လုိနည္းလမ္းနဲ႔မဆုိ ကူညီႏိုင္ပါတယ္။ ေရာ္နယ္ဒိုကို လူစားလဲခဲ့တဲ့ ဆာရီရဲ႕သတၱိကိုလည္း ေလးစားပါတယ္”
”ေရာ္နယ္ဒိုက အရာအားလုံးကို ကြဲျပားျခားနားေစတဲ့ကစားသမားအျဖစ္ အခ်ိန္အေတာ္ၾကာရပ္တည္ခဲ့ေပမယ့္ အခုေတာ့ မဟုတ္ပါဘူး။ သူ႕အေနနဲ႔ မျဖစ္မေနျပန္ႏိုးထရမွာျဖစ္ၿပီး အထူးသျဖင့္ ႐ုပ္ပိုင္းဆုိင္ရာေပါ့။ သူ႕မွာ အရင္ကျပသခဲ့တဲ့ လ်င္ျမန္မႈမ်ိဳးမရွိေတာ့ပါဘူး”လုိ႔ ကာပယ္လုိက ေ၀ဖန္သြားပါတယ္။