ပျားတွေဝင်လာလို့ ကွင်းထဲမှာ ကစားသမားတွေအပြင် ဒိုင်တွေလည်း ဒိုက်ဗင်ထိုးရတဲ့အဖြစ်

photo-daily mail

photo-bbc

အာဖရိကနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ တန်ဇန်းနီးယားက ဘောလုံးပွဲစဉ်တစ်ခုမှာ မြင်တွေ့နေကျမဟုတ်တဲ့အဖြစ်အပျက်တစ်ခု  ပေါ်ပေါက်ခဲ့ပါတယ်။ ကွင်းထဲကို ဝင်ရောက်လာတဲ့ပျားအုပ်ကြီးကြောင့် ကစားသမားတွေဟာ ရုတ်တရတ်ဆိုသလိုပဲ ကွင်းမြက်ခင်းပေါ် ဒိုက်ဗင်ထိုးကြပြီး မျက်နှာ ပျားတုပ်ခံရမယ့်အရေးက ကာကွယ်ဖို့ လုပ်ခဲ့ကြတာပါ။ ဒီအဖြစ်အပျက်က ဒေသတွင်းအသင်းနှစ်သင်းရဲ့ပွဲစဉ်တစ်ပွဲမှာ ဖြစ်ပွားခဲ့တာပါ။

photo-bbc

အဲဒီပွဲစဉ်ရဲ့ ၅၃ မိနစ်အရောက်မှာ ပျားအုပ်ကြီးဟာ ကွင်းထဲဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ တချို့ကစားသမားတွေဆိုရင် ပျားတုပ်မှုကြောင့် နာကျင်ကျိန်းစပ်ကုန်ကြပါတယ်။ အဲဒီအဖြစ်အပျက်ကြောင့် ပွဲက ခဏရပ်သွားပေမယ့် နောက်ဆုံးမှာ ပြန်လည်ကစားနိုင်ခဲ့ကြတာပါ။

https://twitter.com/i/status/1209075292800598017

ပျားအုပ်ကြီး ရုတ်တရတ်ဝင်လာမှုကြောင့် ကွင်းထဲက ကစားသမားတွေတင်မဟုတ်ဘဲ ပွဲကြည့်စင်က ပရိသတ်တွေလည်း ပြေးလွှားခဲ့ကြရပါတယ်။ ဒိုင်တွေလည်း ဒိုက်ဗင်ထိုးခဲ့ရတာဖြစ်ပြီး သူတို့ထဲက တစ်ယောက်ကတော့ အဖြစ်အပျက်အပြီးမှာ ရယ်မောနေခဲ့ပါတယ်။ ဘောလုံးမှာ ဒါမျိုးကတော့ တကယ့်ကို ကြုံတောင့်ကြုံခဲပါပဲ။

[Zawgyi]

ပ်ားေတြ၀င္လာလုိ႔ ကြင္းထဲမွာ ကစားသမားေတြအျပင္ ဒိုင္ေတြလည္း ဒုိက္ဗင္ထုိးရတဲ့အျဖစ္

အာဖရိကႏုိင္ငံတစ္ႏိုင္ငံျဖစ္တဲ့ တန္ဇန္းနီးယားက ေဘာလုံးပြဲစဥ္တစ္ခုမွာ ျမင္ေတြ႕ေနက်မဟုတ္တဲ့အျဖစ္အပ်က္တစ္ခု  ေပၚေပါက္ခဲ့ပါတယ္။ ကြင္းထဲကို ၀င္ေရာက္လာတဲ့ပ်ားအုပ္ႀကီးေၾကာင့္ ကစားသမားေတြဟာ ရုတ္တရတ္ဆိုသလိုပဲ ကြင္းျမက္ခင္းေပၚ ဒိုက္ဗင္ထိုးၾကၿပီး မ်က္ႏွာ ပ်ားတုပ္ခံရမယ့္အေရးက ကာကြယ္ဖို႔ လုပ္ခဲ့ၾကတာပါ။ ဒီအျဖစ္အပ်က္က ေဒသတြင္းအသင္းႏွစ္သင္းရဲ႕ပြဲစဥ္တစ္ပြဲမွာ ျဖစ္ပြားခဲ့တာပါ။

အဲဒီပြဲစဥ္ရဲ႕ ၅၃ မိနစ္အေရာက္မွာ ပ်ားအုပ္ႀကီးဟာ ကြင္းထဲ၀င္ေရာက္လာခဲ့တာ ျဖစ္ပါတယ္။ တခ်ိဳ႕ကစားသမားေတြဆုိရင္ ပ်ားတုပ္မႈေၾကာင့္ နာက်င္က်ိန္းစပ္ကုန္ၾကပါတယ္။ အဲဒီအျဖစ္အပ်က္ေၾကာင့္ ပြဲက ခဏရပ္သြားေပမယ့္ ေနာက္ဆံုးမွာ ျပန္လည္ကစားႏိုင္ခဲ့ၾကတာပါ။

ပ်ားအုပ္ႀကီး ရုတ္တရတ္၀င္လာမႈေၾကာင့္ ကြင္းထဲက ကစားသမားေတြတင္မဟုတ္ဘဲ ပြဲၾကည့္စင္က ပရိသတ္ေတြလည္း ေျပးလႊားခဲ့ၾကရပါတယ္။ ဒိုင္ေတြလည္း ဒုိက္ဗင္ထုိးခဲ့ရတာျဖစ္ၿပီး သူတုိ႔ထဲက တစ္ေယာက္ကေတာ့ အျဖစ္အပ်က္အၿပီးမွာ ရယ္ေမာေနခဲ့ပါတယ္။ ေဘာလုံးမွာ ဒါမ်ိဳးကေတာ့ တကယ့္ကို ႀကဳံေတာင့္ႀကဳံခဲပါပဲ။